* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 13, 2010

အခွင့်အရေးကို ဖမ်းဆုပ်ခြင်း

ဘ၀တွင် အခွင့်အရေးဆိုတာတွေ့ကြုံစမြဲဖြစ်၏။ ရရှိလာတဲ့အခွင့်အရေးမျိုးကို မိမိရရ ဖမ်းဆုပ်နိုင်မှာသာ အောင်မြင်မှုကို ရရှိမှာဖြစ်၏။ ရောက်လာတဲ့အခွင့်အရေးကို ၀ိသမလောဘကင်းကင်းနဲ့ ရအောင်ယူတက်ဖို့ပင်။ အခွင့်အရေးယူခြင်းမှာ ၀ိသမလောဘ ဖက်နေရင်တော့ ကိုယ်ကျိုးသမားဖြစ်သွားနိုင်၏။ စည်းပွားရေး၊ လူမှုရေး၊ ဘာရေး၊ ညာရေး စတာတွေမှာ အခွင့်အရေးကို ၀ိသမလောဘနှင့် ယူနေကြသ၍တော့ အောင်မြင်မှုထက် ဆုတ်ယုတ်မှုသာ ပိုများနိုင်၏။ ၀ိသမလောဘနှင့်ယှဉ်တဲ့ အခွင့်အရေးသမားကို ပတ်ဝန်းကျင်သည် ဘေးသို့တွန်းပို့တက်လေ၏။

အထူးသဖြင့်တော့ ငယ်စဉ်အခါမှာ ပညာရေးနှင့်ပတ်သက်ပြီး ရရှိသမျှအခွင့်အရေးတို့ကို အမိအရ ဖမ်းဆုပ်တက်ဖို့ဖြစ်၏။ ပညာရရှိနိုင်မည့် မည်သည့်အရပ်မဆို သွားရောက်ဆည်းကပ်ပြီး ရယူဖို့လို၏။ တစ်ဥက္ခောင်း တစ်ပညာဆိုသလို မိမိဝန်းကျင်မှာပင် ပညာတွေလိုသလောက် ရနိုင်ခွင့်တွေရှိ၏။ သင်ယူခြင်း၊ လေ့ကျက်ခြင်း၊ ဖတ်မှတ်ခြင်းတို့ဖြင့် အချိန်၏အခွင့်အရေး၊ အရွယ်၏အခွင့်အရေး၊ နေရာဒေသ၏အခွင့်အရေးကို အရယူတက်ဖို့ဖြစ်၏။

ဘ၀ရှေ့ရေးအတွက် အလုပ်အကိုင် ငွေကြေးရရှိဘို့ဆိုသည်မှာလဲ ထို့အတူပင်။ ဥပမာ၊ နေရာတစ်ခု၌ ပထမ အလုပ်ရမည် မိမိအစွမ်းရှိသမျှ ကြိုးစားပြဖို့အခွင့်အရေးဖြစ်၏။ အလုပ်ရှင်ကျေနပ်လျှင် အဆင့်အတန်း ရာထူးတက်နိုင် လစာပိုရနိုင်သည်။ ထိုအခွင့်အရေးကို မမြင်ပဲ လတ်တစ်လော ငွေရရှိရေးကို ကြည့်ပြီးလုပ်ကိုင် ဆုပ်ကိုင်မိရင်တော့ ဘ၀ပျက်ဖို့သာရှိ၏။ ထိုကဲ့သို့ ပုဂ္ဂိုလ်တွေ အများအပြားပင်။ စီးပွားရေးသမားသည် ချက်ချင်းပွပေါက်ကြံမည်။ အလုပ်သမားသည် ငွေလွယ်လွယ်ရဖို့ အလုပ်ရှင်ကိုလိမ်မည်။ ဒါဆိုရင်တော့ အခွင့်အရေးကို ၀ိသမလောဘဖြင့်ယူမိသည့်အတွက် ဘ၀ပျက်ပေရော့ပဲ။

ဒီအဖြစ်အပျက်လေးကို ဖတ်ကြည့်ပါ .....

ကျေးရွာဓလေ့များ၌ နှစ်စဉ်ဘုရားပွဲ၊ ကျောင်းပွဲတို့တွင် ငွေကြေးတက်နိုင်သည့်နှစ်ဆိုလျှင် ဇာတ်အဖွဲငှားရမ်း၍ ကပြဖျော်ဖြေစေ၏။ ငွေးကြေးမတက်နိုင်သည့်နှစ်များ၌ ကိုယ့်ရွာက ကာလသားများကိုယ်တိုင် တီးဝိုင်းလေးငှား၊ မင်းသမီးငှားပြီး အရပ်ပြဇာတ်လေးတိုက်လို့ ပျော်ပွဲရွှင်ပွဲလေးဖြစ်စေ၏။ ထိုနှစ်များတွင် ပွဲမစခင် တစ်လလောက်ကတည်းက ဇာတ်တိုက်ကြ သီချင်းတိုက်ကြဖြင့် အလုပ်ရှုပ်လေ့ရှိ၏။ မင်းသားလုပ်ချင်သူသည် ပိုက်ဆံပိုထည့်၊ အောက်ခြေသိမ်းကိစ္စ၀ိစ္စတွေကို ဒိုင်ခံလုပ်ရလေ့ရှိ၏။ ထိုသို့ဖြင့် ပြဇာတ်ကသည့်နေ့သို့ ရောက်လေသော်.........

မင်းသားလဲ အစွမ်းကုန် သရုပ်ဆောင်တော့၏။ မင်းသမီးနှင် လက်ဗ်ဆီးန်း ခန်းတစ်ခုမှာ မင်းသားက မင်းသမိးကို ဖတ်ထားရင်း “ဟို ကောင်းကင်ကြီးကို ကြည့်လိုက်စမ်း ချစ်ရေ.. ကြယ်တွေစုံ နေလိုက်တာ ချစ်နဲ့ကိုယ် အဲဒီကို သွားရရင်မကောင်းဘူးလား” ဆိုတဲ့ စကားပြောခန်းကို အပီအပြင် သရုပ် ဆောင်တော့၏။ ဖြစ်ချင်တော့ မင်းသားနေရာမှ သရုပ်ဆောင်သူသည် နွားစာစဉ်းရင်း လက်ညိုးပြက်ထားသူ ဖြစ်၏။ မင်းသား လက်ညိုးထိုးလိုက်တာ လက်ညိုးကပါမလာ ဇာတ်လမ်းတစ်ခုလုံး အိုကေပါရက်နဲ့ အဓိက ကျမှဖြစ်သွားတော့ ပရိသတ်တွေလဲ ၀ိုင်းရယ်ကြလေတော့၏။

ဒါရိုက်တာက “မင်းကွာ လက်ညိုးမပါတဲ့ဘက်နဲ့မှကောင်းကင်ကို ထိုးပြရတယ်လို့ ဘယ်ဘက်လက်နဲ့ ထိုးတော့ ဘာဖြစ်မှမို့လို့လဲ” ပေါ့ သူ့မင်းသားကိုငေါက်ငမ်းတော့။ မင်းသားပြန်ပြောလိုက်မှ ရှင်းတော့တယ်...... “ကျွန်တော့ ဘယ်ဘက်လက်က မင်းသမီးကို ဖတ်ထားရတယ်လေ. ဘယ်ဘက်လက်နဲ့ထိုးမယ်ဆိုရင် မင်းသမီးကို လွတ်လိုက်ရမှာပေါ့..” တဲ့။ အေးရော။ တကယ်တော့ သူရရှိသည့် အခွင့်အရေးလေးကို မိမိရရယူသွားခြင်းပင် ဖြစ်တော့သည်။ တော်လိုက်တဲ့မင်းသား။

ကိုယ့်နဲ့ထိုက်တန်တဲ့အခွင့်အရေးကို ထိုက်တန်တဲ့အချိန်မှာ ရရှိမှာ အသေအချာပင်။ နေ့စဉ်ဘ၀လေးတွေထဲက တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အရေးလေးတွေကအစ တစ်စတစ်စ ဖမ်းယူစုဆောင်းတက်ဖို့ပင်။ ထို့ကြောင့် အခွင့်အရေးမှန်သမျှကို ၀ိသမလောဘ ကင်းကင်းဖြစ် ရယူနိုင်ကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP