* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 9, 2010

အလိုတော်ပြည့်ဆရာတော်ကြီး၏ စင်ကာပူတရားပွဲ

ပြည်တွင်း ပြည်ပ အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတဓရ၊ အလိုတော်ပြည့် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ အရိယ၀ံသ (Dr. of Tripitaka (India) Ph. D. (Philosophy-Italy) ဆရာတော်ကြီး မှ

နိဗ္ဗာန် ရောက်ကြောင်း တရားတော်များ ဟောကြားချီမြင့် မည်ဖြစ်ပါသဖြင့် တရားတော်နာကြွရောက်ပါရန် စင်ကာပူ နိုင်ငံရှိ တပည့်ဒကာ၊ ဒကာမများတို့အား အသိပေး ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည်နေ့ရက်= ၉- ဇူလိုင် ၂၀၁၀ (သောကြာနေ့)
ကျင်းပမည်အချိန် ညနေ့ ၈ နာရီ မှ ၉ နာရီး ထိ ဟောကြားမည်
ကျင်းပမည်နေ့ရာ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ(Clementi ဘုန်းကြီးကျောင်းတိုက်)
23 A – Jalan Mas Puteh Singapore 128628

၂၀၁၀ ခု သြဂုတ်လ ၁၅ ရက် မှ၊ ၂၀၁၀ ခု သြဂုတ်လ ၂၀ ရက်နေ့အထိ
စင်ကာပူနိုင်ငံတွင် အခြေခံဝိပဿနာ အလုပ်ပေးတရားစခန်း ဖွင့်လှစ်မည် ဖြစ်ပါကြောင်းနှင့်၊ ဆက်သွယ်လိုလျှင် အောက် ဖုန်းနံပါတ်
Ph: 67781678-91183961 များသို့  ဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်းရရှိပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP