* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 9, 2010

အသွင်မတူ အိမ်သူမဖြစ်

“အသွင်မတူ အိမ်သူမဖြစ်” ဆိုတဲ့ ဆိုရိုးစကားက ဘယ်လောက် အတိုင်းအတာထိ မှန်သလဲ မသိပေမယ့်၊ ရာခိုင်နှုန်း အတော်များများ မှန်မယ်လို့ ထင်တယ်။ သိပ်လေးစားတဲ့ ရူပဗေဒ ဆရာတစ်ယောက်ရဲ့ သီအိုရီကို သတိသွားရမိတယ်။ “လင်မယားတွေက ရုပ်တူကြတာ များတယ်၊ ဘာကြောင့်လဲဆိုတော့ လူဆိုတာ ကိုယ်ကိုယ်ကို သိပ်ချစ်တော့ ကိုယ်နဲ့ တူတဲ့လူကို ရွေးကြိုက်တတ်တယ်” တဲ့။ မသီတာကလည်း မကြာခဏ ပြောလေ့ရှိတယ် … “လင်မယားတွေဟာ ရုပ်တူတူ လာတတ်တယ်” တဲ့။ လင်ရယ် မယားရယ်လို့ အတူတကွ အနေကြာလာတော့ အတွေးအခေါ်တွေ, စရိုက်တွေ (တမင် ညှိယူတာ မဟုတ်တောင်) ကူးစက်သွားတာတော့ သေချာပါတယ်။ ဒါပေမယ့်လည်း အမြင်ကွဲလွဲမှု, စရိုက်ကွဲလွဲမှုတွေကတော့ ရှိနေဦးမှာပါ။ ဒီတော့ ကွဲလွဲမှုတွေကို နားလည် ခွင့်လွှတ် ပေးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် “အသွင်မတူ အိမ်သူမဖြစ်” ဆိုတဲ့ စကားကို ရာခိုင်နှုန်းပြည့် မထောက်ခံ မိတာပါ။

သူငယ်ချင်းသက်ဝေက အသွင်တူ၏။ မတူ၏။ ရေးဖို့တဂ်တော့ တစုံတွဲနေတဲ့ ကိုယ်တို့နှစ်ယောက်အကြာင်း ဟိုလူကြီး ရင်ဘတ်ထဲ ဘယ်လောက်များရှိသလဲ သိချင်မိတဲ့ အကြံနဲ့ ဒါလေး ရေးပေးဆိုလို့ ရေးပေးတာတဲ့လေ… ကိုယ်မျှော်လင့်ထားတာနဲ့ တခြားစီ… ပတ်ချာကို လည်နေတာပဲ…။ ဒီက ပြောတာကဖြင့် လင်မယားတွေကို ယှဉ်တွဲ ယှဉ်တွဲ အမြင်များလာတာရယ်၊ တစ်မိုးထဲအောက်နေ တစ်စားပွဲထဲ စားနေလို့ ဥတုကြောင့် ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေ တူလာတာရယ်ကို ပြောချင်တာ။ နောက် အ၀တ်အစား အဆင်အပြင်ကအစပေါ့လေ။ သိပ်ကွာခြားနေရင် ကြည့်မကောင်းဘူး မဟုတ်လား။ အချို့ဆို အင်္ကျီဆင်တူလေးများတောင် ၀တ်လို့ တူအောင် အားထုတ်ကြတော့ တူလာတာပေါ့။

အဲ့ဒီလိုပါ ကိုဧရာက “ရှင်းနေတာတွေကို ရှုပ်အောင်လုပ်၊ ပြီးတော့မှ ပြန်ရှင်း၊ အဲ့ဒါဆို ပိုရှင်းသွားရော...” ဆိုတဲ့ ပန်းမြိုင်လယ်က ဥယျာဉ်မှူး ဇာတ်ကားထဲက ဘီအီးဒီအောင်သိုက်ရဲ့ သဘောတရားနဲ့ သွားနေတဲ့ လူစားမျိုး။
မသီတာကတော့ သိပ်စိတ်မရှည်တတ်ဘူး။ ဟေ့…ဟေ့… ဒီမှာ အပိုစာသားတွေနဲ့ စာမျက်နှာတွေ များနေပြီ လို့ ဘုတောတတ်သူ…။ တခါတလေတော့လည်း မသီတာက
ဧရာဆိုတာ မြစ်တစင်း ဆိုရင် ဘယ်နေရာမှာ စီးစီး အေးချမ်းမှုတွေနဲ့ ပတ်ဝန်းကျင်ကို အကျိုးဆောင်မှာ…
အဲ့လိုတွေ.. အဲ့လိုတွေ ကဗျာဆန်ချင်ပြန်ရင်လည်း သူကပါမလာ ပြန်ဘူး…။ ငုတ်တုတ်ကြီး ကျန်ခဲ့လို့ ဒီက ဒေါတွေမောတွေနဲ့ ပြန်လှည့်ခေါ်ရပြန်ရော…။ အဲ့ဒီအခါကျတော့လည်း “ကိုယ်မှမသိပဲ” ဆိုတဲ့ မျက်နှာသေလေးနဲ့
“ဘာမသိတာတုန်း… မသိဘူး ဆိုတာနဲ့ပြီးရောလား… မသိဘူး ဆိုတာကို မကြိုက်တာ…” မသီတာ့ ပါးစပ်က ကာရန်မပါတာတွေ ရေရွတ်ရပြန်ရော…။ စိတ်ထဲကတော့ အူတူတူလေးကို ကြိတ်ကြိုက်နေတာ…။

ဆိုလိုတာက ကိုဧရာက မသီတာနဲ့မှ မဟုတ်ပါဘူး။ ဂျူလီယာဖြစ်ဖြစ် အမီနာဖြစ်ဖြစ် ဘယ်သူနဲ့ မဆို အဆင်ပြေမည့် လူစားမျိုးပါ။ စိတ်ကောင်းရှိပါတယ်။ ရိုးသားပါတယ်။ သည်းခံတတ်ပါတယ်။ (ကိုယ့်လူမို့ အမွှန်းတင်နေတာ မဟုတ်ပါဘူး။ မသီတာ ချဉ်ဖတ်ကြိုက်လို့ပါ။) အဲ့ဒါကို ပြောင်းပြန်လှန်တော့ မသီတာပေါ့လေ… ဒီက အဖို့မှာတော့ သူနဲ့သာ မဆုံရင်…

ကဲပါလေ ကိုဧရာနဲ့ မသီတာ အသွင်တူ၏။ မတူ၏။ ပို့စ်လေး ဖတ်အပြီးမှာ လိုက်ဖက်ညီ၏။ မညီ၏ ဆိုတာကို လူကြီးမင်းများ ကိုယ်တိုင်ပဲ အဆုံးအဖြတ်ပေးခဲ့ကြပါ။
ကိုဧရာကတော့ ပြောပါတယ် မသီတာကို သိပ်လှစေချင်ပါသတဲ့။ (စိတ်ကလေး သိပ်လှစေချင်ပါသတဲ့ …။)

ဆက်စပ်ဖတ်ရှုရန် - ချစ်သူများအတွက် လက်ဆောင်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP