* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 15, 2010

ကပ္ပိယကျော်ခေါင်နှင့် ကမ္ဘာ့ ဘယ်သန်ကြီးများ

တစ်နေ့သ၌ ရွာဦးကျောင်းရှေ့ သရက်ပင်ကြီးအောက်တွင် ကပ္ပိယကျော်ခေါင် တစ်ယောက် နဂိုကမှ မကြည့်လင်သော သူ၏ မျက်နှာကို ပုပ်သိုးသိုး ဖြစ်အောင် အစွန်းကုန်ဖန်တီးလျှက် ၊ တစ်စုံတစ်ခုကို ဘဝင်မကျသည့် ဟန်ဖြင့် မိမိ၏ လက်မောင်းတို့ကို ကွေးလိုက် ဆန့် လိုက် လုပ်ကာ ၊ ဒေါသ ဖြစ်နေလေ၏။

ထိုအခြင်းအရာကို တွေ့ မြင်သော ရွာဦးကျောင်းဆရာတော်သည် ‘‘ ဟေ့ - ငကျော်ခေါင်း လာခဲ့ စမ်း’’ ဟုခေါ်ကား ၊ မင်းဘာတွေ ဘဝင်မကျဖြစ်နေတာလဲ ပြောစမ်း’’
ဟူ၍ မေးမြန်းလေတော့၏ ။

ထိုအခါ ကပ္ပိယကျော်ခေါင်သည် သူ့၏ ထုံးစံအတိုင်း မျက်စိကို ပေကလပ် ပေကလပ် လုပ်ကာ၊ အတီတေ ဗာရာဏသီ ချီလေတော့၏ ။
‘‘ မှန်လှပါ ဘုရား တပည့်တော် ဟို ငယ်ငယ်လေးကတည်းက ဘယ်သန်လို့ ဘယ်နဲ့ စားရေးလာတာကို ဆရာတော် အသိပါပဲ ဘုရား’’ ။

‘‘အဲဒါ ဘာဖြစ်တာတုန်း ငကျော်ခေါင် ရဲ့ ’’ ၊
မှန်ပါ= အခုမှလာပြီး တပည့်တော်ကို ရွာကကောင်းလေးတွေက ဘယ်ချီးကိုင်လို့ ခေါ်ပါတယ် ဘုရား ။ အဲဒါကို မကြေနပ်လို့ ပါဘုရား။

ထိုအခါ ရွာဦးကျောင်းဆရာတော်သည် မိမိ၏ တပည့်အပေါ် သနားကရုဏာ သက်မိ၍ ။ အောင်ပါ အကြောင်းအရာကို ပြောဆိုကာ အားပေးစကား ပြောလေ၏ ။

ဆရာတော်၏ စကားကို ကြားရပြီးတဲ့နောက်၊ ကပ္ပိယကျော်ခေါင် သည် အင်မတန်မှ လျှင်မြန်သော အဟုန်ဖြင့် ၊ တိုက်ခန်းထဲံတွင်ရှိသော ပိတ်ဖြူစကြီးကို ယူပြီလျှင် ကျောင်းနှင့် မလှန်းမကမ်း တစ်နေရာ၌ အကြီးတကာ့ အကြီးဆုံး ဆိုင်းဘုတ်ကြီးတစ်ခုကို စိုက်ထူလိုက်လေတော့သတည်း ။

၎င်းဆိုင်းဘုတ်ကြီး၌ ရေးထားသော စာမှာ အောက်ပါအတိုင်း ဖြစ်လေ၏ ။

( သြဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေ့အား လှိုက်လှဲစွာ ကြိုဆိုပါ၏ ) ။

ပြီးလျှင် ကမ္ဘာကျော် ဘယ်သန်ကြီးများကိုလည်း အောက်ပါအတိုင်း ရေးထားလိုက်လေ၏ ။

၁။ ကပ္ပိယကျော်ခေါင်( ရွာဦးကျောင်း)
၂။ အိုင်စတိုင်း
၃။ ဘေသိုဗင်
၎။ ဘင်ဂျမင်ဖရန်ကလင်
၅။ ဂျူးလီယက်ဆီဇာ
၆။ လီယိုနာဒို ဒါဗင်ချီ
၇။ မက်တွိုင်း
၈။ မိုက်ကယ်အိန်ဂျလို
၉။ နပိုလီယန် ဘိုနာပတ်
၁၀။ ဘတ်ဘလို ပီကာဆို
၁၁။ ၀ိတိုရိယ ဘုရင်မကြီး
၁၂။ စီလင်ဒီယွန်း(ဂီတ)
၁၃။ ဂျော့မိုက်ကယ်(ဘတ်စကက်)
၁၄။ ဂျင်မီဟင်းဒရစ်
၁၅။ ဖီးလ်ကိုလင်း(တင်းနစ်)
၁၆။ ပေါ်လ်မက္ကနေး(us သမ္မတ)
၁၇။ အန်တိုနီပါကင်း
၁၈။ ဘရုစ်လီ
၁၉။ ကာရိုးဘားနတ်
၂၀။ ဒန်နီကာရေး
၂၁။ တွမ်ခရု“
၂၂။ ကီးနူးရိဗ်
၂၃။ မော်ဂန် ဖရီးမင်း
၂၄။ ဆာရာဂျက် ဆီကာ ပတ်ကား
၂၅။ မာရီလင်မွန်ရိုး
၂၇။ အိဗာသွန်ပဆန်
၂၈။ ဂျက်ဆန် အလက်ဇန္ဒြား
၂၉။ ဂျင်ကဲရင်း
၃၀။ ဂျူလီယာရောဘတ်
၃၁။ လုပယ်ရီ
၃၂။ နီကိုကစ်ဒ်မင်း
၃၃။ အော်ပရာဝင်းဖရေး
၃၄။ ပီလီ(ဘောလုံး)
၃၅။ လာရီဘတ်
၃၆။ ဘေးလ်ဝယ်တန်
၃၇။ ဂျင်မီကော်နာစ်
၃၈။ ဂျိမ်းစ် ဂါဖီးလ်
၃၉။ အားဘတ်ဟုးမား
၄၀။ ဟယ်ရီအက်စ် ထရူးမင်း
၄၁။ ဂါးရက်စ်ဖို့ဒ်မင်း
၄၂။ ရော်နယ်လ်ရေဂင်
၄၃။ ဂျော့ဘုခ်ျ
၄၅။ ဘီးလ် ကလင်တန်
၄၆။ ရာဇာနေ၀င်း(ပြည်တွင်းဖြစ်)
၄၇။ အိန္ဒြာကျော်ဇင်( ။ )
၄၈။ သီဟတင်စိုး ( ။ )
၄၉။ သျှီသူုအောင်(ရတီမင်္ဂဇင်းအေဒီတာ) ဟူ၍ ရေးသားထားလေ၏ ။

နဂိုကတည်းကမှ ဆောင့်ကြွကြွနိုင်လွန်းသော ကပ္ပိယကျော်ခေါင်းသည်ကား ၊ ယခုကဲ့သို့ နပိုလီယံက အစ ရာဇာနေ၀င်း အဆုံး ရှိသော ပုဂ္ဂိုလ်များသည်လည်း သူ့ကဲ့သို့ ဘယ်သန်များ ဟု သိလိုက်ရသဖြင့် ။ အလွန်ဂုဏ်ယူ ဝင့်ကြွားလျှက်ရှိလေတော့ သထည်း ။ ။

သြဂုတ်လ ၁၃ ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေအာ့း ဤဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ပါသည်။ ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP