* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 15, 2010

*မရဏသတိကထာ*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:


သပြေကန်ဆရာတော်ဘုရားကြီး၏ တရားပေါင်းချုပ်အမှတ်(၂)စာအုပ်မှ မရဏသတိကထာလေးကို
ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
၁။ အဓုဝံ မေ ဇီဝံ
မေ-မရဏဖတ် ကျမသက်ရှင် သက်ရှိဖြစ်နေသော ငါ၏
ဇီဝံ-ရုပ်နာမ်နှစ်ချက် အသက်ဇီဝိတသည်
အဓုဝံ-တစ်နေ့လျှင် ပျက်ရမလွဲ မမြဲပါတကား။
ငါ့သက်ဇီဝ တည်မရမဲ့ မုချသေချာ
တစ်နေ့ခါပျက်မှာ မလွဲပါတကား။
၂။ ဓုဝံ မေ မရဏံ
မေ- ခန္ဓာဘိဇ္ဇန အနစ္စဖြင့် စိတ်မချရသော ငါ၏
မရဏံ-ဤဘ၀မှ လျှောကျစုတေ အခြေမလှ သေရခြင်းသည်၊
ဓုဝံ ရှောင်မရသာ ခွာမရမြဲ မလွဲမုချပါတကား။
မရဏမင်း သူ့လက်တွင်းသို့
သက်ဆင်းရမှာ ငါ့အတွက်သာ
ရှောင်ခွာ မရပါတကား။
၃။ အ၀ဿံ မယာ မရိတဗ္ဗမေဝ
မယာ-သေမင်းအစာ ခန္ဓာဖက်မိ အသက်ရှိနေသော ငါသည်၊
အ၀ဿံ-လွတ်နိုင်ဖို့ရေး မြှော်တွေးမမြင် စင်စစ်အမှန်ပင်၊
မရိတဗ္ဗမေ၀-အခြေမလှ သေရမည်မှာ
ကျိန်းသေပါ ဧကန်မုချပါတကား။
၎။ မရဏံ မေ ဘ၀ိဿတိ
မရဏမင်း သူ့လက်တွင်းသို့ သက်ဆင်းရမှာ
မလွဲသာသည် သူငါကြုံရ သဘာဝမို့ ဤအတွက်တာ
တစ်နေ့ခါ သေမှာ မလွဲပါတကား။
၅။ ဇီဝိတံ မေ နိရုဇ္ဇျိဿတိ
ရုပ်နာမ်နှစ်ချက် ငါ့အသက်မှာ မပျက်ရှည်ကြာ
မတည်သာခဲ့ သေခါချိန်ရောက် သရုပ်ဖောက်
ချုပ်ပျောက်လိမ့်မည်တကား။
၆။ ယထာယံ မတော တထာ မယံ မရိဿမ
ဤ(ဦးဖြူ)သည် ဇီဝန်ပျက်ကြွေ အခြေမလှ သေခဲ့ရသို့
ထို့အတူသာ ငါတို့မှာလည်း ခန္ဓာရွေ့ရ သေနေ့ကျ
သေရမည်ချည်းပါတကား။
ကာယော သန္ဒိဟိတာပါယော
သမ္ပဒါ ခဏ ဘင်္ဂုရာ၊
သမာဂမော သာပဂမော
သဗ္ဗမုပ္ပာဒိ ဘင်္ဂုရံ။ ။(ပဉ္စတန္တြ)
၁။ အများသတွာ ကိုယ်ခန္ဓာကား
ရောဂါရန်စွယ် အန္တရာယ်အသီးသီး
ဖျက်အဆီးဖြင့် ပျက်စီးဖို့ရာ နီးလှစွာ
သူငါကြောက်လန့်ဖွယ်တကား။
၂။ စုကြဆောင်းကြ သိမ်းဆည်းကြသည့်
ဓနဥစ္စာ ရတနာလည်း မကြာရှည်ကြ
တစ်ခဏဖြင့် ကုန်ရပျောက်ရ၊
အဆုံးကျ စွန့်ရမှချည်းပါတကား။
၃။ အိမ်မြေလယ်ယာ ရတနာသီးသီး
သားသမီးနှင့် ဇနီးချစ်လင်
ခင်မင်နွဲကြ တွဲသမျှ ကွဲရနောက်ဆုံးပါတကား။
၎။ သတွာသင်္ခါရ ဖြစ်သမျှတို့ ကာလရှည်ကြာ
မတည်သာခဲ့ ဖြစ်လာပျက်ရ အနိစ္စ လောက သဘောပါတကား။
၅။ အသက်ဇီဝိန် ကိုယ့်ငွေ့ရှိန်နှင့်
ဝိညာဉ်မန ဤသုံးဝတို့ လုံးဝစွန့်ခွာ
ဤအခါ၌ ခန္ဓာသမုတ် ဘူတရုပ်ကား သရုပ်မမှန်
မြေသုဿာန် ဧကန်ဆိုက်ရမည်။
၆။ ဘယ်သက်ရွယ်မှာ ဘယ်ရောဂါနှင့် ဘယ်ခါကာလ
ဘယ်ဒေသ၌ သေရမည်တာ တို့သူငါ မှန်စွာမသိပါတကား။
၇။ မြေ၊ရေ၊လေ၊မီး ဓာတ်ကြီးလေးထွေ အနေကျကျ
အခြေလှ၍ မျှတနေစဉ် အသက်ရှင်လည်း အကြင်အခါ
ဓာတ်လေးဖြာတို့ အာဏာဟုန်ပြ သူပုန်ထသော် ပျက်ရကျေရခြေမလှ သေရချေဦးမည်။
ဤဆရာတော်ဘုရားကြီး၏ သတိပေးဆုံးမစာမှ ကျွန်တော်တို့သည် စည်းစိမ်၊ဥစ္စာ၊ရာထူး ဂုဏ်ပကာသန တွေနဲ့လောကီစည်းစိမ်တွေကိုခံစားပြီး မိသားစုအရေးလုံပမ်းရင်းဖြင့် လောကုတ္တရာဆွေမျိုးကို မေ့နေရင်ဖြင့် မြတ်စွာဘုရားရှင်မှမလွန်ဆန်နိုင်သော သေခြင်းတရားကိုတစ်နေ့ကျရင် မလွဲမသွေရင်ဆိုင်ရမည်ကို သတိ တရားရစေပါသည်။ တစ်နေ့ကျရင်ကိုယ်သေသွားလိုရှိရင် အဲဒီလောကီဆွေမျိုးတွေဆိုတာ ကိုယ်နောက်ပါ လာမှာမဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့ကောင်းမှုကံကသာ ကိုယ့်ကိုပြန်ပြီး အကျိုးပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မသေခင် ကုသိုလ်တရားပွားများပြီး ၀ိပဿနာဘာဝနာတရား အားထုတ်ထားမှသာ ကိုယ့်အတွက် သံသရာခရီးအတွက် အထုတ်ကလေးပါလာမှာဖြစ်ပါတယ်။ကောင်းသောအထုတ်ကလေးကို ထုတ်မိသော အခါမှသာ ကိုယ်သွားမည့်ခရီးလမ်းအတွက် အသင့်အနေအထားဖြစ်မည်ဖြစ်ပါသည်။ အကောင်းဆုံးကတော့ ဒီဘ၀တွင်ပြတ်သွားရင်တော့ အကောင်းဆုံးပါဘဲ။ မပြတ်နိုင်သေးရင်တော့ ဘ၀သံ သရာခရီးအတွက် လက်မှတ်ဖြတ်ပြီးကိုယ်နောက်မှ ကောင်းသောရိက္ခာထုတ်လေးကိုတော့ ပါနိုင်အောင်ပြု လုပ်ကြရမည်ဖြစ်ပါသည်။အဲဒီရိက္ခာထုတ်လေးကိုလည်းကိုယ်တစ်ယောက်တည်းမဟုတ်ဘဲမိဘ၊ဇနီးခင်ပွန်း မိသားစုဆွေမျိုးတို့ကိုလည်း ထုတ်နိုင်အောင်သယ်သွားနိုင်အောင် ပြုလုပ်ပေးခြင်းဖြင့် မိဘကျေးဇူးကိုအ ကောင်းဆုံးပေးဆပ်ခြင်း၊ မိသားစုတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ခြင်း ဖြစ်မည်ဖြစ်ကြောင်းဖြင့်နိဂုံး ချုပ်လိုက်ရပါသည်။
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP