* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 17, 2010

ယခင်နဲ့ယခု

အနောက်ဘက်ကတက်လာမဲ့ တိမ်မဲညိုကို ကျနော်မျှော်မိနေတယ် နေ၀င်ချိန်တိမ်တောက်ပြီး လှနေတဲ့ ဆည်းဆာကို ငေးကြည့်ရတဲ့ အခိုက်အတန့်ကို ကျနော်ချစ်ခဲ့ဖူးပါသည်၊ တိမ်တွေရောင်စုံနဲ့ နေ၀င်တဲ့အလှကို ကျနော်မက်မောခဲ့ဖူးပါသည် ပငိလယ်နားကလူမို့ လဆန်း တစ်ရက် နှစ်ရက်တွေမှာ ဒီရေတက်ချိန်တွေမှာ လှိုင်းခေါင်းဖြူတွေက ကမ်းကိုတိုက်ပြီးရေအ၀င် ငှက်ဇင်ယော်ကအလိုက်သင့်လှိုင်းစီး နေမင်းကြီးက တောင်စွယ်အ၀င် အနောက်မြောက်လေက အေးနေအောင်တိုက် ပင်လယ်က ရောင်စုံဖြစ်နေတဲ့အခိုက်ကို တရှိုက်မက်မက် ကျနော်ချစ်ခဲ့ဖူးပါ၏် ထိုသို့တွယ်တာခဲ့ဖူးချိန်က ကျနော် တိမ်မဲညိုတို့ကို မုန်းခဲ့ဖူးပါသည်၊ သူတို့ ကြောင့် ကျနော်ချစ်သော ရောင်စုံတိမ်တို့ပျယ်လွင့်ကွယ်ပျောက်ခဲ့ရသည်၊ တိမ်မဲညိုတို့လာသည်နှင့် လေပြေတို့သည် လေးရိုင်း၊ လှိုင်းကြက်ခွပ်လေးတို့သည် ကြောက်မက်ဖွယ်လှိုင်းလုံးကြီင်္းများအဖြစ်သို့ တခဏခြင်း ပြောင်းလွဲသွားတတ်ကြသည်၊ ငြိမ်သက်နေတဲ့ပင်လယ်ပြင်က ၀ုန်းဒိုင်းကြဲနေတဲ့ အမူးသမားတစ်ယောက်လို ယိမ်းထိုးလှုပ်ရှားလာတတ်ပြန်သည်၊ သည်လိုအချိန်မျိုးမှာ နေကွယ် လပျောက် တိမ်မှောက်ပြီးမှောင်နေတာကိုကျနော်မကြိုက်…သို့သော် အခုကျနော်သည် တစ်ခါတုံးက မုန်းခဲ့ဖူးသော တိမ်မဲညိုကို တမ်းတနေပါသည်။

လာမနိုးနိုးနဲ့ကျနော်အနောက်ဘက်ကိုမျှော်သည်တိမ်တွေဖြူနေတုံး၊အရှေ့ဘက်ကိုကြည့်ည် ကောင်းကင်ကြီးက ပြာနေတုံး၊တစ်ချိန်တုံးကကျနော်မက်မောစွာငေးမောကြည့်ခဲ့ဖူးသော ကောင်းကင်ပြာကိုကျနော်မျက်နာလွဲပြီး တောင်ဘက်ဆီလှမ်းကြည့်ပြန်တော့ ဘော်ငွေရောင် အနားကွပ်နဲ့ တိမ်တွေတောက်နေတုံးပါလားဟယ်… ဟူး..ဘယ်ရောက်နေလဲ တိမ်မဲညို..လူတွေငိုတာမကြားရော့ထင့်။

လာချိန်တန်ပါလျှက် အိမ်ပြန်မရောက်တဲ့ သားကိုမျှော်နေသလို လူတွေနင့်ကိုမျှော်ကြတယ် တချို့ကလည်း အပြစ်တွေပြောကြတယ် တကယ်တော့နင့်အပြစ်လည်းမဟုတ် ငါတို့ရဲ့ အတောမသတ်နိုင်တဲ့လောဘက နင့်ကိုအိမ်ကလိုက်ထုတ်ပစ်သလိုဖြစ်နေတာကိုး နင့်အဖေါ်တွေဖြစ်တဲ့ အစိမ်ရောင်တောတွေကို ငါတို့က မျိုးတုံးပြီး အရောင်ပြောင်းခဲ့ကြတာလည်းပါတယ် ပြီးတော့ နင့်အိမ်ပြန်လာတာကိုကြိုဖို့ ဂုဏ်သိက္ခာရှိတဲ့
နင့်ကို ပြန်ခေါ်နိုင်တဲ့ ကိုယ်ကျင့်တရားက ငါတို့မှာမရှိဘဲ နင်ထင်ရာစိုင်းပြီပေါ့ လာချင်လာမယ် မလာချင် မလာဘူး..နင့်သဘောပေါ့လေ။ ဆင်ကိုနိုင်ဖို့ချွှန်းရှိရမယ်ဆိုတာကို ငါတို့သိပေမဲ့ နင့်ကိုနိုင်ဖို့ သီလရှိရမဲ့အစား တဏှာတွေကိုကြီးသထက်ကြီးအောင် ငါတို့မွေးမြူခဲ့ကြတာကိုးလေ။

လာခဲ့ပါတော့ တိမ်မဲညို။ လောဘကို အတောမသတ်နိုင်တဲ့ ငါ့လိုလူတွေကို နင်မကျေနပ်ရင်လည်း ရှိပါစေတော့လေ၊ ဘာမှမသိအပြစ်ကင်းတဲ့ လူသေးသေးလေးတွေအတွက် နင်ပြန်လာပေးပါ။ ကောင်းကင် ကျောခိုင်း နားထိုင်းပြီးနေတဲ့ သက်ကြီးသူတွေအတွက်ပြန်လာပါ၊ မြေကြီးမှာနွားလိုရုံး ပြီးငါတို့စားမဲ့စပါးကို စိုက်နေတဲ့ ကျေးဇူးရှင်ကြီးများအတွက် ပြန်လာပါ။

တိမ်မဲညိုလာခါမှ ရွာချမဲ့မိုးကိုမျှော်ရင်း…အကျင့်ဖျင်းသထက်ဖျင်းလာတဲ့ ငါ့ကိုယ်ငါမုန်းတယ်။

အတောမသတ်နိုင်တဲ့ လောဘကိုရင်မှာပိုက်ပြီး အစိမ်ရောင်ကွင်းပြင်ကို အရောင်ပြောင်းမိတဲ့ ငါ့ကိုငါလည်းမုန်းတယ်။

ငြိမ်းချမ်းကြပါစေ
ဥပသကာ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP