ရိုးသားမှုကို ခေတ်တစ်ခေတ်နဲ့ တည်ဆောက်ခြင်း
ဘဝဟာ ခေတ္တက လာတယ်ဆိုရင်
ခေတ်တစ်ခေတ်ဟာ ခဏပါပဲ။
ဘယ်လောက်ထိ
အဲ့ဒီခေတ်ကို ဆွဲထားနိုင်မလဲ
ဘဝကိုက
မသေချာ မရေရာမှုတွေနဲ့
ခင်းကျင်းထားခဲ့မိမှတော့။
အငှါးချထားမိတဲ့စိတ်တွေ
ကိုယ်ပိုင်ပြန်ဖြစ်ဖို့
ဘယ်လောက်ထိ ကြန့်ကြာနေအုံးမှာလဲ။
ရိုးသားတဲ့စိတ်ကို
ပြန်အဖတ်ဆယ်ဖို့
ဂုဏ်တွေလိုက်ရှာနေမှာလား
ငွေတွေလိုက်ရှာနေမှာလား
အာဏာတွေလိုက်ရှာနေမှာလား
ဒါဆို
ရိုးသားမှုတွေကို
ဘဝတွေ သေသာသေသွား
ရမှာကို မဟုတ်တော့ဘူး။

0 comments:
Post a Comment