ပါရမီဖြည့်ဖက်
ပါရမီဖြည့်ဖက်ဆိုတာ ပါရမီမြောက်လုပ်ငန်းတွေကို
အတူတူလုပ်ကိုင်ကြတဲ့သူတွေပါပဲ၊
အတူတူလုပ်ကိုင်ကြတဲ့သူတွေပါပဲ၊
မွန်မြတ်တဲ့ အလုပ်တွေကို မြင့်မြတ်တဲ့ စိတ်ထားနဲ့
စိတ်တူ ဆန္ဒတူ အတူတကွ လက်တွဲလုပ်ကြတယ်ဆိုရင်
ဒီပုဂ္ဂိုလ်တွေဟာ ပါရမီဖြည့်ဖက်တွေပါပဲ၊
တိုင်းကျိုးပြည်ကျိုး၊ အမျိုးဘာသာ သာသနာအကျိုးတွေကို
မွန်မြတ်တဲ့ စိတ်စေတနာဆန္ဒတွေနဲ့ လက်တွဲလုပ်ကိုင်ကြတဲ့သူတွေဟာ
ပါရမီဖြည့်ဖက်တွေပါပဲ။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
ဒီပုဂ္ဂိုလ်တွေဟာ ပါရမီဖြည့်ဖက်တွေပါပဲ၊
တိုင်းကျိုးပြည်ကျိုး၊ အမျိုးဘာသာ သာသနာအကျိုးတွေကို
မွန်မြတ်တဲ့ စိတ်စေတနာဆန္ဒတွေနဲ့ လက်တွဲလုပ်ကိုင်ကြတဲ့သူတွေဟာ
ပါရမီဖြည့်ဖက်တွေပါပဲ။
ရှေးရေစက်
သုမေဓာနဲ့ သုမိတ္တာ
အမြင့်ဆုံးကုသိုလ် အမြတ်ဆုံးတရား ဓမ္မစာအုပ် စာမျက်နှာ (၁၀၅)ရှေးရေစက်ဆိုတဲ့နေရာမှာ ရေစက်ဆိုတာ ကုသိုလ်ကောင်းမှုရဲ့နာမည်ပဲ၊ ကောင်းမှုကို အရကောက်ရင် ကောင်းမြတ်တဲ့ စေတနာပဲ၊ အဲဒီကောင်းမြတ်တဲ့ စေတနာဟာ ရေစက်ပဲ၊ ကောင်းမြတ်တဲ့စေတနာဆိုတာလည်း တစ်ဦးတစ်ယောက်ရဲ့ စေတနာတော့ မဟုတ်ဘူး၊ မွန်မြတ်တဲ့ အလုပ်တွေကို မြင့်မြတ်တဲ့စိတ်စေတနာဆန္ဒနဲ့ အတူတကွ လက်တွဲလုပ်ကြသူနှစ်ဦး၊ သို့မဟုတ် နှစ်ဦးထက်ပိုတဲ့ အများရဲ့စေတနာကို ရေစက်လို့ခေါ်ပါတယ်။
သုမေဓာနဲ့ သုမိတ္တာ
လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်း ဟိုဘက်တစ်ချိန်က အမရဝတီနေပြည်တော်မှာ ဒီပင်္ကရာဘုရားရှင် ကြွလာတော်မူတယ်၊ ဘုရားကြွလာမယ့်လမ်း မြို့အဝင်မှာ ရွှံ့ဗွက်တွေရှိနေလို့ မြို့သူမြို့သားတွေ ဝိုင်းဝန်းလမ်းပြင်ကြတယ်၊ အဲဒီအခိုက် သုမေဓာရှင်ရသေ့ကလည်း ကောင်းကင်ခရီးက ဖြတ်သန်းအကြွ လူတွေ လမ်းပြင်နေတာကိုတွေ့လို့ ဆင်းမေးတဲ့အခါ ဒီပင်္ကရာဘုရားရှင်ကြွလာမယ့်အကြောင်း သိရတယ်။
အရှင်ရသေ့လည်း ကုသိုလ်ယူချင်လို့ သူဖို့ တစ်နေရာတောင်းပြီး ပေါက်တူး ခြင်းတောင်းတွေငှားကာ မြေကြီးတွေကို ပခုံးနဲ့ ထမ်းပြီး လမ်းဖို့တယ်၊ ဒါပေမယ့် လမ်းပြင်လို့ မပြီးခင်မှာပဲ ဒီပင်္ကရာဘုရားရှင် ကြွလာလို့ရွှံ့ဗွက်ပေါ်မှာ သစ်နက်ရေခင်း၊ အဲဒီအပေါ်မှာ အလျားမှောက်ကာ သူ့ခန္ဓာကိုယ်တံတားခင်းပြီး လှူတယ်။
ဘုရားရှင်နဲ့ နောက်ပါရဟန္တာရှစ်သိန်းက တပည့်တော်ရဲ့ခန္ဓာကိုယ်ကို တံတားအမှတ်ဖြင့် နင်းလျှောက်ကြွတော်မူကြပါဘုရားလို့ လျှောက်ထားတောင်းပန်ပါတယ်၊ အဲဒီအချိန်မှာ အမရဝတီမြို့ထဲက သုမိတ္တာအမည်ရှိတဲ့ လုံမပျိုလေးတစ်ဦးဟာလည်း ကြာပန်းရှစ်ခိုင် လက်ထဲကိုင်ပြီး ဘုရားလှူဖို့ ဘုရားဖူးဖို့ ထွက်လာတယ်။
သုမိတ္တာဟာ ရွှံ့ဗွက်ထဲ ခန္ဓာကိုယ် တံတားခင်းလှူနေတဲ့ ရသေ့လေးကို မြင်ရတယ်၊ စိတ်ထဲမှာ ကြည်ညိုလိုက်တာ၊ လေးစားလိုက်တာ၊ ကြည်ညိုတဲ့အပြင် ချစ်ခင်တဲ့ မေတ္တာသဘောပါပါတယ်၊ ဒါကြောင့် ကြာပန်းငါးခိုင်ကို ရသေ့လေးကို လှူပြီးတော့ အရှင်လည်း လှူပါ၊ တပည့်တော်မလည်း ကြာပန်းသုံးခိုင်ကို ဘုရားလှူကို လှူဒါန်းပါမယ်လို့ လျှောက်ထားသတဲ့။
ဒီပင်္ကရာဘုရားရှင်ကြွရောက်လာတဲ့အခါ “ပရိသတ်ကြီးတို့... ခန္ဓာကိုယ်တံတား ခင်းလှူနေတဲ့ ဒီရသေ့လေးကို သေချာဖူးကြည့်ကြစမ်း၊ ဒီရသေ့လေးက နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း လွန်တဲ့အခါ ငါဘုရားလိုပဲ သဗ္ဗညုဘုရားတစ်ဆူ ဧကန်စစ်စစ် ဖြစ်ရစ်လိမ့်မယ်၊ အနီးအနားမှာ ကြာပန်းသုံးခိုင်လှူနေတဲ့ လုံမလေးလည်း ရသေ့လေးအတွက် ပါရမီဖြည့်ဖက်ဖြစ်ရစ်လိမ့်မယ်” လို့ ဗျာဒိတ်တော်ပေးခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ဘုရားအလောင်းနဲ့ ယသောဓရာအလောင်းတို့ဟာ ပါရမီဖြည့်ဖက်အနေနဲ့ သံသရာထဲမှာ မကြာမကြာဆုံတွေ့ခဲ့ကြပါတယ်။ ဗေဒါပင်လေးများလိုပါပဲ။ အခန့်မသင့်တဲ့အခါ ကွဲကွာသွားကြပေမယ့် များသောအားဖြင့် ပြန်လည်ဆုံတွေ့ကြကာ မွန်မြတ်တဲ့စိတ်စေတနာ ဆန္ဒတွေနဲ့ ဒါနသီလစတဲ့ ပါရမီကောင်းမှုလုပ်ငန်းတွေကို အတူတကွဖြည့်ကျင့် ဆည်းပူးခဲ့ကြပါတယ်။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)


0 comments:
Post a Comment