* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 11, 2010

အေမ

ဘယ်လိုအကြောင်းတွေကြောင့်
ဘယ်ကထွက်ပြေးလာမှန်း မသိတဲ့သူကို
ခိုလှုံခွင့်ပေးခဲ့တာအမေ ။

နေပူတွေထိမှာစိုး
လေစိမ်းတွေထိမှာစိုးလို့
ကိုးလကျော်ကျော် လွယ်ပိုးပေးထားခဲ့တာ အမေ ။

စားရသမျှအစာတွေထဲက
အာဟာရဖြစ်နိုင်သမျှတွေကို
( ပါးစပ်ကလေးမှ မဟနိုင်တဲ့သူကိုမှ )
ချက်ကြိုးကတစ်ဆင့် မရောက်အရောက်ပို့ပေးခဲ့တာ အမေ ။

ရာဇ၀တ်သားပမာ ခိုကိုးရာမဲ့ရှာတဲ့သူကို
ကိုယ့်အသက်ကိုမှပဓာနမထား
လူ့လောကထဲ ထုတ်ခေါ်သွားရဲခဲ့တာအမေ ။

စကားမပြောတတ်သူရဲ့ ဘာသာစကားကို
တတ်ကျွမ်းနားလည်ခဲ့တာ အမေ ။

ဦးခေါင်းမှမထောင်တတ်သူကို
ကြည်ဖြူနိုင်ခဲ့တာ အမေ ။

အမေ-ကျန်းမာချမ်းသာပါစေ။

"This Sunday, people from over 70 countries around the world will celebrate Mother's Day.
On this day, people honor their mothers."

A mother's love is patient and forgiving when all other people are not. It never fails."
( by- Helen Rice )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP