* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 15, 2010

သဒ္ဓါတရားရှိသူ၊ ဟုတ်မဟုတ်

လူတစ်ဦးတစ်ယောက် ကို ထိုသူကား သဒ္ဓါတရားရှိသူ၊ ထိုသူသည် သဒ္ဓါတရားကင်းမဲ့သူ ဟုတ်မဟုတ်၊ ဘယ်လို ပေတံဖြင့် တိုင်းကြည့်ရမည်နည်း သဒ္ဓါတရားရှိသောသူတို့သည် ရပ်ရွာ သာမှုနာမှုများ၊ တံတားခင်း၊ လမ်းပြင်စသော အများနှင့်သက်ဆိုင်သည့် လုပ်ငန်းများတွင် စိတ်အား တက်ကြွစွာ ပါဝင်လုပ်ဆောင်လေ့ရှိ၏၊ ကျောင်ကန်ဘုရား နှင့်ပတ်သက်သည့် တံမြက်လှည်း၊ ရေလောင်း၊သန့်ရှင်းရေး လုပ်ငန်းများ တွင်လည်း သဒ္ဓါတရား လက်ကိုင်ထားပြီး ပါဝင်လုပ်ဆောင်လေ့ရှိကြပါတယ်။ ထို့ပြင် ဒါနကောင်းမှုကိုလည်း ၀မ်းမြောက်ဝမ်းသာ ပြုလုပ်လေ့ရှိကြတယ်။ ၀န်တို မစ္ဆရိယ အညစ်အကြေး ကင်းရှင်းပြီး သန့်စင် ဆေးကြောပြီး သောလက်ရှိသူကဲ့သို့ ပေးလှူဖို့ရန် လက်ကို အသင့်ပြင်ထားသည်။
ဘုရားရှင်လက်ထက်တော်က ကာဏမာတာ (ကာဏာ၏ အမေ)ခေါ်သော သောတပန် အမျိုးသမီး တစ်ဦးရှိ၏။ ၄င်း၏သမီး ကာဏာသည် အရပ်ဝေးတွင် အိမ်ထောင်ကျပြီး မိခင်အိမ်သို့ အလည်ပြန်လာပါတယ်။ အဲဒီနောက်ခင်ပွန်းဖြစ်သူက ပြန်ခေါ်သဖြင့် ပြန်မည်ပြုသောအခါ မိခင်ကြီးက လက်ဆောင်အလိုငှာ သွားရေစာမုန့်များ ပြုလုပ် ထည်ပေးလိုက်ရန် စီစဉ်၏။ မုန့်များ လုပ်ပြီးသောအခါ ရဟန်းတော်များဆွမ်းရပ်လာသဖြင့် လောင်းလှူလိုက်လေ၏။ ထိုရဟန်းတော်က သတင်းပေးသဖြင့် အခြားရဟန်းများလည်း ထိုအိမ်ကို ဆွမ်းလာရပ်ကြရာ ရပ်သမျှ ရဟန်းတော်များကို လောင်းလှူ လိုက်ရသဖြင့် လုပ်ပြီးမုန့်များ ကုန်သွားလေတယ်။

ဒုတိယအကြိမ်၊ တတိယအကြိမ် ခေါ်ပြန်သဖြင့် ပြန်ရန် စီစဉ်သောအခါတွင်လည်း ထည့်ပေးရန်ပြုလုပ်ထားသော မုန့်များကို ကြွလာသမျှ ရဟန်းတော်များကို လောင်းလှူရသဖြင့် မုန့်များ ကုန်သွားပြီး မပြန်ဖြစ်တော့ရကာ လင်ယောက်ျား၏ စွန့်ပစ်ခြင်းကိုခံရလေသည်။

သောတာပန်တို့သည် မစ္ဆရိယ အညစ်အကြေး ကင်းရှင်းပြီး သဒ္ဓါတရား ထက်သန်နေသဖြင့် လှူဖွယ် ၀တ္ထုပစည်းရှိခိုက် အလှူခံပုဂိုလ်ကြွလာသည် ဆိုလျှင် မလှူဘဲ မနေနိုင်ကြပေ။ထိုအပြင် သဒ္ဓါတရား ရှိသူတို့သည် မျက်နှာအဆင်းမှာ အမြဲကြည်လင်ရွှင်ပျလျက်ရှိပြီး ၊ စဉ်းလဲကောက်ကျစ်မှုမရှိ၊ လိမ်လည်လှည့်ပတ်မှု မာယာလည်းမရှိ၊၊ ကြည်ညိုဖွယ်ကောင်းသည့် အရာ တို့တွင်ကြည်ညိုတတ်သည်။
ဖော်ပြပါ အကျင့်စရိုက်များ၊ စိတ်နေစိတ်ထားများကို ကြည့်ရှုအကဲခတ်ပြီး သဒ္ဓါတရားရှိသူ ဟုတ်မဟုတ် ဆုံးဖြတ်ရပေမည်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP