သင်္ခါရအလင်းဈေး

အလင်းငတ်ပေမယ့်
မှောင်လက်စလေး
အမိအရ
မီးပျက်သွားတဲ့ညမှာတော့
ရေစိုနေတဲ့မီးခြစ်လေးနဲ့
လရောင်ကို
ညှိမိသေးရဲ့
သင်္ခါရအချင်းချင်း
ကော်နက်ရှင်းကိစ္စမှာ
နိရောဓသစ္စာက
သွေးကြီးကြီး
ကမ္ဘာဦးအက္ခရာနဲ့ရေးတဲ့
သိုးဆောင်းတို့ရဲ့ဝါကျ
ရေစက်ချပြီးသာ
လှူလိုက်တယ်
ပုတီးလေးတွေ
အပျော့ထည်ဖြစ်သွားရင်
စိတ်ကိုအမာထည်အဖြစ်
ဈေးတင်လိုက်ရုံ။
ဓမ္မဂင်္ဂါ
(၁၁-၀၅-၂၀၁၀)

0 comments:
Post a Comment