* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 13, 2010

(မန္တလေး) မစိုးရိမ်ဓမ္မသဘင် ဆင်ယင်ကျင်းပမည်

ဓမ္မမိတ်ဆွေအပေါင်းတို့……….
တရားနာ ခြင်းသည် ကြီးမြတ်သော မင်္ဂလာ ချမ်းသာ တစ်ပါး ဖြစ်ပါ သောကြောင့် အပတ်စဉ် တရားပွဲများ ဆင်ယင် ကျင်းပလေ့ ရှိသော ဇယ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရ (Clementi Temple) ကျောင်းတော် မြတ်တွင် ယခု လာမည့် စနေနေ့ ညနေ (၇) နာရီ (၃၀) မိနစ်တွင် ဓမ္မသဘင် ဆင်ယင်ကျင်းပမည် ဖြစ်ပါ သောကြောင့် တရားတော်နာ ကြွရောက်ပါရန် ခင်မင် ရင်းနှီးစွာ ဖိတ်ကြား အပ်ပါသည်။

ဒေါက်တာအရှင်ဝိစိတ္တ(ဓမ္မာစရိယ၊B.A,M.A,M.A,Ph.D)နှင့်ကျောင်းတော်မြတ်ကော်မတီတို့ဦးဆောင်ကာ
ဆရာတော် ရဟန်းဒကာDavidဦးကြည်ထွန်း၊ရဟန်းဒါယိကာမဒေါက်တာလဲ့လဲ့မိုးတို့နှင့်စေတနာရှင်၊ ပါရမီရှင်များ ဆင်ယင်ထားအပ်သော သာသနပါလ သိမ်တော် အတွင်း ပါရမီရှင်ဇနီးမောင်နှံ များဖြစ်ကြသော ဦးစန်းယုလှိုင် +ဇနီးဒေါက်တာလှနုဖြူတို့လှူဒါန်းပူဇော်ထားအပ်သောဇယမင်္ဂလာမာရ် အောင်မြင်ဘုရားကြီးရှေ့တော်မှောက်ဝယ်မန္တလေးမြို့မစိုးရိမ်ကျောင်းတိုက်စာချဆရာ
တော် ဘဒ္ဒန္တ သောမာစာရ သည် ထူးမြတ်သောတရားတော်များကို ဟောကြားမည်ဖြစ်ပါသည်။
ဓမ္မကထိကဆရာတော် ဘဒ္ဒန္တ သောမာစာရ (မန္တလေး)
သာသနဓဇ ဓမ္မာစရိယ
သာသနဇောတိပါလ ဓမ္မာစရိယ
သာသန့နူဂ္ဂ ဟ ဓမ္မာစရိယ

တရားတော်အမည်----"ဘ၀အလှ ဆင်းမြန်းကြစို့ " တရားဒေသနာတော်
နေ့ရက် ----------- (၁၅.၅.၂၀၁၀) စနေနေ့

အချိန်
ညနေ ၇နာရီ ၃၀ မှ ၉ ၀၀ နာရီထိ

နေရာ
ဇယ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရ ကျောင်းတော် (Clementi Temple)
23A , Jalan Mas Puteh Along West Coast Road Singapore 128628,
Near Esso Station

(တရားပွဲ ဖြစ်မြောက်ရေး ကော်မတီ)
Ph; 6778 1678, 91220887
www.anantametta.org

မှတ်ချက်။ ။တရားတော်နာ ကြွရောက် လာသော ပါရမီရှင် များအား မြန်မာ့ရိုးရာ မုန့်တီဖြင့် ကျွေးမွေးပါမည်။


၁၊ အလှဆင်လို၊ များပုဂ္ဂိုလ်၊ ဘယ်လိုတရား ပွါးမလဲ။
၂၊ မနောလှမှ၊ ရုပ်လည်းလှ၊ ဘ၀လှမည်သာ။
၃၊ စိတ်ကိုလည်းပြင်၊ ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းလှ၊ ဒို့ဘ၀။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP