* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 15, 2010

ဦးချိုဝင်း အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ (၁၄-၈-၂၀၁၀)

သာသနာသက္ကရာဇ် ၂၅၅၄ ခု ၀ါခေါင်လဆန်း (၄) ရက် စနေနေ့။ ၁၄.၈.၂၀၁၀

အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း အလှူဒါယကာ - ဦးချိုဝင်း
အရုဏ် - ကြက်သားကြာဇံချက်ဆွမ်း

နေ့ဆွမ်းလောင်း
ဆွမ်း
ဝက်သား+ဂေါ်ရခါးသီးဟင်း၊ သရက်ချဉ်၊ ပဲ၊ ငါးပိ+ငရုတ်သီးကြော်တို့ဖြင့်လောင်းလှူပေးခဲ့ပါတယ်။

ဝေယျာဝစ္စများကတော့

ဦးကေသ၀၊ ဒေါ်စန္ဒသိင်္ဂီ၊ ဒေါ်ကြည်ဌေး၊ မပွေး၊ ငြိမ်းအိထွေး၊ မောင်စိုးလင်းအောင်၊ မောင်ကျော်၊ ဒါယကာတစ်ဦး တို့ဖြစ်ကြပါတယ်။

ယနေ့ဆွမ်းလောင်းပွဲပုံများနောက်ကျရတာကတော့ ဦးဇင်းလည်းဆွမ်းလောင်းအပြီးမှာ မန္တလေးမြို့ မြို့သစ်၊ ထွန်တုံးရပ်ကွက် မှာ ဒေါ်မမနိုင် (မြန်မာ့ရုပ်သေး) မှဦးစီးဖွင့်လှစ်တဲ့ ဆင်းရဲသားကလေးများအတွက် ပန်းရနံ့ အခမဲ့ အင်္ဂလိပ် စကားပြောနှင့် ကွန်ပျူတာ အခြေခံသင်တန်းကို ရောက်ခဲ့ပါတယ်။ အဆိုပါသင်တန်းအတွက် ဆက်သွယ်လှူဒါန်းလိုသူများ ဆရာမ ဒေါ်မမနိုင် 092015866 နှင့် 0291004839 သို့ဆက်သွယ်နိုင်ကြပါတယ်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP