* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 21, 2010

ထူးထူးဆန်းဆန်း ခြေခြောက်ချောင်းနဲ့ နွားလေးတစ်ကောင်ကို မြန်မာနိုင်ငံမှာတွေ့ရှိ


လားရှိုး၊ မေ ၁၀- မတ် ၁၉ရက်တွင် မထင် မှတ်ဘဲ ရပ်ကွက်(၈)၊ နယ်မြေ(၁၃)၌ နေ
သော ပိုင်ရှင်ဦးသန်းမြင့်ဝယ်လာသော နွားထီးလေးတစ်ကောင်မှ ဘို့မှာကွဲထွက်၍
ခြေနှစ်ချောင်း ထွက်လာသည်ဟု မိတ်ဆွေ ကိုဝင်း နေရှင်နယ်ဘက်ထရီ(လားရှိုး)၏
ပြောပြချက်ကြောင့် ကြားကြားခြင်းလုံးဝ ယုံကြည်မှုမရှိ၊ မဖြစ်နိုင်၊
သံသယများနှင့် ကိုယ်တိုင် (ဒစ်ဂျစ်တယ်) ကင်မရာထည့်ပြီး ကိုဝင်း
နေရှင်နယ်ဘက်ထရီပြောလိုက် သည့် လိပ်စာအတိုင်းသွား၍ နွားအထီး တစ်ကောင်
ဘို့ကွဲပြီးခြေနှစ်ချောင်းထွက် နေသည်ကို ကိုယ်တွေ့ကြုံလိုက်ရမှ ယုံရပါ
တော့သည်။
အဲ့ဒီလို ခြေနှစ်ချောင်းထပ် ထွက်လာလို့ နွားအထီးလေးမှာ ချူချာပြီး အာဟာရချို့တဲ့တာတွေမရှိဘဲ (ပုံပါအတိုင်း)
တက်ကြွရွှင်လန်းစွာ အစားသောက်မပျက် ရှိနေကြောင်း ဘို့အနားက ထပ်ထွက်လာ တဲ့ ခြေလေးနှစ်ချောင်းက နွားထီးလေးရဲ့ရှေ့ လက်နှစ်ချောင်းနှင့်ဆက်စပ်နေပြီး အသက်
ဝင်လှုပ်ရှားမှုရှိကြောင်း နွားပိုင်ရှင် ဦးသန်း မြင့်၏ အိမ်မှ လူငယ်များက
ပြောသည်။ from D.U.F site

Posted by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်) on ကြာသာပတေးနေ့၊ မေလ ၂၀၊ ၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP