* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 17, 2010

သာစည်မြို့ဆိုတဲ့ ဆိုင်းဘုတ်ကြီးမတွေ့ခဲ့ဘူးထင်နေတာ

တစ်နေ့ ဦးဒတ္တ သူ့ဆွေမျိုးများရှိရာ မိုင်းရှူးရတနာမြေကိုသွားဖိုဖန်လာတယ်။ မိတ္ထီလာမှ ကားစီး တောင်ကြီးကိုသွား၊ တောင်ကြီးကနေတဆင့် သွားရတဲ့ခရီးကိုး။ ရွာသား သူငယ်ချင်းက ကားဂိတ်လိုက်ပို့။ ဂိတ်ကိုရောက်တော့ လိုက်ပို့တဲ့သူငယ်ချင်းက ကားလိုင်းနာမည်ကို သေချာမကြည့်လိုက်မိဘူး။ ကဲ ဦးဒတ္တဒီကားလိုင်းပဲ ဆိုပြီး ကားပေါ်တင်၊ ပြန်သွားတော့၏။

ခဏခဏရောက်ဖူး၊ သွားဖူးနေတော့လဲ ခပ်တည်တည်ပဲ ကားပေါ်တက်ထိုင်နေလိုက်တော့၏။ ဒီလိုနဲ့ ကားစထွက်တော့လဲ ဘေးမှာအတူတူကျတဲ့ ဦးဇင်းတစ်ပါးကို မိတ်ဆွေဖွဲ့ စကားတစ်ပြောပြောနဲ့ ပါသွားလိုက်တာ မန္တလေးကျော်သွားရော။

အဲဒီအချိန်ကျမှ ခရီးဖော်ဦးဇင်းက စကားစမေးဖြစ်တယ်...

ခရီးဖော်။ ။ အရှင်ဘုရားဘယ်ကိုကြွမှာပါလဲ ဘုရား

ဦးဒတ္တ။ ။ တောင်ကြီးကိုပါ ဘုရား အရှင်ဘုရားရော ဘယ်ကိုလဲဘုရား

ခရီးဖော်။ ။ အရှင်ဘုရား ဒါတောင်ကြီးသွားနေတာမဟုတ်ဘူးဘုရား၊ မိုးကုတ်ကိုသွားနေတာပါဘုရား


ဦးဒတ္တ။ ။ အရှင်ဘုရားကလဲ တပည့်တော် သိပါတယ်ဘုရား ခဏခဏသွားနေတာပါ၊ အရှင်ဘုရား မနောက်ပါနဲ့ဘုရား


ဒီလိုနဲ့ငြင်းနေလိုက်ကြတာ၊ ကားပေါ်မှာပါတဲ့ အခြားခရီးသည်တွေက ၀ိုင်းပြောပြတော့မှာ သူစီးလာမိတာ တောင်ကြီးကား မဟုတ်မှန်းလဲသိရော.. ဦးဒတ္တရေရွတ်လိုက်တာက

အင်း အစကထင်တော့ထင်သား ဘုရား.. တပည့်တော့ ဒီတစ်ခေါက် သာစည်မြို့ဆိုတဲ့ ဆိုင်းဘုတ်ကြီး မတွေ့ခဲ့ပါလားလို့...... တဲ့။

ကံကောင်းထောက်မစွာပဲ ခရီးဖော်ဦးဇင်းက မိုးကုတ်မြို့သားဖြစ်နေတော့ သူမိဘတွေအိမ်မှာ ပင့်ပြီး ဆွမ်းကပ်၊ တည်းခိုစေခဲ့ခြင်းဖြင့် ဦးဒတ္တဟန်ကျခဲ့လေ၏။


မှက်ချက်။ ။ ဦးဒတ္တသည် သာစည်နယ်သားဖြစ်၍ သူ့နယ်သူ့မြို့ကိုတော့ ကျွမ်းကျင်ဟန်ရှိလေ၏။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP