* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 3, 2010

သွေးအလှူ ပီတိ

ကျွန်တော်သည် ငယ်စဉ်ကပင် သွေးလှူဒါန်းရန် ၀ါသနာပါသည်။ အသက် ၁၇-နှစ်အရွယ်တွင် ငယ်သေးသောကြောင့် လှူခွင့်ရမည့် နေ့ရက်များကို စောင့်မျှော်နေပါသည်။ တနေ့တွင် အကိုဖြစ်သူက သူသွေးလှူမည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟို အမျိုးသားသွေးလှူဘဏ်သို့ ကျွန်တော့်အား ခေါ်ဆောင်သွား ပါသည်။ သွေးလှူခန်းမထဲသို့ ရောက်သောအခါ သွေးလှူဒါန်းနေသော သံဃာတော်များ၊ အစိုးရ အမှုထမ်း၊ အရာထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ အသက်အရွယ်ကြီးသော ဦးဦး၊ ဒေါ်ဒေါ် အရွယ်များ လူမျိုးဘာသာ မရွေး သွေးလှူနေသည်ကို တွေ့ရသောအခါ စိတ်ထဲတွင် ကြည်နူးပြီး ၀မ်းသာအားရရှိပါသည်။

အကိုဖြစ်သူ သွေးလှူပြီးသောအခါ ကျွန်တော်နှင့်အတူ အိမ်ပြန်ကြပါသည်။ အိမ်ပြန်ရောက်၍ သွေးလှူရှင် အကို၏ ကဒ်ပြားကို ယူကြည့်သောအခါ အကိုသည် အသက် ၂၅-နှစ်အရွယ်တွင် သွေးအကြိမ်ပေါင်း ၁၅-ကြိမ် လှူဒါန်းပြီးသည်ကို တွေ့ရသည်။
၂၀၀၈-ခုနှစ် နိုဝင်ဘာလ ၁၄-ရက်နေ့သည် ကျွန်တော့်အတွက် မမေ့နိုင်သော နေ့တနေ့ ဖြစ်ပါသည်။ ထိုနေ့သည် ကျွန်တော်၏အသက် ၂၀-ပြည့်သောနေ့ဖြစ်ပြီး ကျွန်တော် သွေးစတင်လှူဒါန်းသောနေ့လည်း ဖြစ်ပါသည်။ သွေးလှူဒါန်းရန် အကြောင်းပေါ်ပေါက်လာပုံမှာလည်း ဤသို့ဖြစ်သည်။ အိမ်နီးချင်းအမျိုးသမီးတဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ရသည်။ ဤတွင် သွေးသွင်းရမည်ဖြစ်၍ သွေး ၃-ပုလင်းလိုအပ် နေကြောင်း ကျွန်တော်တို့ မိသားစုထံ အကြောင်းကြားပါသည်။ ထိုအခါ ကျွန်တော်နှင့် လူနာရှင်၏ ခင်ပွန်း၊ ကျွန်တော့်အကိုနှင့် သူ့သူငယ်ချင်းတဦး စုစုပေါင်း ၄-ဦး အမျိုးသား သွေးလှူဘဏ်သို့ သွားကြပါသည်။

ကျွန်တော်သည် ပထမဆုံး သွေးလှူရမည်ကို ၀မ်းလည်းသာသည်။ ကြောက်လည်းကြောက်နေမိသည်။ ကျွန်တော့်ကို ကျန်းမာရေးနှင့် သွေးသားသန့်စင်ရေး ရှိ-မရှိ စမ်းသပ်စစ်ဆေးသောအခါ အားလုံး ကောင်းမွန် သဖြင့် သွေးလှူဒါန်းခွင့်ရရှိပါသည်။ ၂၅-မိနစ်ခန့်အကြာတွင် သွေးလှူဒါန်းမှု ပြီးစီးသွားပါသည်။ တာဝန်ကျဆရာ ဆရာမများသည် ကျွန်တော့်ကို ကော်ဖီတခွက်နှင့် မုန့်များ တိုက်ကျွေးပါသည်။ အားဆေးတထုပ်နှင့် သွေးလှူရှင် ကဒ်ပြားတခုလည်း ပေးပါသည်။ ကဒ်ပြားတွင် လှူဒါန်းသည့် ခုနှစ်နေ့စွဲနှင့် အေဘီသွေးအမျိုးအစား ဖြစ်ကြောင်းလည်း ပါရှိပါသည်။

ထိုကဒ်ပြားလေးကိုကြည့်ပြီး ကျွန်တော်သည် ၀မ်းသာပီတိ ဖြစ်ရပါသည်။ သတင်းစာထဲတွင် ဖော်ပြခံရသော အကြိမ် ၉၀၊ အကြိမ် ၁၀၀-သွေးလှူရှင်ပုဂ္ဂိုလ်များသည်လည်း ကျွန်တော်ကဲ့သို့ပင် ၀မ်းသာမှုပီတိများ ခံစားရလိမ့်မည်ဟု ထင်မိပါသည်။

ညီညီလွင် (ရေကြောင်းဦးစီးဌာန)
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP