* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 11, 2010

အစ္ဆရာသုတ်... ကဗျာ

(ပါ-၃၀+မြန်-၃၀)

အစ္ဆရာဂဏသင်္ဃုဌ= လျှောက်ထားရန် ဖြစ်ရန်ကြောင်းဟာ အဌကထာ ဖွင့်ကာထုတ်ပြပါ (ဌ-၈၀)
ဤနတ်သားဟာ သာသနာပြုပါ ရဟန်းပါ။
ဝတ်အကျင့်အား ဖြည့်ကျင့်ထား နေ့လားညလား အားထုတ်ပါ။
တစ်နေ့သောခါ လေနာရောဂါ ဖြစ်၍လာ သေရွာလားကာ နတ်ဖြစ်ပါ။
ရဟန်းအဖြစ်သာ မှတ်ထင်ကာ နေရာနတ်ပြည်မှာ။
သုံးဂါဝုတ်ကို ရွှေဆင်းလို ရှုလိုတင့်တယ်ပါ။
တစ်ထောင်နတ်သမီး ရှုမငြီး အပြီးပြုစုပါ။
သူ့ကိုသူအား ရဟန်းကား ထင်ထားမှတ်လျှက်ပါ။
ကြေးမုံမှန်ပြ မြင်ရမှ ဖြစ်ထငါဟာ နတ်သားပါ။
နတ်အဖြစ်ကို ရယူလို ကျင့်ဆိုသမဏဓမ္မမဟုတ်ပါ။
အရဟတ္တဖိုလ် ရယူလို ကျင့်ဆိုသမဏဓမ္မမပါ။
နတ်စည်းစိမ်ကား ရလွယ်သား ဘုရားပွင့်ရာ မလွယ်ပါ။
နှလုံးမသာ ဖြစ်ပြီးကာ လျှောက်ပါဗုဒ္ဓထံပါးပါ။
နန္ဒ၀န်ခေါ် ဥယျာဉ်တော် ရွှင်ပျော်နတ်တွေပါ။
နတ်ကာမဂုဏ် ပြည့်အစုံ ရှိတုံဥယျာဉ်ပါ။
ထိုဥယျာဉ်ကို လွန်မြောက်လို မေးဆိုနတ်သားပါ။
ဘုရားမြတ်စွာ လွန်မြောက်ရာ ဖြေကာနည်းပေးပါ။
လမ်းဖြောင့်လမ်းမှန် ဆိုကြပြန် မှတ်ရန် (အရယာမဂ်)လမ်းပင်တည်း။
ဘေးမရှိရာ အရပ်ဟာ မှတ်ပါမိဗ္ဗန်တည်း။
အသံမမည် ရထားသည် မှတ်ပြီးတရားစက်(အရယာမဂ်)လမ်းပင်တည်း။
အမှီတကဲ ရထားဆွဲ ကျင့်ဆဲရှက်ခြင်း (ဟိရိ) ကြောက်ခြင်း (သြတပ္ပ) ပင်တည်း။
အကာအရံ ဆိုကြပြန် မှတ်ရန်အောက်မေ့ခြင်း (သတိ) ပင်တည်း။
(ကောင်းသောအမြင်) သမ္မာဒိဋ္ဌိ ရှေ့သွားရှိ ခေါ်ဘိရထားမှူးပင်တည်း။
မိန်းမယောက်ျား ထိုဥယျာဉ်များ ရှိငြားသူဟာ နိဗ္ဗာန်ရောက်နိုင်ပါ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP