* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 21, 2010

အစည်းအဝေး မှတ်တမ်း

အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့

အလုပ်အမှုဆောင်များ၊ ပညာရေးကော်မတီဝင်များ၊ အဖွဲ့ဝင်ရဟန်းတော်များ၏

ဧကာဒသမနှစ် ပထမလေးလပတ်အစည်းအဝေး မှတ်တမ်း

သဘာပတိဆရာတော် ဦးပညာသာမိ(ဥက္ကဋ္ဌ)

အခမ်းအနားမှူး ဦးဝိစိတ္တသာရ(အထွေထွေအတွင်းရေးမှူး)

ကျင်းပသည့်နေရာ မြန်မာရဟန်းတော်များ ပညာရေးဗိမာန်၊

ဗုဒ္ဓဂယာ၊ ဘီဟာ၊ အိန္ဒိယ။

ကျင်းပသည့်နေ့ ၁၃၇၂ - ခုနှစ် ။ နယုန်လဆန်း ( ၂ ) ရက် ။

(14.05.2010) သောကြာနေ့ ။

ကျင်းပသည့်အချိန် နေ့လည် ( ၁၂ ) နာရီ။

တက်ရောက်သည့်ဦးရေ အဖွဲ့ဝင်ရဟန်းတော် ( 25 ) ပါး။

အစည်းအဝေးကို အောက်ပါ အစီအစဉ် (၇)ရပ်ဖြင့် ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနား အစီအစဉ် (၁)

နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ရန်။

အခမ်းအနား အစီအစဉ် (၂)

ဗဟိုဥက္ကဋ္ဌဆရာတော်မှ အဖွင့်အမှာစကားပြောကြားရန်။

အခမ်းအနား အစီအစဉ် (၃)

ဌာနအသီးသီးရှိ ဘဏ္ဍာရေးမှူးများမှ ဘဏ္ဍာငွေ စာရင်းရှင်းတမ်း ဖတ်ကြားရန်။

အခမ်းအနား အစီအစဉ် (၄)

ပညာရေးကော်မတီများမှ ပထမလေးလပတ်အတွင်း ဆောင်ရွက်ချက်မျာက်းကို ရှင်းလင်း လျှောက်ထားရန်။

အခမ်းအနား အစီအစဉ် (၅)

ပညာရေးကော်မတီအဖွဲ့ဝင်များရေးဆွဲထားသော ပညာရေးကဏ္ဍ အခြေခံမူကြမ်းကို တင်သွင်း လျှောက်ထားရန်။

အခမ်းအနား အစီအစဉ် (၆)

ကျောင်းတော်ကြီးထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ အခြေခံဥပဒေမှုကြမ်း တင်သွင်းရန်နှင့် အထွေထွေ လုပ်ငန်းဆိုင်ရာများ ဆွေးနွေးကြရန်။

အခမ်းအနား အစီအစဉ် (၇)

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းရန်။

အစီအစဉ်(၁)အရ

ကြွရောက်တော်မူလာကြသော ရဟန်းတော်များမှ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြပါသည်။။

အစီအစဉ် ( ၂ )အရ

ဥက္ကဋ္ဌဆရာတော်မှ အဖွင့်အမှာစကားပြောကြားရာတွင် ''ယခုလို လေးလပတ် အစည်းအဝေး မှာ သံဃာတော်များအားလုံး စုံစုံညီညီ ဖူးတွေ့ခွင့်ရသဖြင့် ၀မ်းသာပါကြောင်း၊ အမှုဆောင် ကော်မတီဝင်များ၊ ကျောင်းတော်ကြီးထိန်းသိမ်းစောင့်ရှေက်ရေးကော်မတီများ၊ ပညာရေးကော်မတီ များဖြင့် သိုက်သိုက်ဝန်းဝန်း ယခုကဲ့သို့ လေးလပတ်အစည်းအဝေးမျိုး မကြုံဘူးပါကြောင်း၊ ထူးခြား သည့် ဧကာဒသမနှစ် ပထမလေးလပတ် အစည်းအဝေးတွင် ထူးခြားသည့် အကြံဉာဏ်များ၊ တင်ပြချက်များကို အထူးမျှော်လင့်ပါကြောင်း၊ E.C တို့ကလည်း E.C တို့အလျှောက်၊ ကျောင်းတော် ကြီး စောင့်ရှောက်ရေးအဖွဲ့တို့ကလည်း အဖွဲ့အလျှောက် ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဆွေးနွေးအကြံပြုကြလျင် အဖွဲ့ကြီးသည် ရေရှည်တိုးတက် ခိုင်မာလာမည် ဖြစ်ပါကြောင်း'' တိုက်တွန်းသွားပါသည်။

အစီအစဉ် ( ၃ )အရ

ဘဏ္ဍာရေးမှူးများဖြစ်ကြသည့် ဗာရာဏသီဌာနမှ ဦးသုန္ဒရ၊ နာလန္ဒာဌာနမှ ဦးဥတ္တမ၊ မာဂဓဌာနမှ ဦးတိက္ခဉာဏတို့မှ ပထမလေးလပတ်ဘဏ္ဍာငွေ စာရင်းရှင်းတမ်းများကို ရှင်းလင်း တင်ပြကြပါသည်။

ဗာရာဏသီဌာန ဦးစန္ဒိမာမှ နှစ်စဉ်ကြေး အဖွဲ့ဝင်ကြေးများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး၊ လက်ရှိ မိမိ၏ဘဏ်အကောင့်ကို လွှဲပြောင်းရန်ကိစ္စကို ဆက်လက်တင်ပြပါသည်။ မဂဓဌာနမှ ဦးဇ၀နအား လွဲပြောင်းပေးရန် E.C အဖွဲ့ဝင်များက သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။

အစီအစဉ် ( ၄ )အရ

ပထမလေးလပတ်အတွင်း ဌာနအသီးသီး ပညာရေးကော်မတီဝင်များမှ သင်တန်းများ ဆောင်ရွက်မှု အခြေအနေများကို တင်ပြကြပါသည်။

နာလန္ဒာဌာန ဦးသုဇယဉာဏမှ မိမိ၏စာဝါပို့ချမှု့အခြေအနေနှင့် ဦးသုတာစာရာလင်္ကာရ၏ ဓမ္မပဒ ပို့ချမှုတို့ကို တင်ပြပါသည်။

မာဂဓဌာန ဦးဇ၀နမှ ဇန်န၀ါရီလ (၄) ရက်မှ စတင်ပြီး ဦးဇ၀န ဦးပညာသာမိ၊ ဦးပညာစက္က၊ ဦးဇောတိကတို့၏ သင်တန်းပို့ချမှုများ၊ ၎င်းနောက် တနင်္ဂနွေနေ့တိုင်း ဦးဇာနေယျ ဦးဆောင်၍ ဆွေးနွေးမှုများကို ပြုလုပ်ကြောင်း၊ ဦးဇာနေယျ မြန်မာပြည်ပြန်သောအခါ မိမိ (ဦးဇ၀န) မှ စာမေးပွဲကာလအထိ ဆက်လက် လုပ်ဆောင်ကြောင်းကို အသီးသီး ရှင်းလင်းတင်ပြကြပါသည်။

ဥက္ကဋ္ဌဆရာတော် ဦးပညာသာမိမှ ဆက်လက်ဆွေးနွေးရာတွင် "မဟာယာနဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ဆွေးနွေးမှုများပြုလုပ်ကြကြောင်း၊ ယင်းသို့ပြုလုပ်ခြင်းဖြင့် ထေရ၀ါဒနှင့် မဟာယာန ရင်းနှီးကျွမ်းဝင်မှု အသိဉာဏ်ဖလှယ်ခွင့်ရမှု စသည့်အကျိုးကျေးဇူးများရရှိပါကြောင်း၊ ဥပမာ-ထေရ၀ါဒဗုဒ္ဓဘာသာတွင် ပါရမီ (၁၀) ပါးရှိသော်လည်း မဟာယာနတွင်မူ (၆)ပါးသာ ရှိကြောင်း၊ မဟာယာန-ထေရ၀ါဒဂိုဏ်းကွဲမှုသည် ထေရ၀ါဒစာပေအရ ဒုတိယသံဂါယနာမှ စတင်ကွဲပြားခြင်းဖြစ်သည်ဟုဆိုသော်လဲ မဟာယာနစာပေအရ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ် အခါကပင် ကွဲပြားရန် စတင်နေပြီဖြစ်ကြောင်း စသည်တို့ကို သိရှိရပါကြောင်း" ဖြည့်စွက် လျှောက်ထားပါသည်။

ဗာရာဏသီဌာန ဦးဉာနောဘာသာလင်္ကာရမှ

(၁) ဦးဓမ္မသီလာဘိဝံသမှ ပိဋကတ်ဆိုင်ရာ သင်တန်းများ။

(၂) ဦးဝိစိတ္တမှ အင်္ဂလိပ်စာသင်တန်းများ

(၃) ဆက်သွယ်ရေးအင်္ဂလိပ်စာသင်တန်းများ

(၄) ဒေါက်တာအရှင်ကေ၀လာနန္ဒနှင့် ဒေါက်တာသာသနတို့၏ ကွန်ပျူတာသင်တန်းများ

(၅) ဦးဉာနောဘာသာလင်္ကာရ၏ ရာမာယဏဇာတ်တော်ကို ဟိန္ဒီဘာသာဖြင့် သင်ကြားခြင်း

(၆) ခေတ်သစ်ပါဠိသင်တန်းတို့ကို သင်ကြားခြင်း-တို့ကို တင်ပြပါသည်။

ဖြည့်စွက်၍ ဦးဝိစိတ္တမှ အသေးစိတ်ရှင်းလင်း တင်ပြဆွေးနွေးသွားပါသည်။

အစီအစဉ် ( ၅ ) အရ

ဦးနန္ဒသာရ (B.H.U) မှ ပညာရေးကော်မတီ၏ ဦးတည်ချက်နှင့် အခြေခံဥပဒေမူကြမ်းကို တင်ပြ လျှောက်ထားပါသည်။ ထည့်သွင်းလိုသည်များ နှုတ်ပယ်လိုသည်များကို တင်ပြနိုင်ပါကြောင်း ထပ်လောင်းပြောကြားပြီး၊ ဗာရာဏသီဌာန၊ ပညာရေးကော်မတီ၏ အလှူခံရရှိငွေ စာရင်းများကို ရှင်းလင်းတင်ပြအပ်နှံသွားခဲ့ပါသည်။

အစီအစဉ် ( ၆ ) အရ

အခမ်းအနားမှူးဆရာတော်ဦးဝိစိတ္တသာရမှ "ကျောင်းတော်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီနှင့် ပတ်သက်၍ စည်းကမ်းများ ရေးဆွဲနိုင်ရေးအတွက် သီတဂူဆရာတော် ရောက်ရှိလာစဉ် တင်ပြ လျှောက်ထားခဲ့ပါကြောင်း၊ သီတဂူဆရာတော်ကြီးမှ အုပ်ချုပ်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေတို့ကိုလည်း ကွဲကွဲပြားပြား ရေးဆွဲထားသင့်ကြောင်း၊ ထို့ကြောင့် ကျောင်းတော်ကြီး စောင့်ရှောက်ရေးကော်မတီဝင်များက ဥပဒေမူကြမ်း ရေးဆွဲပေးပါရန်" တင်ပြ လျှောက်ထားခဲ့သည်။

ကျောင်းတော်ကြီးစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌဦးပညာဒီပမှ "ထိန်းသိမ်း စောင့်ရှောက် ရေးကော်မတီဆိုင်ရာ ဥပဒေမူကြမ်းကို ဦးကစ္စာယနစသည့် နောင်တော်ကြီးများ ရေးဆွဲထားခဲ့ ပြီးဖြစ်ကြောင်း၊ မိမိကလည်း ထပ်မံဖြည့်စွက်ရေးဆွဲထားကြောင်း" တင်ပြပြီး၊ ၎င်းကို ဒုတိယလေးလ ပတ်တွင် ဆွေးနွေးအတည်ပြုကြရန် ဆုံးဖြတ်ခဲ့ကြသည်။

အဖွဲ့ကြီး၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများကိုဆွေးနွေးကြရာ-

ဗာရာဏသီဌာနဥက္ကဋ္ဌဆရာတော် ဦးဓမ္မသီလာဘိဝံသမှ "စိတ်ဝမ်းကွဲတာမျိုး မညီညွှတ်တာမျိုး များ မဖြစ်ရအောင် သံဃာအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ အပြင်မှာ ဖြစ်တာထက် ကျောင်းတော် ကြီးအတွင်း ဖြစ်ခဲ့သော် မည်ကဲ့သို့ အရေးယူသင့်ပါသနည်းဆိုတာ စဉ်းစားရမည် ဖြစ်ကြောင်း၊ အဖွဲ့ကြီး၏ ဂုဏ်သိက္ခာထိပါးကျဆင်းစေမည့်လုပ်ရပ်များကို တစ်စုံတစ်ခုသော အပြစ်ပေးပိုင်ခွင့်နှင့် ဥပဒေများရှိသင့်ပါကြောင်း၊ သီရိလင်္ကာနိုင်ငံတွင် သံရုံးက ၀င်ရောက်ဆောင်ရွက် ဖြေရှင်းပေးတာ မျိုးရှိကြောင်း၊ ထို့ကြောင့် သေသေသပ်သပ် စည်းကမ်းတကျ ဖြစ်သင့်ပါကြောင်း၊ အဖွဲ့ဝင်များက ၎င်းကိစ္စများကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်တိုင်း တာဝန်သိသင့်ပါကြောင်း၊ စည်းမရှိ၊ ကမ်းမရှိ ပရမ်းပတာအဖွဲ့အစည်းမျိုး မဖြစ်သင့်ပါကြောင်း၊ လူဝတ်ကြောင်တို့ ယုံကြည်ချက်ဖြင့် ရင်းနှီးလှူဒါန်းမှုများကို ထိုက်တန်အောင် ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ရဟန်းလည်းဖြစ်ပြန် ခေတ်ပညာတတ်ကြီးများဟုလည်း အထင်ခံထားရသူများက ဒီကိစ္စများကို လုံးဝမပြုမူသင့်ကြောင်း" ပြောဆိုဆွေးနွေးတော်မူသည်။

တက်ရောက်လာသော သံဃာတော်များ ၀ိုင်းဝန်းဆွေးနွေးကြရာတွင် ဗာရာဏသီဌာန ဦးနန္ဒသာရမှ ဗာရာဏသီမြို့၊ ဆေးဝင်္ကဘာကျောင်းတိုက်ကြီး၏ လက်ရှိစည်းမျည်းစည်းကမ်း များနှင့် ဖွဲ့စည်းပုံများကို တင်ပြလျှောက်ထားရာတွင် "ဆေးဝင်္ကဘာကျောင်းဆရာတော် ပျံလွန်တော်မူချိန်မှစ၍ ကျောင်းတော်ကြီးကို စောင့်ရှောက်နိုင်ရန်အတွက် Volunteer (စေတနာ့ဝန်ထမ်း) ဆယ်ပါးရွေးချယ်ကြောင်း၊ ထို့နောက်မှသာ အလှည့်ကျ သံဃာများ ရွေးချယ်၍ စောင့်ရှောက်ခဲ့ကြောင်း၊ ထို့ကြောင့် ပညာရေးဗိမာန်ကျောင်းတော်ကြီးကိုလည်း ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် မဂဓသံဃာတော်များမှ အလှည့်ကျသံဃာတော်များ ရွေးချယ်သင့်ကြောင်း" တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့ပြင် ဗာရာဏသီဌာနအတွင်းရေးမှုးဆရာတော် ဦးသောဘဏာလင်္ကာရမှ "E.C ဥက္ကဋ္ဌဆရာတော်၏ လုပ်ပိုင်ခွင့်အာဏာအား အပြည့်အ၀ ပေးအပ်ရန်၊ ဆိုလိုသည်မှာ အပြစ်ကျူးလွန်သော အဖွဲ့ဝင် ရဟန်းတော်များကို ခေါ်ယူဆိုဆုံးမခြင်း၊ ကျောင်းတိုက်မှ အပပြုခြင်းစသည့် လုပ်ပိုင်ခွင့်များကို အခြေခံစည်းမျဉ်းစာအုပ်တွင် ထည့်သွင်းသင့်ကြောင်း" ဆွေးနွေးတင်ပြပါသည်။

ကျောင်းတော်ကြီးအတွင်းနေထိုင်သူများနှင့် ပတ်သက်၍ စည်းကမ်းချက်များကို ဆွေးနွေးရာတွင် "နေထိုင်မူဆိုင်ရာ စည်းကမ်းများကို ထုတ်ပြန်၍ ဤကျောင်းတော်ကြီးအတွင်း နေထိုင်သော မည်သည့်ပုဂ္ဂိုလ်မဆို ချမှတ်ထားသော စည်းကမ်းများနှင့် ဥက္ကဋ္ဌဆရာတော်၏ ဆိုဆုံးမမူများကို တစ်သွေမတိမ်း လိုက်နာကြရမည်ဖြစ်ကြောင်း" ဆွေးနွေးခဲ့ကြသည်။ ကျောင်းတိုက်အတွင်း နေထိုင်သူတို့ လိုက်နာရန် ချမှတ်ထားသည့် စည်ကမ်းများကို စာဖြင့်အသိပေးထုန်ပြန်၍ စည်းမျဉ်းဥပဒေသည် အသက်ဝင်ဖို့ လိုအပ်ကြောင်း တင်ပြဆွေးနွေးကြသည်။

ဆက်လက်၍ ညီညွှတ်ရေးကို ပျက်ပြားစေသော ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ဖြစ်ပွားခဲ့သော် ချမှတ်သင့်သော ပြစ်ဒဏ်များကို ဆွေးနွေးကြရာ-

ဥက္ကဋ္ဌဆရာတော်များမှ ခေါ်ယူ၍ ဆုံးမသြ၀ါဒပေးကြရန်နှင့်

ကျောင်းတော်ကြီးသို့ ၀င်ထွက်သွားလာ ခွင့်မရှိစေရ

ဟု တစ်ညီတစ်ညွှတ်တည်း ဆုံးဖြတ်ခဲ့ကြပါသည်။

၎င်းအတည်ပြုချက်အရ ယခင်ဖြစ်ပျက်ခဲ့သည်များကို ပလပ်၍ နောက်နောင်ဖြစ်ပေါ်လာမည့် အရေးကိစ္စများကို အရေးယူဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယလေးလပတ်အတွင်းလုပ်ဆောင်သင့်သော ကိစ္စရပ်များကို ဆွေးနွေး ကြရာ ဥက္ကဋ္ဌဆရာတော်မှ

(၁) သံရုံးမှပေးပို့သော စာတွင် ပါရှိသော အဖွဲ့ဝင်သံဃာစာရင်းကို update

ပြုလုပ်ပေးကြရန်။

(၂) Norway-English-Myanmar Dictionary ပြုစုနိုင်ရေးအတွက်

ပညာရေးကော်မတီလက်အောက်ခံ အဘိဓာန်ပြုစုရေးအဖွဲ့ငယ်ကို ဖွဲ့စည်းရန်။

၎င်းကိစ္စရပ်နှင့် ပတ်သက်၍ ဒုတိယလေးလပတ်အစည်းအဝေးမတိုင်မီ တက္ကသိုလ်အသီးသီးမှ အဖွဲ့ဝင်ရဟန်းတော်များပါဝင်သော အဘိဓာန်ပြုစုရေးကော်မတီ ဖွဲ့စည်းရန်နှင့် ဒုတိယလေးလပတ်အစည်းအဝေးတွင် ဆုံးဖြတ်ကြရန် ဆွေးနွေးခဲ့ကြပါသည်။

(၃) International Tipitaka Chantingတွင် ကျင်းပသော တရားပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ရဟန်းတော်ငါးပါးရွေးချယ်ရန်။

(၄) ဘာသာစကားသင်တန်းများ၊ ဆက်သွယ်ရေးသင်တန်းများ၊ ကမ္မဋ္ဌာနာစရိယ သင်တန်းများ

ဖွင့်လှစ်ရန်တင်ပြလာရာ တက်ရောက်လာသော သံဃာတော်တို့မှ ဆွေးနွေးခဲ့ကြပါသည်။

၎င်းကိစ္စရပ်နှင့် ဆွေးနွေးကြရာတွင် ဥက္ကဋ္ဌ၏ဆရာတော်မှ "အင်္ဂလန်မှ ဆရာများ၊ ဦးနေဇင်လတ်ကဲ့သို့ ဆရာကြီးများကို ခေါ်ယူ၍ သင်တန်းအားလုံးကို E to E စနစ်ဖြင့် ပို့ချရန် စီစဉ်ထားကြောင်း" ပြောကြားရာ အထွေထွေအတွင်းရေးမှူးဆရာတော် ဦးဝိစိတ္တသာရမှ "E to E စနစ်သည် ကောင်းမွန်သော်လည်း Management သင်တန်းများ၊ Communicate သင်တန်းများတွင် မြန်မာဘာသာဖြင့် ပို့ချခြင်းကသာ ပိုမိုထိရောက်ကြောင်း၊ မိမိအတွေ့အကြုံအရ မြန်မာဘာသာဖြင့် အသင်အပြကောင်းမွန်သော်လည်း Englishဘာသာဖြင့် ပို့ချရာတွင် လုံးဝနားမလည်ကြောင်း၊ ထို့ကြောင့် Language သင်တန်းများမှအပ အခြားသင်တန်းများကို မြန်မာဘာသာဖြင့်သာ ပို့ချသင့်ကြောင်း" ဆွေးနွေးသွားပါသည်။

ပညာရေးကဏ္ဍများနှင့် ပတ်သက်၍ သင်တန်းများဖွင့်လှစ်ပို့ချရာတွင် အချိန်ကာလ သတ်မှတ်သင့်ကြောင်း သင်တန်းဆရာများက အတွေ့အကြုံများပေါ် အခြေခံ၍ ဆွေးနွေးတင်ပြကြပါသည်။ ဆက်လက်၍ ဦးသောဘနာလင်္ကာရမှ ဆေးဝင်္ကဘာကျောင်းတိုက် အကြီးအကဲထားရှိရေးကိစ္စနှင့်ပတ်သက်၍ "ဗုဒ္ဓဂယာမြန်မာကျောင်း ဆရာတော်ဘုရားကြီး၏ သြ၀ါဒနှင့်အညီ ကျောင်းသားများဖြင့် ဖွဲ့စည်းထားသော ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ လက်အောက်ရှိ ဆေးဝင်္ကဘာကျောင်းတော်ကြီး၌ လက်ရှိ စောင့်ရှောက်နေသော ဦးမဏ္ဍလအား ၀ါဆိုအမီ ကျောင်းတိုက်၏အကြီးအကဲ အဖြစ်ခန့်အပ်ရန်" တင်ပြခဲ့ရာ ဥက္ကဋ္ဌဆရာတော် ဦးပညာသာမိမှ ကန့်ကွက်ရန်မရှိ သဘောတူပါကြောင်းနှင့် ဦးစန္ဒိမာမှ ဆေးဝင်္ကဘာ ကျောင်းတိုက်ကြီး၏ ဆွမ်းပဒေသာပင်မှစ၍ ကျန်ရှိငွေများကို ရှင်းလင်းတင်ပြပါသည်။

အစီအစဉ် ( ၇ )အရ

ကြွရောက်တော်မူလာကြသောသံဃာတော်များက “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်းရွတ်ဆို၍ ပထမလေးလပတ်အစည်းအဝေးကို နေ့လည် (2:30) အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းလိုက်ကြပါသည်။

အစည်းအဝေးမှတ်တမ်းတင်သူများ

ဦးဝိလာသဂ္ဂါလင်္ကာရ(မဂဓ)

ဦးဇနက(မော်လူး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP