ဖွင့်ဖြစ်ခဲ့သောယဉ်ကျေးမှုသင်တန်း နိဒါန်း
"သားသမီးဆိုတာတွေက တယ်ခက်တာကိုးဘုရား"ဟူသော ညည်းတွားသံလိုလို
တိုင်တောသံလိုလိုကြားလိုက်ရ၍ အသံလာရာသို့ကြည့်လိုက်ရာ ဝတ်ပြုဦးချနေသော
ကျောင်းဒကာကြီးဦးလူဝကို တွေ့လိုက်ရ၏။
"ဘာတွေခက်နေတာလဲ ဒကာကြီးရ"
"အော် သားသမီးဆိုတာ တကယ့်မီးပါလားဆိုတာ ညည်းမိတာပါဘုရား"။
"ရှင်းစမ်းပါဦးဒကာကြီးရဲ့"
"တပည့်တော်အိမ်က င/မူးကောင် ကိုသိတယ်မဟုတ်လားဘုရား၊
ဆိုးမောင်ဆိုတဲ့ကောင်လေ၊ တိုးမောင်နာမည်ပျောက်ပြီး ဆိုးမောင်လို့
တွင်နေတဲ့ကောင်ပေါ့။"
"အင်း- သိတယ်။"
"ဟိုတစ်လောကပဲ ရွာထဲမှာ ဆဲဆိုလို့ဆိုပြီး ဂါမပညတ်အဖွဲ့က ငွေ ၅၀၀၀/ိ
ဒဏ်တပ်ထားတာ၊ ခုတစ်ခါလာပြန်ဘုရား နောက်ထပ်ဆဲလို့တဲ့၊ ဒဏ်ငွေ
၅၀၀၀/ိ လျော်ရမတဲ့ဘုရား။ "
ဤအရှင်လည်း ဦးလူဝကိုမသက်မသာနှင့် ကြည့်လိုက်မိရင်း သူ့သား
တိုးမောင်အကြာင်းကို တွေးနေမိပါတော့၏။
ဦးလူဝတွင် သားသမီး (၆)ယောက်ရှိရာ တိုးမောင်သည် စတုတ္ထမြောက်ဖြစ်၏။
အများတကာ (၄) တန်းအောင်လျှင် ကျောင်းထွက်ရသောအချိန်တွင် ဦးလူဝကား
သူ့သားတိုးမောင်ကို မြို့ကျောင်းသို့ပို့ကာစာသင်စေ၏။ သို့သော် ဦးလူဝမျှော်မှန်း
သကဲ့သို့ကားမဖြစ်လာ၊ (၈) တန်းတွင် ၂ နှစ်ကျပြီး ကျောင်းမှထွက်လိုက်ရ၏။
ဦးလူဝကား သူ့သားကို ပန်းထိန်ဆရာထံအပ်ပြန်လေသည်။ လက်ခစားကလေး
ရခါနီးတွင် ပြသနာတက်၍ ပန်းထိန်လည်းမယ်မယ်ရရမတတ်ခဲ့ပြန်။ မကြာမီ
တိုးမောင်တစ်ယောက် ရွာမှပျောက်သွား၏။ ထိုင်းသို့သွားသည်ဟုဆိုကြ၏။
တစ်နှစ်မျှမကြာမြင့်မီ ရွာသို့ပြန်ရောက်လာ၏။
လူပြုစားခံလာရသလိုလို၊ ဟိုလိုလို သည်လိုလို သတင်းတွေနဲ့အတူ တိုးမောင်
တစ်ယောက်မသောက်ရမနေနိုင် အရက်သမားဘဝလုံးလုံးရောက်ပြီးမှ ပြန်
ရောက်လာခြင်းဖြစ်၏။ မူးလာပြီဆိုလျှင် သူကြောက်သူအချို့မှလွဲ၍ မိဘသော
မိမဘသောမရှောင် ဆိုဆဲတတ်လာခဲ့၏။ မောင်နှင့်နှမ သားနှင့်အမိ မကြားဝံ့
မနာသာ ဘယ်ကရလာသည်မသိ ဆဲနည်းမျိုးစုံ တိုးမောင်ထံတွင် ပုံနေချေ၏။
ကောင်းလိမ့်မည်အထင်နှင့် ကျောင်းဆိုကျောင်း၊ ပန်းထိန်ဆိုပန်းထိမ်၊ နိုင်ငံခြားဆို
နိုင်ငံခြား ထောက်ပံ့ခဲ့ကြရှာသောမိဘများမှာ ယခုတော့ ကိုယ့်အိမ်မှ ကိုယ်ကပ်၍
မရနိုင်တော့၊ သကောင့်သား၏ အဆဲဒဏ်ကား လွန်လွန်းလှချေ၏တကား။
မိဘကိုယ်တိုင်မထိန်းနိုင်၍ ယခုတော့ ရွာကကိုင်ရချေပြီ။ ဂါမပညတ်အဖွဲ့မှ ဒဏ်ရိုက်၏။
တစ်ခါဆဲတစ်ခါ ၅၀၀၀/ိ တန် သမ္မန်စာ လာပေတော့မည်တည်း။ ဂါမပညတ်ကတပ်သောဒဏ်ကြေးကိုဖီဆန်ဝံ့သူကားမရှိသေး။ ဂါမပညတ်အဖွဲ့ကား ရွာကျောင်းဘုန်းကြီးအဝင်အပါ ရပ်မိရပ်ဘ ကာလသားများပါမကျန် လက်မှတ်
ကောက်ခံဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဂါမနှင့်မရပါက ရာဇနှင့်အရေးယူနိုင်ရန်အထိ
စနစ်တကျ စီစဉ်ထားခြင်းဖြစ်ရာ ခိုင်မာလှချေ၏။
တစ်ခါဆဲတစ်ခါ ၅၀၀၀/ိ တန် သမ္မန်စာ လာပေတော့မည်တည်း။ ဂါမပညတ်ကတပ်သောဒဏ်ကြေးကိုဖီဆန်ဝံ့သူကားမရှိသေး။ ဂါမပညတ်အဖွဲ့ကား ရွာကျောင်းဘုန်းကြီးအဝင်အပါ ရပ်မိရပ်ဘ ကာလသားများပါမကျန် လက်မှတ်
ကောက်ခံဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဂါမနှင့်မရပါက ရာဇနှင့်အရေးယူနိုင်ရန်အထိ
စနစ်တကျ စီစဉ်ထားခြင်းဖြစ်ရာ ခိုင်မာလှချေ၏။
ဤဆောင်းပါးတွင် တင်ပြလိုသည်မှာမိဘများနှင့်ပတ်သက်သော ဥပမာ နှစ်ရပ်ပင်ဖြစ်ပါ၏။
မီးပုံးပျံလွှတ်သူနှင့်တူသော မိဘနှင့် စွန်လွှတ်သူနှင့်တူသောမိဘ ဟူ၍ဖြစ်၏။
အမြင့်သို့လွှတ်ပုံချင်းတူကြသော်လည်း----
မီးပုံးပျံလွှတ်သူတို့ကား မှိုင်းဝအောင် ထိုး၍ ဒိုးလိုရာဒိုးစေဟု မဆိုသော်လည်း
ဆိုသသကဲ့သို့ပင် တွန်းတင်လွှတ်လိုက်တတ်ကြ၏။ မြေပေါ်မှကြွမှမကြွရသေးမီကပင်
သံချပ်တကျော်ကျော်ဖြင့် အမွှမ်းတင်တတ်ကြ၏။လက်မှလွတ်၍ တက်လေလျှင်ကား
ပျော်ရွှင်မဆုံးကြတော့ပြီ။
ဘယ်ဆီရောက်၍ ဘယ်ဆီပေါက်လေမည်ကား သူတို့မသိရှာ။ လမ်းမှာတင်
မီးလောင် သွားနိုင်သကဲ့သို့ မြစ်ထဲချောင်းထဲလည်း ကျသွားနိုင်၏၊ ဆူးခြုံတောလည်းရောက်သွားနိုင်သည်တည်း။ ထို့ကြောင့်,တင်လိုက်သောမီးပုံးပျံ ပြန်မရသည်သာများလေ၏။
စွန်လွှတ်သူတို့ကားတစ်ဘာသာ၊ မိမိတင်သောစွန်ကို မပြတ်တမ်းအကဲခတ်၏။
လေကြမ်းလျှင် လျှော့တန်လျှော့၊ လေပျော့လျှင် တင်းတန်တင်းနှင့် အမြင့်သို့
မရောက်မချင်း လည်ပင်းတမော့မော့နှင့် နည်းစုံဖော့၍ တင်တတ်ကြ၏။ ထို့ကြောင့်
တင်လိုက်သောစွန် အချိန်တန်လျှင် ပြန်၍ရတတ်သည်သာများလေသည်။
ယခု တိုးမောင်၏ဖခင်ကား သူ့သားကို စွန်လွှတ်သကဲ့သို့ လွှတ်တင်ခဲ့သူကားမဟုတ်ခဲ့။
မီးပုံးပျံ လွှတ်သကဲ့သို့လွှတ်တင်ခဲ့သူသာတည်း။ ပဲ့ထိန်းစနစ်မပါရှိသော လွှတ်တင်ရေး
လမ်းကြောင်းနီးပါးတိုင်းလိုလိုကား အံချော်မှုများနှင့် မကင်းနိုင်သည်မှာ ဓမ္မတာပင်
ဖြစ်ချေ၏။
သစ်ပင်ငယ်များကို ဖြောင့်ယူရလွယ်တတ်သော်လည်း ရင့်လေပြီးသစ်ပင်ကောက် တို့ကို
ဖြောင့်ယူရန်မှာကား မလွယ်လှတော့ချေ၊ မဖြောင့်မဖြစ်၍ ဖြောင့်ရချေသော် ဗကာချရ
သည်ကများတတ်လေသည်။ ယခုလည်း တိုးမောင်တစ်ယောက် ရင့်လေပြီးသော
သစ်ပင်ကောက်ကဲ့သိုဖြစ်နေသဖြင့် ဒဏ်ကြေးတည်းဟူသောလွှနှင့် ဗကာချခြင်း ခံရလေပြီ။
"တပည့်တော် သားသ္မီးကံကိုကဆိုးပါတယ်ဘုရား။ ခုလည်းဒီဒဏ်ကြေး တပည့်တော်ပဲပေးရဦးမှာပါပဲဘုရား။ သားဆိုးအမေသာတပေပေမဟုတ်ဘူး၊ သားဆိုးအဖေလည်း တပေပေပါပဲဘုရား။ "
ဤအရှင်ကား ဝမ်းနည်းပမ်းနည်း လျှောက်ထားနေသော ဦးလူဝအတွက်
အားပေးစရာ ရှာမရခဲ့။ နှစ်သိမ့်စရာစကားလည်းရှာမရခဲ့။ သို့သော်
"ငါ ကလေးတွေအတွက် ယဉ်ကျေးမှုသင်တန်းဖွင့်ပေးရမယ်"
ဟူသောဆုံးဖြတ်ချက်ကား ခိုင်မာစွာပေါ်ပေါက်ခဲ့လေသတည်း။
အားပေးစရာ ရှာမရခဲ့။ နှစ်သိမ့်စရာစကားလည်းရှာမရခဲ့။ သို့သော်
"ငါ ကလေးတွေအတွက် ယဉ်ကျေးမှုသင်တန်းဖွင့်ပေးရမယ်"
ဟူသောဆုံးဖြတ်ချက်ကား ခိုင်မာစွာပေါ်ပေါက်ခဲ့လေသတည်း။
ဤသို့ဖြင့်ပထမအကြိမ်ယဉ်ကျေးမှုသင်တန်းအောင်မြင်ပြီးမြောက်ခဲ့သည်တွင် "ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ခြင်း" ဟူသောကဗျာကို ၀မ်းမြောက်ခြင်း
ကြီးစွာဖြင့် ချရေးမိခဲ့ပါသတည်း ။
( ယဉ်ကျေးမှု သင်တန်းအတွေ့အကြုံများကို ဆက်လက်ရေးသားပါဦးမည်။ )


0 comments:
Post a Comment