* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 21, 2010

*လူဖြစ်ကျိုးနပ်စေရန်လိုအပ်ချက်ခြောက်ပါး*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

“ဖြစ်လာခဲလှ၊ ဒုလ္လဘတည့်၊
အရတော်ပြန်၊ လူဖြစ်မှန်သော်၊
လက်မွန်ဦးစွာ၊ ကင်းအနာနှင့်၊
ရောဂါမစပ်၊ မြတ်သောလာဘ်ကို၊
လိုအပ်သည်သာ၊ ထိုနောက်မှာလျှင်၊
ငါးဖြာပဉ္စသီ၊ ထိန်းစောင့်ညီလျက်၊
ထိုပြီနောက်တည့်၊ ပညာရှိထံ၊
နည်းခံဆုံးမ၊ နောက်မှတပါး၊
မြင်ကြားရှာဖွေ၊ နောက်ပေသုစရိုက်၊
ကိုယ်၌မကွာ၊ တည်စေရာ၏၊
တဖြာထိုမှ၊ ဓနရှာခြင်း၊
မပျင်းလုလ္လ၊ ၀ီရိယကို၊
ဖြစ်သစေရာ၊ ဤခြောက်ဖြာကား၊
လူ့ရွာ၌မှီ၊ လူဟူပြီတို့၊
လောကီ လောကုတ်၊
မယုတ်အကျိုး၊ မညှိုးစင်စစ်၊ ပွားကြောင်းဖြစ်၏”

(မဃဒေ၀)
ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP