နှစ်သစ်ကို လိမ်ညာခြင်း
နှစ်ဟောင်းကုန်ပျောက် ၊ နှစ်သစ်ရောက်၍
ကိုယ့်နောက်ဘယ်ဟာ ၊ ပါခဲ့ပါဟု
ရှာကြံတွက်ဆ ၊ စဉ်းစားရသော်
လောကစီးပွါး ၊ ကောင်းမှုများနှင့်
တိုးပွါးဥစ္စာ ၊ မြတ်ပညာတို့
ပါခဲ့သလောက် ၊ ပါပုံထောက်၏ ။
ထို့နောက်တစ်ဖန် ၊ စဉ်းစားပြန်သော်
လူချော်စရိုက် ၊ အမှားလိုက်၍
မိုက်မိခဲ့သား ၊ အမှားပေါင်းစု
အကုသလ ၊ ဟူသမျှလည်း
များစွဟူပေ ၊ တွေ့ရချေ၏ ။
အလေနတော ၊ တမေ့မောဖြင့်
မောဃကာလံ ၊ နောက်တစ်ဖန်လည်း
ကုန်ရန်မသင့် ၊ ဉာဏ်ထောက်ချင့်ဟု
ခွန်းဆင့်မိန့်ဆို ၊ နှစ်သစ်ကိုလျှင်
လိုလိုလားလား ၊ ဟုတ်ကဲ့ဗျားဟု
အားပါးတရ ၊ ခေါင်းငြိမ့်ပြလျှက်
အာမနှစ်သစ် ၊ နှုတ်ဆက်ဖြစ်သည်
ခုမှတွေ့ရုံရှိသည်ကိုး ။ ။
"မင်္ဂလာပါ ၁၃၇၂ "
ကိုယ့်နောက်ဘယ်ဟာ ၊ ပါခဲ့ပါဟု
ရှာကြံတွက်ဆ ၊ စဉ်းစားရသော်
လောကစီးပွါး ၊ ကောင်းမှုများနှင့်
တိုးပွါးဥစ္စာ ၊ မြတ်ပညာတို့
ပါခဲ့သလောက် ၊ ပါပုံထောက်၏ ။
ထို့နောက်တစ်ဖန် ၊ စဉ်းစားပြန်သော်
လူချော်စရိုက် ၊ အမှားလိုက်၍
မိုက်မိခဲ့သား ၊ အမှားပေါင်းစု
အကုသလ ၊ ဟူသမျှလည်း
များစွဟူပေ ၊ တွေ့ရချေ၏ ။
အလေနတော ၊ တမေ့မောဖြင့်
မောဃကာလံ ၊ နောက်တစ်ဖန်လည်း
ကုန်ရန်မသင့် ၊ ဉာဏ်ထောက်ချင့်ဟု
ခွန်းဆင့်မိန့်ဆို ၊ နှစ်သစ်ကိုလျှင်
လိုလိုလားလား ၊ ဟုတ်ကဲ့ဗျားဟု
အားပါးတရ ၊ ခေါင်းငြိမ့်ပြလျှက်
အာမနှစ်သစ် ၊ နှုတ်ဆက်ဖြစ်သည်
ခုမှတွေ့ရုံရှိသည်ကိုး ။ ။
"မင်္ဂလာပါ ၁၃၇၂ "


0 comments:
Post a Comment