* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 11, 2010

ပူနေးပုံရိပ် (၂)


ဓမ္မာရုံအတွင်း ပူဇော်ထား

ပင့်ဆောင်လာသည့် ရုပ်ပွားဆင်းတုတော်

ပူနေးမြို့ရဲ့ ဗုဒ္ဓဘာသာများ လှုပ်ရှားမှုတစ်ရက်
ပူနေးမြို့၏ အသွင်းအမျိုးအမျိုး၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့် အရေးများစွာတို့တွင် ဘာသာရေးနှင့် ပညာရေး နှစ်ရေးကိုတော့ အလျဉ်းသင့်သလို ဖော်ပြသွားပါမည်။

မနေ့ည (၁၀-၅-၂၀၁၀)က ပူနေးမြို့နယ်၊ ဗုဒ္ဓဘာသာရပ်ကွက်တစ်ခုမှာ ဓမ္မာရုံအသစ်ဖွင့်ပွဲနှင့် ရုပ်ပွားဆင်းတုတော် ပင့်ဆောင်ပူဇော်တဲ့ ပွဲ ပင့်၍ သွား အားပေးလိုက်သေးသည်။

ပွဲတော်က အတော်ကြီးကျယ်ပါသည်။ အိန္ဒိယပြည်ကြီးမှာ နေရာအနှံ့အပြား လူဦးရေ ထူထပ်လာသည့်အားလျော်စွာ လူဦးရေ ထူထပ်တဲ့ ရပ်ကွက်ဖြစ်တာလဲ တစ်ကြောင်း လမ်းကြောင်းများကလဲ လူဦးရေနှင့်မမျှအောင် ကျဉ်းမြောင်းတာက တစ်ကြောင်း ပြွတ်သိပ်နေအောင် စည်းကားသည်။


ရပ်ကွက်ထဲ လှည့်လည် ဘုရားပင့်ဆောင်လာသည့်ကားကြီးကလဲ မြင့်မားသဖြင့် လမ်းကြောင်းတစ်လျှောက် လျပ်စစ်ဓာတ်ကြိုးများဖြင့် ရှုပ်ထွေးနေသောကြောင့် ကိုက် ၁၅၀ လောက်မျှသာ ဝေးသည့်နေရာလေးကို တစ်နာရီကျော် လှည့်လည်ရသည်။ သီတဂူစတားတို့လည် ဘုရားပင့်ဆောင်သည့် ကားကြီးပေါ်တွင် နေရာယူလိုက်သည်၊ ပျဿနာက လမ်းဘေးဝဲယာရှိ အိမ်အပေါ်မှ ဗုဒ္ဓဘာသာကိုယုံကြည်သူများက ပန်းများဖြင့် ဘုရားကို ပေါက်ပူဇော်ကြသည်၊ သို့သော် ပန်းများက သီတဂူစတားတို့ ခေါင်း၊ နဖူးပေါ်လာမိတ်ဆက်သည်။


ဓမ္မာရုံလေးက ကျဉ်းပေမဲ့ အတော်လေး သပ်သပ်ရပ်ရပ် ရှိလှသည်၊ ထိုဓမ္မာရုံ၏ အလှူရှင်သည် တစ်ဦးတည်းသော ကုလားမိသားစုဖြစ်သည်၊ အလှူအတန်းမရှိသည့် ကုလားပြည်မှာ ဤကဲ့သို့ ရက်ရက်ရောရော အကုန်အကျခံ စွန့်လွတ်နိုင်တာဟာ အံ့သြစရာပင်။ မြန်မာ ရဟန်းတော် ၃ ပါးနှင့် ကုလားဘုန်းကြီး ၁၀ ပါးလောက်တက်ရောက်သည်၊ ကုလားဘုန်းကြီးတွေ ဘာတွေရွတ်ဖတ်လဲတော့ မသိ၊ တချို့ သမန္တာ စက္က၀ါဠေသု၊ မေတ္တာသုတ် စသည်များရွတ်သည့် အခါတော့ နားလည်၍ လိုက်ရွတ်နိုင်။


ထိုပွဲတော်ကို မာရတီဘာသာ သရုပ်ဆောင်နှင့် ဒါရိုက်တာတက်ရောက်၊ မင်းသမီးက ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဟု ဆိုလိုက်သော အခါ လက်ခုပ်တီး အားပေးကြသည်၊ မင်းသမီးက မာရတီလိုမိန့်ခွန်းပြောသည်၊ ဘာတွေပြောမှန်းတော့မသိ လူတွေကတော့ လပ်ခုတ်တဖျောင်းဖျောင်း တီးကြသည်။ ဘာသာရေးကို အကြောင်းပြုကာ နိုင်ငံရေးဟောပြောပွဲများလဲ ပါဝင်သည်။ လမ်းဘေး စဉ်မြင့်တစ်ခု ဆောက်ကာ ဟောပြောပွဲများကျင်းပသည်။

အိမ်ပေါ်က

ဒေါက်တာအမ်ဘေဒကာ၏ တပည့်များဖြစ်သည်အလျောက် ဘုရားကို ပူဇော်သလို ဘုရားလောင်းဟု ယူဆကာ ဒေါက်တာအမ်ဘေဒကာကိုလဲ ကိုးကွယ် ပူဇော်သည်၊ အမ်ဘေဒကာ ပြောသမျှကို အကုန်လက်ခံသည်၊ ဘုရားပြောတာထက် ပိုလက်ခံနေပုံရသည်၊ ဗုဒ္ဓစာပေအကြောင်း ဘာမှ လေ့လာစည်းဖူးထားခြင်း မရှိသဖြင့် ဒေါက်တာအမ်ဘေဒကာ ပြောသမျှ ဟောသမျှသည်သာ အမှန်ဟု ယူဆထားသည်၊ အတိတ် အနာဂတ်ကို လက်မခံနိုင်သလို ကံကံ၏ အကျိုးကိုလည်း ဘာမှ မသိရှာ။ ပစ္စုပ္ပန္နကမ္မ၀ါဒဟူ၍ပင် ခေါ်လောက်သည်။

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာ အိန္ဒိယပြည်ကြီးမှာ ပြန်လည် အသက်ဝင်လာတာကိုပဲ ကျေးဇူးတင်ရမှာဖြစ်ပါသည်၊ သူ့နေရာ သူ့လူနဲ့ကတော့ ဟုတ်နေတာပဲ။

သီတဂူစတား
၁၀-၅-၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP