* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 13, 2010

အားပေးစကား

မွေးနေ့ ရှင် အသက်ကား -
ဗေဒင်ဇာတာ ထဲကအတိုင်း ပြောရရင်
သုံးပုံ တစ်ပုံ ပြည့်လုခါနီး နှစ်နှစ်အလို။

မွေးနေ့ နဲ့  ဆိုင်ရာ ဆောင်းပါးရဲ့  အနားသတ်မှာ ဒီလို လေးတွေ ရေးပြီးတဲ့နောက်-

မော်ကွန်းသစ်: မွေးနေ့ ပွဲ မသိလိုက်ဘူးဘုရား။ ကျန်းမာပါစေဘုရား။

ဓမ္မဂင်္ဂါ: မွေးနေ့မှသည် နှစ်နှစ်ထောင်သက်တော်ရှင်ပဏ္ဍိတ်ကြီးအဖြစ်
ဇာမဏီတစ်ခွင်နှင့် မိုးအောက်မြေပြင် ကောင်းကင်ပင်လယ်
အရေးအရာမှန်သမျှ ကြွယ်စေသား လင်းစေသား ထွန်းပပါစေသား

Crystal said...

ဇာတာထဲမှာက သက်တော် (၁၂၀)ရှည်စေသော်ဆိုတော့ တစ်ရာ့နှစ်ဆယ်ကို သုံးနဲ့စား၊ ပြီးတော့ နှစ်ကို နှုတ်၊ ဒါဆို သက်တော် (၃၈)နှစ် ရလေသည်၊ တပည့်တော် အသက်ထက် လေးနှစ်ကျော် ကျော်လေး ကြီးလေ၏။ မွေးနေ့မှာ ဂျာမဏီက မုန့်တွေ အများကြီး စားသွားပါတယ်ဘုရား။ ဟီးးး၊ မွေးနေ့မှသည် ငြိမ်းအေးတဲ့အထိ ချမ်းမြေ့ပါစေပါဘုရား။ ရိုသေစွာရှိခိုးဦးတင်လျှက်။

Shinlay said...

အေးငြိမ်းမှုကို ရရှိပါစေဘုရားလို့  ရိုသေစွာ ဦးတင်ပါတယ်။

ဒီလို စာလေးတွေနဲ့  အားပေးစကား ဆိုကြတယ်။

ကိုယ်လည်း လက်က မနေနိုင်လို့  စိတ်ပါသွားပြီ ဆိုပြီး အီတလီမလေးတွေနဲ့  ရိုက်ထားတဲ့ ဓာတ်ပုံ တင်ကာ စကားကို ဟိုလိုလို ဒီလိုလို ပြောပြီး ဆောင်းပါး တင်လိုက်သေးတယ်။

ခုတော့ ခါးက အတော် ပိန်းနေတယ်။ စာရေးချင်ပေမယ့် မရေးဖြစ်နိုင်ဘူး။ မွေးနေ့ ပြီးလို့  ခဏနားဦးမယ် ၊ စာကျက်အုံးမှ မေလ (၇)ရက်ဆို သင်တန်း စာမေးပွဲ ရှိသေးတယ်။ စာကြည့် တော့ မယ်ဆိုပြီး အားခဲထားတာ။ စာမေးပွဲ ဖြေခါနီးအလို ၂ ရက်ထိ ဆောင်းပါး၊ အလှူစာရင်း စတာတွေ တင်ဖြစ်သေးတယ်။

ရေးစရာ မရှိရင်တောင် ဘလော့ဖွင့် အီးမေးလ် ဆိုပြီး အမေးအဖြေလေးက တင်ဖြစ်အောင် တင်လိုက်သေးတယ်။ အော်... တကယ့် စိတ်ပါသွားတယ် ဆိုတာ တကယ်ပါ့လား။

ဝါသနာ ဆိုတာလည်း ကောင်းတဲ့ဘက်ကို လုပ်ယူရင် ရပါ့လား သဘောပေါက်မိတယ်။
အဲသလိုနဲ့  ခါးက တစ်ခါမှ ဒီလောက်နာတာ မခံစားဘူးတော့ အနီးနေကိုယ်တော်ကို ဖွင့်ဟ မိပါလေ ရော။

သူက ဒါအထိုင်များရင် ဖြစ်တယ်။ အအေးနဲ့ အပူနဲ့  မမျှရင် ဖြစ်တာပဲ။ ဘာဘာညာညာ ပြောပါတယ်။ ပြီးတော့ သူက ပြောသေးတယ်။ သီရိလင်္ကာတုန်းကလည်း ဗိုက်နာတာ၊ ပျို့ တာ တွေ ဖြစ်တာပဲလေတဲ့။ သူသိတာပြောပြပါတယ်။ ဒါ့ထက် ပိုပြီးပြောလာတာက မငယ်တော့ဘူး။ အိုလာပြီတဲ့။ အင်း သူ့ ရဲ့ အားပေး စကားက ကိုယ့်ကို သတိပေးနေတာပါပဲ။

တကယ်တော့ ကိုယ့်အနေနဲ့  မွေးနေ့ တုန်းကတောင် ကိုယ်ရေးထားတာက-

မွေးနေ့ ရှင် အသက်ကား -
ဗေဒင်ဇာတာ ထဲကအတိုင်း ပြောရရင်
သုံးပုံ တစ်ပုံ ပြည့်လုခါနီး နှစ်နှစ်အလို။

ကိုယ့်ကြီးနေပြီဆိုတဲ့ အသက်ကို မသိလေယောင် ရေးထားတာ။ ခုတော့ ကြီးလာပြီ၊ အိုလာပြီ - ဆိုပါကလားနော်။

ကဲ မမေ့နဲ့ ဟဲ့။ မပေါ့နဲ့ ဟဲ့။ လုပ်စရာရှိတာ လုပ်ထား၊ မမြင်ရတဲ့ လမ်းခရီး ဘယ်လောက်ထိ
ဆက်ရဦးမှာလဲ လို့ ၊ အချိန်တွေဟာ မသိလိုက် မသိဖာသာ ပြောင်းလွဲနေပါ့လား၊ အားပေးစကားရဲ့ နောက် တစ်မျှော်တစ်ခေါ်ကြီးတွေပြီး ဒီလို များ သူက ဆိုလို လေရော့သလားနော်။


မှတ်ချက် ။ ခုမှ ဆေးခန်းက အပြန် ဆေးထိုး ၊ သောက်ဆေးယူလာပြီး အပြန်မှာ ဖတ်စရာ တစ်ခု အနေနဲ့  ယခုပင်လျင် မအိုမီက ကြိုတင်ကောင်းမှု ကြိုးစားပြုလော- ဆိုတဲ့
သတိသံဝေဂ ရစေလိုတာနဲ့ ပဲ အများသိအောင် ရေးသားလိုက်ပါတယ်။

မြတ်ရောင်နီ
( ၁၂၊၀၅၊၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP