* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 13, 2010

လောကချမ်းသာစေတီတော် မှတ်တမ်း (မေ ၁၁-၁၂၊ ၂၀၁၀)

လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး တည်ဆောက်ရေးအတွက် ဈေးပြိုင်စနစ်ဖြင့် ခေါ်ယူထားသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို မြန်မာဗိသုကာပညာရှင် Darrit Cho နှင့် အင်ဂျင်နီယာ ဦးမောင်မောင်တို့က ၂၀၁၀ ခုနှစ် မေလ ၁၀ ရက် တနင်္လာနေ့၌ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းတွင် ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။


လောကချမ်းသာစေတီတော် ပလ္လင်ခုံ (အထက်ပစ္စယံ)ပေါ်ရှိ ရုပ်ပွားတော်များအား တံကဲများတပ်ဆပ်နေကြစဉ် -






ပလ္လင်ခုံပတ်လည်တွင် အင်္ဂတေကနုတ်ပန်းများဖြင့် အလှဆင်ရန် -



နယူးဂျာစီမဟာစည်သတိပဋ္ဌာန်ရိပ်သာအနီးဝန်းကျင်တွင် နေထိုင်ပြီး ကျောင်းသို့ လာရောက် ကူညီပေးလေ့ရှိသူ ကေဗင် (ခြံစည်းရိုးသစ်ပင်များ ဝယ်ယူခဲ့စဉ်ကလည်း ကူညီပေးခဲ့သူ) တစ်ယောက် ၅-ရက်တာ ဒုလ္လဘဝတ်ခွင့်ရခိုက် sitting meditation, walking meditation များသာမက working meditation ပါ ကုသိုလ်ယူခွင့်ရရှိ၏။



0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP