* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 11, 2010

“တရားဟောကောင်းတဲ့ ရခိုင်ဦးဇင်းလေး”

မန္တလေးသာသနတက္ကသိုလ်တွင် ရခိုင်ဦးဇင်းလေးတစ်ပါးသည် ပညာသင်ယူနေလေသည်။ တစ်နေ့ ၀ါတွင်းဥ ပုသ်တွင် နန်းရှေ့ဥပုသ်ဇရပ်မှ ထိုရခိုင်ဦးဇင်းလေးကို ပင့်လေသည်။ သို့ဖြစ်သဖြင့် ထိုဇင်းလေးကြွသွားကာ တ ရားဟောပါပြီ။ တရားဟောပြီးသောအခါ ဆုပေးလေသည်။ ဆုပေးဟန်ကား
“ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်းသူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူ စိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်းဖြစ်ကြကာ အဆုံးဘ၀နောက်ကာလ၌ ကြွက်တွင်းဝင်ကြကုန်ရာသတည်း။ ”ဟုဆုပေးလိုက်လေသည်။ ဥပုသ်သည်တို့သည်လည်း သာဓုတော့ခေါ်လိုက်ကြသည်။ သို့သော် မျက်နှာမသာ မယာနှင့်ပင်။ နောက်ရက် ထိုရခိုင်ကိုယ်တော်လေးနှင့် ရင်းနှီးသော မြန်မာကိုယ်တော်တစ်ပါးသည် နန်းရှေ့ အသိအိမ် တစ်အိမ်သို့ ရောက်သွားရာ ထိုအိမ်မှ ဒါယိကာမကြီးက
“ကိုယ်တော်တို့ တက္ကသိုလ်ကလို့ ပြောတာဘဲ ကိုယ်တော်တစ်ပါးတရားဟောသွားတာ နားကိုမလည်ဘူး၊ အသံ ကလဲ ၀ဲတဲတဲနဲ့ မြန်မာဦးဇင်းမဟုတ်ဘူးထင်ပါရဲ့၊ သူဆုပေးတာက 'ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်းသူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူစိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်းဖြစ်ကြကာ အဆုံးဘ၀နောက်ကာလ၌ ကြွက်တွင်းဝင်ကြကုန်ရာသတည်း။'ဟု ဆုပေးတယ်လေ။ တပည့်တော်တို့က လှူလဲ လှူရ သေးတယ်၊ လူဖြစ်လျှင်လဲ လူစိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်း ဖြစ်ပါစေ လို့ဆုတောင်းပေးသွား တယ်လေ၊ တပည့်တော်တို့ကတော့ လူစိမ်းလဲ မဖြစ်ချင်ပါဘူး၊ နတ်စိမ်းလဲ မဖြစ်ချင်ပါဘူး၊ ပြီးတော့ ဒါတွင်ကမ သေးဘူး အဆုံးဘ၀နောက်ကာလ၌ ကြွက်တွင်းဝင်ကြကုန်ရာသတည်းတဲ့။ ကောင်းသေးရဲ့လားဦးဇင်းရယ်၊ ကြွက်တွင်းဝင်ခိုင်းပြန်ပြီး၊ အမလေးကြွက်တွင်းတော့မ၀င်ပါရစေနဲ့။ ဟု ညည်းညူကာ လျှောက်ထားလေသည်။ ဤတွင်မှ ရခိုင်ကိုယ်တော်လေးနှင့် အတူနေသော မြန်မာကိုယ်တော်လေးက ချက်ချင်းဘဲ သဘောပေါက်ကာ
“ဒကာမကြီး မနေ့က တရားဟောသွားတာ ဦးဇင်းရဲ့ သူငယ်ချင်းရခိုင်ကိုယ်တော်လေးပါ။ သူက မြန်မာစကားကို ပီသအောင် မပြောတတ်တော့ ဒကာမကြီးတို့က တစ်မျိုးထင်တာပေါ့။ သူဆိုလာတာက အဲဒီလိုမဟုတ်ဘူး၊ ဆိုလိုတာက
“ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်း သူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူ စည်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စည်းစိမ်းတို့နှင့် ပြည့်စုံကြကာ အဆုံးဘ၀နောက်ကာလ၌ ကျွတ်တမ်းဝင်ကြကုန် ရာသတည်း။”ဟု ဆုပေးတာပါ ဒကာမကြီးရယ်၊ ထိုကိုယ်တော်လေးကို တစ်မျိုးမထင်ပါနဲ့။”ဟု ဘာသာပြန် ပြရလေသည်။ ထိုအခါမှ ဒါယကာမကြီးသည်လည်း
“အော် အဲဒီလိုလားဘုရား၊”ဟု နားလည်သွားကာ ကျေနပ်နှစ်သက်သွားလေသည်။
“အော် ရခိုင်ကိုယ်တော်လေးရေ ဘာသာပြန်ပါပေလို့ပေါ့၊ ဘာသာပြန်မပါလျှင်ကား နောက်နှစ်ဥပုသ်ဇရပ်နဲ့ တော့ဝေးရမှာကို မြင်ယောင်မိပါသေး၏၊“
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP