* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 17, 2010

ဟိုတုန်းက ကျေးလက်ယဉ်ကျေးမှု


အဘရယ်
ဘာဖြစ်လို့ ဒီလို
သစ်ပင်တွေစိုက်နေရသလဲ
ငါ့တူရယ်
အဘ နားခိုခဲ့တာ
သူများစိုက်ထားခဲ့တဲ့
သစ်ပင်အရိပ်တွေချည်းပဲ
နောက်လူတွေ နားခိုဖို့သက်သက်ပါ။
(နောက်လူတွေကတော့
နားခိုချွေးသိပ်ပါရဲ့
အပင်ကိုလှဲ ရောင်းစားနေကြတာ
အနှစ်သုံးဆယ်မကတော့။)

အဘရယ်
ရေသန့်ဗူးတွေ ခေတ်စားနေတာ
ဘာဖြစ်လို့ ဒီလို
ရေချမ်းစင် တည်ရတာလဲ
ငါ့တူရယ်
ကိုယ်ကြုံရတဲ့ ခေတ်အတိုင်းပေါ့
မောမောပမ်းပမ်းနဲ့ ရေချမ်းစင်က
ရေအေးအေးလေးက
ဘယ်လောက်ထိအရသာရှိသလဲဆို
ခုထိ အေးမြနေဆဲ။
ရေသန့်ဗူးက နေရာတိုင်းရှိလို့လား
လူတိုင်းရော သောက်နိုင်ကြလို့လား။

အဘရယ်
ဘာဖြစ်လို့ ဒီလို
နားခိုဇရပ် ဆောက်နေတာလဲ
ဟိုတယ် မိုတယ် အင်း များပြီး
ဧည့်စာရင်းတိုင် မှတ်ပုံတင်စစ်နဲ့
ဒီခေတ်စစ်ကြီးထဲမှာ
လိုအပ်သေးလို့လား
ငါ့တူရယ်
စစ်တော့လည်းစစ်ပေါ့လေ
အိပ်ဖို့မရတော့လည်း
နေ့ခင်း နားခိုဖို့တော့ ရလောက်ပါရဲ့
ဈေးကြီးကြီး တည်းခိုဖို့
တို့တောသားတွေအတွက်
ဟုတ်မယ် မဟုတ်လောက်ပါဘူး
ကျေးဇူးကို ကျေးဇူးတင်ပါတယ်ဆိုတာနဲ့
မကျေနပ်နိုင်သေးလို့ပါ
တကယ်တော့
ပေးဆပ်ခြင်းဆိုတာ ကျေးဇူးတင်တာစစ်စစ်ပါ။



မှတ်ချက်။ ။ ပျောက်ကွယ်လုလု ကျေးလက်ယဉ်ကျေးမှုဂေဟစနစ်လေးသို့

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP