နားမလည်သော်လည်း (ဥသြတိုင်)
အလွမ်းစာဖွဲ့ ၊ လွမ်းဇာချဲ့၍
လွမ်းဘွဲ့ကိုဆို ၊ လွမ်းအားပိုသည့်
ပင်အိုထက်မှ ဥသြငယ် ။
အို-ဥသြငယ်-
သင်ရည်ရွယ်ရာ ၊ သင့်ကဗျာနှင့်
သင့်စာဂီတ ၊ သင့်ဝါကျကို
မဂဓစကား ၊ မကျွမ်းပါး၍
လွမ်းအားပိုသည် ၊ ထင်မိသည်မှာ
မှားခါမှသာ မှားပေရော့ ။
အို-တေးသံရှင်-
သင်၏အသံ ၊ လွမ်းဆွေးဟန်နှင့်
ပင်ယံမှကြွေ ၊ ရွက်ဝါဝေလျှင်
တောင်စဉ်ရေမရ ၊ အတွေးစနှင့်
ငယ်ကမိတ်ပေါင်း ၊ ရှေးဖြစ်ဟောင်းကို
ပြန်ပြောင်းပြေးမြင် ၊ လွမ်းဆွေးချင်သည်
သင်မဲ့လိုက မဲ့ပေရော့ ။
အို-ဥသြငယ်-
သင်ဘယ်သို့ရည် ၊ တေးဖွဲ့သီစေ
မှုန်ရီေ၀၀ါး ၊ အတွေးများနှင့်
ထောင်နားလည်းစိုက် ၊ ဦးခေါင်းငိုက်နှင့်
လူမိုက်တစ်ယောက် ၊ ပင်အိုအောက်တွင်
ကဗျာကောက်ရင်း လွမ်းနေ၏ ။
( ဥသြသံနာဝင်ချိုပေမယ့် ကိုလံဘိုရဲ့နွေအပူဒဏ်ကတော့ မခံသာစရာပါ )
လွမ်းဘွဲ့ကိုဆို ၊ လွမ်းအားပိုသည့်
ပင်အိုထက်မှ ဥသြငယ် ။
အို-ဥသြငယ်-
သင်ရည်ရွယ်ရာ ၊ သင့်ကဗျာနှင့်
သင့်စာဂီတ ၊ သင့်ဝါကျကို
မဂဓစကား ၊ မကျွမ်းပါး၍
လွမ်းအားပိုသည် ၊ ထင်မိသည်မှာ
မှားခါမှသာ မှားပေရော့ ။
အို-တေးသံရှင်-
သင်၏အသံ ၊ လွမ်းဆွေးဟန်နှင့်
ပင်ယံမှကြွေ ၊ ရွက်ဝါဝေလျှင်
တောင်စဉ်ရေမရ ၊ အတွေးစနှင့်
ငယ်ကမိတ်ပေါင်း ၊ ရှေးဖြစ်ဟောင်းကို
ပြန်ပြောင်းပြေးမြင် ၊ လွမ်းဆွေးချင်သည်
သင်မဲ့လိုက မဲ့ပေရော့ ။
အို-ဥသြငယ်-
သင်ဘယ်သို့ရည် ၊ တေးဖွဲ့သီစေ
မှုန်ရီေ၀၀ါး ၊ အတွေးများနှင့်
ထောင်နားလည်းစိုက် ၊ ဦးခေါင်းငိုက်နှင့်
လူမိုက်တစ်ယောက် ၊ ပင်အိုအောက်တွင်
ကဗျာကောက်ရင်း လွမ်းနေ၏ ။
( ဥသြသံနာဝင်ချိုပေမယ့် ကိုလံဘိုရဲ့နွေအပူဒဏ်ကတော့ မခံသာစရာပါ )


0 comments:
Post a Comment