*သံဝေဂပိုင်ရှင် (သို့) အပြန်လက်ဆောင်*
ဝိပဿနာ အစ သံဝေဂ ဟု နာယူဖူးသည်။ မှန်၏။ သံဝေဂ ရှိသူမှသာလည်း ၀ိပဿနာ တရားကို အားထုတ်လို၏။ အားထုတ်၏။ မေတ္တာလို အစေးမကပ် ခြောက်ကပ်ကပ် တရားဟုလည်း ၀ိပဿနာကို မှတ်ယူကြသေး၏။ သို့သော်လည်း သံသရာမှ လွတ်မြောက်လိုသူများ အတွက်မူ အခြောက်တရား ၀ိပဿနာ ကိုပင် ကြိုးစား ရှုပွား ကြရပေမည်။ ရှုပွားရာတွင်လည်း ကြိမ်ဖန်များစွာ.. အဆက်မပြတ်.. တရစပ်..
ညီလေးအတွက် လက်ဆောင် ဆိုပြီး ကျွန်တော့်ကို ပေးသည်။ ကြည့်လိုက်တော့ သူ သံဝေဂ ရစဉ်က မှတ်သားထားသော၊ ဆင်ခြင်ထားသော အဆုံးအမများ..။ ထိုသူကြောင့်လည်း ကျွန်တော် အသိတရားတွေ တိုးလို့ တရားအသိတွေ အများကြီး ရခဲ့သည်။ သူ ကျွန်တော့်ကို မြေတောင် မြှောက်ပေးခဲ့သည်။ ကျေးဇူးကြီးပါသည်။ ကျေးဇူး များပါသည်။ အကြိမ်ကြိမ်လည်း တလေးတစား ရှိခိုးမိသည်။ ရှိခိုးထိုက်သည်။
အချိန်တန်တော့လည်း သူ အိမ်ပြန်တော့မည်။ ပြန်ခါနီး သူပေးခဲ့သော လက်ဆောင်ကို အမှတ်တရ အဖြစ် တင်ပေးလိုက်ပါသည်။ အားလုံး သံဝေဂ တရားတွေ တိုးပွားကာ ၀ိပဿနာတရား ကြိုးစား အားထုတ်နိုင်ကြ ပါစေ။

လေးစားစွာဖြင့်
ဖိုးသား
17.05.2010, MON:, 04:05 PM

0 comments:
Post a Comment