* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 9, 2010

”ရက်ရက်စက်စက် ပေးလိုက်ကြပါပေ့”

တစ်ခါက အညာအထက်ပိုင်းမှ လူဓမ္မကထိကတစ်ဦးသည် မိုးကုတ်ရိပ်သာများသို့ တရားဟောပြောနေလေ သည်။ အသံကောင်းသည်က တစ်ကြောင်း၊ အာဝဇ္ဇန်းရွှင်သည်ကတစ်ကြောင်း သူတစ်ခါဟောပြီးလျှင် နောက် တစ်ကြိမ်မရ ရအောင်ပင့်ကြလေသည်။ အထူးအားဖြင့် မော်လမြိုင်မိုးကုတ်ရိပ်သာ၊ မုဒုံ၊ သံဖြူဇရပ်စသော မြို့များတွင်အလွန်အင်မတန်မှ နာမည်ကြီးလှပေ၏။
ထို့မှတစ်ဆင့် တစ်နှစ်တွင် သထုံမြို့ မိုးကုတ်၇ိပ်သာတွင် တရားဟောရာ သထုံမြို့မှ ရွှေဆိုင်ပိုင်ရှင် သူဌေးမိသား စုတို့က သဘောကျသွားကား သထုံမြို့တွင် ထိုတရားဟောဆရာကြီးကို ရဟန်းခံပေးလိုက်ကာ မိုးကုတ်ရိပ်သာကြီးကို ဆောက်လုပ်လှူဒါန်းလေ၏။ ထိုအချိန်မှစကာ လူဓမ္မကထိက ဆရာတော်ကြီးသည် ဦးဇင်းကြီးအဖြစ်သို့ ရောက်ရှိသွားလေ၏။ ဦးဇင်းကြီးသည် သထုံရောက်စတွင် ညဘက်ပျင်းပျင်းရှိလျှင် သူ၏ ရဟန်းဒါယကာအိမ်သို့ အလည်ကြွရောက်လေ့ရှိသည်။ ရဟန်းဒါယကာအိမ်သည်ကား ညဘက်တွင် လူစု လူဝေး နှင့်အလွန်ပင် ပျော်စရာကောင်းလှပေ၏။ ညအခါ သူတို့သည် စကားပြောရင်း ဗွီဒီယိုဇာတ်ကားများကို ကြည့်လေ့ ရှိကြသည်။ ဦးဇင်းကြီးရောက်သောအခါ
“မင်းတို့ဇာတ်ကားတွေကလဲ ဘာကားတွေမှန်းလဲမသိဘူး၊ ငါတော့မကြည့်တတ်ပါဘူးကွာ”ဟု အမြဲတမ်းငြီး နေသဖြင့် ရဟန်းဒါယကာသည် အားနာတတ်သူဖြစ်သည်အားလျှော်စွာ
“အရှင်ဘုရားက ဘာကားကြိုက်တတ်တာလဲဘုရား”ဟု မေးလျှောက်သောအခါ ဦးဇင်းကြီးက
“ငါက ခွေးလိမ္မာကားကိုမှ ကြည့်တတ်တာ ဒကာရ”ဟု မိန့်တော်မူသဖြင့် ခွေးလိမ္မာကားကိုသာ ရှာပြီး ပြပေးရှာ လေသည်။ သို့သော် တစ်ရက်မဟုတ် နှစ်ရက်မဟုတ် အမြဲတမ်းပင် ရဟန်းဒါယကာက
“အရှင်ဘုရား ဘာဇာတ်ကားပြပေးရမလဲ” မေးတိုင်း
“ငါကတော့ ခွေးလိမ္မာဇာတ်ကားပဲ ကြိုက်တာ ဒကာရ”ဟု ဆိုလေသောကြောင့် အနီးရှိ ရဟန်းဒါယကာ၏ မိတ်ဆွေ၊ တပည့်ကျော်များက ဦးဇင်းကြီးကို ရက်ရက်စက်စက် အမည်ပေးလိုက်သည်ကား
“ခွေးကိုယ်တော်”ဟူ၍ပင် ဖြစ်လေသတည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP