* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 15, 2010

“ဂွေးကြီးကိုးတောင်ပြည့်ဆရာတော်”

တစ်ခါက ဂွေးကြီးဟုအမည်ရသော ရွာတွင် ဆရာတော်တစ်ပါးကျောင်းထိုင်တော်မူလေသည်။ ဂွေးကြီးရွာ၌ ကျောင်းထိုင်တော်မူသည့်အတွက် ထိုဆရာတော်ကို “ဂွေးကြီးဆရာတော်”ဟု ခေါ်ဆိုကြလေသည်။ တောရွာ များ၏ ဓလေ့ထုံးစံအတိုင်း ဆွမ်းလောင်းပွဲ အလှူပွဲများရှိတိုင်း သံဃာတော်များကို
“ရွာသာကျောင်းဆရာတော်ကြွတော်မူပါဘုရား၊ ခန်တောကျောင်းဆရာတော်ကြွတော်မူပါဘုရား”စသည်ဖြင့် အသံ ချဲ့စက်ဖြင့် အော်ကာ ပင့်လေ့ရှိကြသည်။ ဂွေးကြီးဆရာတော်အလှည့်ရောက်သောအခါ
“ဂွေးကြီးဆရာတော်ကြွတော်မူပါဘုရား”ဟု ဒါယကာများက အသံချဲ့စက်ဖြင့် အသံကုန်အော်ကာ ပင့်လျှောက် လေသည်။ ထိုဆရာတော်ကို ပင့်သောအခါတိုင်း အဘယ်ကြောင့်ရယ်မသိ၊ ကြွလာကြသော သံဃာတော်များ၊ ဒါယကာ ဒါယိကာမများက တဟာဟားရယ်ကြလေသည်။ ထိုအဖြစ်ကို သဘောပေါက်သော ဆရာတော်သည်
“အွန်းဒီနာမည်ကြီးတဲ့တော့ ငါဟာ ကြွလေရာ နေရာတိုင်း ရယ်စ၇ာဖြစ်နေပြီ၊ အရှက်တကွဲ အကျိုးနည်းဖြစ်နေပြီ၊ ဒီရွာနာမည်တော့ ပြောင်းမှဖြစ်မည်” ဟု အကြံပေါ်ပေါက်လာလေသည်။ သို့ဖြစ်သဖြင့် ဆရာတော်သည် ရွာထိပ် တွင် ကိုးတောင်ပြည့်ဘုရား လေးတစ်ဆူတည်ကာ
“ဂွေးကြီးရွာနာမည်မှ ကိုးတောင်ပြည့်ရွာအဖြစ်သို့ ပြောင်းလဲလိုက်ပါပြီ၊ ဒီနေ့မှ စ၍ ကိုးတောင်ပြည့်ရွာဟူ၍ ခေါ်ရ မည်”ဟု ရွာသူ ရွာသားများရှေ့တွင်ပင် မိန့်တော်မူလိုက်လေသည်။ ဆရာတော်သည် ထိုအကြောင်းကို ရွာ အနီးချုပ်စပ်မှ ဂေါစရဂါမ်သံဃာတော်များ၊ ဒါယကာ+ဒါယိကာမများသို့လည်း အကြောင်းကြားလိုက်လေသည်။
တစ်နေ့ ကိုးတောင်ပြည့်ရွာကျောင်းဆရာတော်သည် ရွာတစ်ရွာသို့ ဆွမ်းလောင်းပွဲကြွသွားလေသည်။ စာရေးတန်မဲဖေါက်ချိန်တွင် ထိုဆရာတော်ကို
“ဂွေးကြီး+ကိုးတောင်ပြည့်ဆရာတော်ကြွတော်မူပါဘုရား”ဟု ဒါယကာက မိုက်ဖြင့် အသံကုန်ဟစ်ကာ ပင့်လိုက် လေသည်။ ထိုအခါ ဆရာတော်က
“ဟာ ဒီဒကာတွေ ဂွေးကြီးပျောက်အောင်လို့၊ ကိုးတောင်ပြည့်လို့နာမည်ပြောင်းထားတာကို ဒီဂွေးကြီးကို ထည့်ဖြစ်အောင် ထည့်လိုက်သေးတယ်၊ အော် တော်တော်အရှက်ရအောင်လုပ်တဲ့ ဒကာတွေပဲ”ဟု မြည်တွန် တောက် တီးလေသည်။ ထိုအခါ ကြွလာသော သံဃာတော်များနှင့်တကွ အနီးရှိ ဒါယကာ+ ဒါယိကာမအပေါင်းတို့သည် တခစ်ခစ်ကြလေသည်။ ထို့နောက် ကိုးတောင်ပြည့်ဂွေးကြီးဆရာတော်သည် မဲဆက်လက်နှိုက်တော်မူလေ သည်။ဆရာတော်၏ မဲလိပ်ကို ဒါယကာတစ်ဦးက ဖွင့်လိုက်သည်။ ထို့နောက် မိုက်ကိုင်သော ဒါယကာ တစ်ဦးကို လှမ်းပေးလိုက်သည်။ မိုက်ကိုင်သော ဒါယကာက
“ဂွေးကြီးကိုးတောင်ပြည့်ဆရာတော်နှာဘူးပါဘုရား”ဟု ကြေငြာလိုက်ရာ ပရိသတ်မှာ ၀ါးကနဲရယ်ကြလေတော့ သည်။ထိုအခါ ဆရာတော်မိန့်တော်မူလိုက်သည်ကား
“ငါလခွီးမပဲ မင်းတို့ရွာက ဒကာတော်တွေက ငါ့ကို ပရိသတ်ကြားထဲ သက်သက်အရှက်ကွဲအောင် လုပ်တာလားကွ၊ ဘယ်တော့မှ မင်းတို့၇ွာကို မကြွတော့ဘူးကွ”မိန့်တော်မူကာ ခပ်သုတ်သုတ်လစ် ထွက်သွား လေတော့သတည်း။
မှတ်ချက် ဂွေးကြီး+ကိုးတောင်ပြည့်ဆရာတော်၏ ပေါက်မဲသည်ကား နှာရှုဗူဖြစ်သည်။ နှာရှုဗူးကို ပြောလို ဇောဖြင့် နှာဘူးဟု ပြောချလိုက်ရာ “ဂွေးကြီးကိုးတောင်ပြည့်ဆရာတော်နှာဘူး”ဖြစ်သွားလေတော့သည်။
“အော် တိုက်လဲ တိုက်ဆိုင်တတ်ပါပေ့”
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP