Comparison between Religion & Buddhism
သီတဂူဆရာတော်ဘုရားကြီးရဲ့ စင်ကာပူမှာ ဟောတဲ့ အစွန်းမရောက်စေနဲ့ တရားလေး နာဖြစ်ပါတယ်။ အဲဒီ့တရားတော်ထဲက..ဘာသာရေးဆိုတာနဲ့ ဗုဒ္ဓ၀ါဒဆိုတာ ဘယ်လိုကွာသလဲ ဟောထားတာလေးက..မှတ်သားစရာကောင်းတဲ့အတွက် ကျွန်တော်မှတ်ထားလိုက်တာလေးကို ဖော်ပြလိုက်ပါတယ်။
ဗုဒ္ဓဘာသာဆိုတာကို အများနားလည်အောင် ဘာသာရေးလို့ ဆိုချင်လည်းဆိုပါစေ.တော့.
ဒါပေမယ့် အများနားလည်ယုံကြည်ကြတဲ့ ဘာသာရေးဆိုတာက..အခြေခံအားဖြင့်
ယုံကြည်လိုက်၊ ကိုးကွယ်လိုက်၊ ဆုတောင်းလိုက်..
မယုံရင်လည်း အပြစ်ပေးလိမ့်မယ်..မကိုးကွယ်ရင်လည်း အပြစ်လာဦးမယ်..ပြီးတော့လိုချင်တာမှန်သမျှကို အမြဲ ဆုတောင်းနေရမယ်..
ဗုဒ္ဓ၀ါဒဆိုတာက..အဲလို ဘာသာရေးမဟုတ်ပါဘူး..
ကိုယ်ကျင့်သီလ + သမာဓိ + ပညာ ဒီလို သိက္ခာကြီးသုံးရပ်နဲ့ ပေါင်းစပ်ထားတဲ့..အမှန်တရားအစစ်သာ ဖြစ်ပါတယ်..
ဆရာတော်ကြီး တရားထဲမှာ ဒါကို အကျဉ်းချုပ်လေး..နားလည်အောင် ဟောထားတာကို. နာဖြစ်ခဲ့ပါတယ်။..ကျွန်တော်က..ဇယားလေးနဲ့.
အခုလို ဖော်ပြလိုက်ပါတယ်။
| Religion | Buddhism | |
|---|---|---|
| 1 | Believe in unknown God | Discipline or Morality (to control the physical & verbal actions)-သီလ |
| 2 | Worship in unknown God | Mental Concentration (to control mental activities)-သမာဓိ |
| 3 | Pray to unknown God | Wisdom (to purify the mind)-ပညာ |
| 4 | Theocentric-ထာဝရဘုရားသခင်ကိုပဓာနထားသည် | Homocentric-လူကိုပဓာနထားသည် |
ဆရာတော်ကြီးတရားတော်ကို dhammadownload.com မှာ ဒေါင်းလုပ်ချနာယူနိုင်ပါတယ်။

0 comments:
Post a Comment