* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 18, 2010

လူဖြစ်ရကျိုးနပ်ပါစေ

နှစ်ဟောင်းကုန်လို့  နှစ်သစ်တစ်ခုကို ရောက်လာခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ နှစ်ဟောင်းမှာ ၀မ်းသာစရာတွေနဲ့  ကြုံတွေ့ ခဲ့ရသလို။ ၀မ်းနည်းစရာတွေ အမြောက်အများနဲ့ လည်း ဆုံတွေ့ ခဲ့ရပြီးပါပြီ။ နောက်ဆုံးမှာ အနှစ်ပြန်ချုပ်လိုက်တော့ ဘာမှ မယ်မယ်ရရ မရှိခဲ့ပါဘူး။ ၀မ်းသာစရာ၊ ၀မ်းနည်းစရာတွေရဲ့အပေါ်မှာ ဖြစ်ပြီး၊ ပျက်တယ်ဆိုတဲ့ သဘောတရားလေးက အချိန်ခဏလေးနဲ့  နှုတ်ဆက်ခံသွားရတဲ့ သူတွေရှိသလို၊ အချိန်ပေါင်း ကြာညောင်းစွာ အစွဲခံရတဲ့သူတွေလည်း ရှိနေပါသေးတယ်။

ကံတရားဆိုတာ နှစ်သစ်တွေ၊ နှစ်ဟောင်းတွေနဲ့  ခြားနားမထားပါဘူး။ ကိုယ်က မကောင်းတာတွေ တစီတတန်းကြီး လုပ်ခဲ့မယ်ဆိုရင် အဲဒီ ကိုယ်ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ကံရဲ့အရိပ်က ပစ္စုပ္ပန်အချိန်မှာလည်း ကြောက်လန့် ၊ စိုးရိမ်နေရသလို၊ နောင်အနာဂတ်ကာလ တမလွန်ဘ၀ အဆက်ဆက်မှာလည်း ကြောက်လန့် စိုးရိမ်မှုတွေ တဖွားဖွား ဖြစ်နေအုံးမှာ သေချာပါပဲ။ ကောင်းတာတွေလုပ်ခဲ့တဲ့ သူလည်း ဒီအတိုင်းပါပဲ။ ကြိုးစားပြီး စိုက်ပျိုးခဲ့ရတဲ့ ကောင်းမှုမျိုးစေ့တွေဟာ ပျော်ရွှင်ခြင်း အသီးအပွင့်တွေ၊ ချမ်းသာခြင်း အသီးအပွင့်တွေနဲ့  အသင့်ခူးဆွတ်စားသုံးဖို့  လက်တစ်ကမ်းမှာ အမြဲရှိနေမှာပါပဲ။

ကိုယ့်အတွက် ရောက်ရှိလာတဲ့ နှစ်သစ်ဟာ ပန်းပေါင်းဝေဆာ သာယာမယ့်နှစ်တစ်ခုလား၊ ဒုက္ခတွေမြောက်များစွာနဲ့ စိတ်မအေးရတဲ့ နှစ်တစ်နှစ်လားဆိုတာဟာ ကိုယ်ကိုယ်တိုင်ဖန်တီး ထုဆစ်ထားတဲ့ ကံအကြောင်းတွေပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။ လက်ရှိအချိန်မှာ ပျော်ရွှင်စရာတွေ ဓာတ်သက်အားကောင်းကောင်းနဲ့  ရချင်ရင် ရှေးရှေးက အဲဒီအကျိုးရဲ့ အကြောင်းတရားတွေကို ဖန်တီးခဲ့ဖြစ်ဖို့ ပါပဲ။ နောက်နောင်ကာလမှာ ရချင်သေးတယ်ဆိုရင် အခုကတည်းက ကြိုးစားအားထုတ်လိုက်ဖို့ ပါပဲ။ ပစ္စုပ္ပန်မှာ အကောင်အထည်ဖော်၊ ဆစ်ထုဖြစ်နေတဲ့ ရုပ်လုံးလေးဟာ နောင်အနာဂတ်ကာလရဲ့ အရင်းမြစ်ဆိုတာ သေချာပါပဲ။

လူ့ ဘ၀ကို ရရှိထားတဲ့ အချိန်လေးမှာ စိန်ခေါ်မှုတွေ၊ အဆုံးမသတ်နိုင်သေးတဲ့ တိုက်ပွဲတွေ ဘယ်လိုပဲဆုံတွေ့ ကြုံတွေ့ နေပါစေ၊ အသိဉာဏ်တွေတိုးပြီး၊ လူဖြစ်ရကျိုးလေး နပ်သွားရအောင်တော့ ကြိုးစားလုပ်သွားရမှာပါပဲ။ လူ့ ဘ၀ဇာတ်ခုံပေါ်မှာ ကိုယ်က ရိုးသားဖြောင့်မတ်တဲ့သူ၊ ကိုယ်ကျိုးမရှာ၊ တဖတ်သတ်မဆန်တဲ့သူ အဖြစ်နဲ့ သာ သရုပ်ဆောင်သွားနိုင်ဖို့ ပါပဲ။

လက်ရှိအချိန်ကစပြီးတော့ မိမိရဲ့ အတွေးတွေကို ဂရုစိုက်ပေးပါ၊ အပြောတွေကို ဂရုစိုက်ပေးပါ၊ အလုပ်တွေကို ဂရုစိုက်ပေးပါ။ ခြေတစ်လှမ်းမှားလိုက်ရင် သက်ရောက်မှုကလည်း ကောင်းမှာ မဟုတ်တဲ့အတွက် ကိုယ်လှမ်းမယ့် ခြေလှမ်းဟာ ကုဋေတစ်သန်းမက တန်တဲ့ ခြေလှမ်းတွေပဲ ဖြစ်အောင်ကြိုးစားပေးပါ။


မော်ကွန်းသစ်
၁၈.၄.၂၀၁၀

“ဘယ်လိုနေရာမျိုးပဲ ဖြစ်ဖြစ် မိမိ နေထိုင်ခွင့်ရတဲ့ နေရာမှာ ရေကန်တူးပြီး ကြာပေါက်လာအောင်လုပ်ရမယ်” (ဓမ္မဘေရီ အရှင်ဝီရိယ)

“ ပူရေန္တု သမ္မာသင်္ကပ္ပါ။
ဘိဇ္ဇန္တု မိစ္ဆာသင်္ကပ္ပါ”
“မှန်ကန်သော အတွေးအကြံများပြည့်စုံကြပါစေ။
မှားယွင်းသော အတွေးအကြံများ ပျက်စီးကြပါစေ။”
(သီတဂူဆရာတော်)

“ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းသည် မေတ္တာတရားကို အလင်းမြှင့်ခြင်းပင် ဖြစ်ပါသည်။ ဗြဟ္မစိုရ်လက်ဖြင့် ထုဆစ်လိုက်သောအခါ ကမ္ဘာမြေ၏ နေ့ရက်များသည် မြတ်နိုးမှုဖြင့် ရုပ်လုံးကြွလာခဲ့၏။ တစ်ခါတစ်ရံ၌မူ မျှဝေစာနာခြင်းဖြင့် လေးလံရ၏။ တစ်ခါတစ်ရံ၌မူ မျှဝေဂုဏ်ယူခြင်းဖြင့် ပေါ့ပါးရ၏။ တစ်ခါတစ်ရံ၌မူ ဥပေက္ခာဖြင့် ရင့်ကျက်ရ၏။ ထိုသို့ဖြင့်ပင် သန္တရသမြစ်ကြီး စီးဆင်းစေသတည်း။”
(ဓမ္မဂင်္ဂါ)

နေရာတိုင်းမှာ ဆရာသမားကောင်း
သူတော်ကောင်း၊ မိတ်ဆွေကောင်းတွေကို မှီခိုနိုင်ကြပါစေ။
ကောင်းတဲ့ အလုပ်တိုင်း အစပြုလုပ်နေလျက်သား ဖြစ်ကြပြီး
အဆုံးစွန်ထိ ပေါက်မြောက် အောင်မြင်နိုင်ကြပါစေ။
(မော်ကွန်းသစ်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP