အမေ (မိခင်များနေ အမှတ်တရ)


‘‘ အမေ ’’
အမေဆိုတာ
ကွဲပြားခြားနားမှုမရှိ
တသားတည်း ရှိနေမှုဟာ
အမေတွေရဲ့  မြင့်မြတ်မှုတရား ၊
အမေဆိုတာ
ဘာသာတွေ ဘယ်လိုကွဲပြားပြား
အသားအရောင်တွေ ဘယ်လိုခြားနားနား
တိုင်းပြည်တွေဘယ်လိုဝေးဝေး
အမေတွေရဲ့ သွေးတွေဟာ
အနီရောင်က အဖြူရောင်ဖြစ်
နို့ ချိုတွေဖြစ်စေခဲ့တာ
အမေတွေရဲ့မေတ္တာ တရား ။။။
အမေဆိုတာ
မေတ္တာတွေ အနန္တ
မရဏသေမင်းကို အန်တု
ရင်သွေးတွေ ထုဆစ်
အမေတွေရဲ့  မေတ္တာတရားဟာ
ကြီးးမား များပြား
ငါတို့ ဝတ်တွားဂုဏ်ပြုကြမယ် ။။။
အမေဆိုတာ
ကမ္ဘာမြေ ပျက်သုဉ်းပေမယ့်
ဘယ်တော့မှ မသုဉ်း
ဘယ်တော့မှ မကြေ
ဘယ်တော့မှ မသေ
အဲဒါ ငါတို့ တွေရဲ့ အမေ ။။။
ခိုင်(မေဃ၀တီ)
Posted by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်) on တနင်္ဂနွေနေ့၊ မေလ ၉၊ ၂၀၁၀
categories:

0 comments:
Post a Comment