* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 18, 2010

မင်္ဂလာ အပေါင်း ခညောင်း နိုင်ကြပါစေ

နှစ်သစ် မင်္ဂလာ နေ့ ရက်မှာ ဆုတောင်းပေးလိုတာက
နေ့ စဉ် လိုလို လိုအပ်နေတဲ့ မင်္ဂလာများ ရှိဖို့ ပါဘဲ။

မင်္ဂလာ ရှိရင် ကြီးပွါးတိုးတက်ပါတယ်။
မင်္ဂလာ ဆိုတဲ့ ပါဠိ က ကြီးပွါးတိုးတက်ခြင်းပါ။

မင်္ဂလာ ဆိုတာ ဘာလဲ ၊ အဖြူ လား အမည်း လား မသဲကွဲကြလို့ 
ကြီးပွါးတိုးတက်လိုကြတဲ့ လူတွေရော နတ်တွေပါ
ကြံစည်တွေးနေကြတာဟာ တစ်ဆယ့်နှစ် နှစ်တောင် ကြာပါသတဲ့။
( သုတ္တနိပါတ ၊ ခုဒ္ဒပါဌပါဠိ) တို့ မှာလာပါတယ်။

မင်္ဂလာကျက်သရေ၊ တိုးပါစေ၊ ရွတ်လေ မင်္ဂလသုတ်။ တဲ့။

တကယ်တော့ ဘုရားရှင်ရဲ့ တရားတော်တိုင်း ဟာ
ရွတ်ဖို့ သက်သက်တော့ မဟုတ်ပါလေ။
အနက် အဓိပ္ပါယ်ကို သိအောင် လုပ်ရမယ်။
သိပြီးရင် ကျင့်ကြံ ကြိုးစား ရမည့် တရားတွေချည်းသာ။
မရွတ်မဖတ် မလေ့လာပါကလည်း ဘာမှသိမှာ မဟုတ်ပါလေ။
ဒါကြောင့် လူတိုင်း နီးပါး အလွတ် ရနေတဲ့

မင်္ဂလ သုတ်ကိုလည်း ဆက်လက်ရွတ်ဖတ် ပူဇော်ပါ။
(၃၈) ပါး မင်္ဂလာ များကိုလည်း
နှစ်သစ် မင်္ဂလာမှ သည် အသက် ရှည်သရွေ့  ရှိသရွေ့ 
ကိုယ်စီကိုယ်စီ သန္တာန် အသီးသီးမှာ
နားလည်ပြီး ကျင့်ကြံကာ
၃၈ ပါးမြောက် ခေမံ မင်္ဂလာ ဆိုတဲ့ နိဗ္ဗာန် အထိ

မင်္ဂလာ အပေါင်း ခညောင်းနိုင်ကြပါစေ...


မှတ်ချက်။ ။ မင်္ဂလသုတ် သည် လူတိုင်း အလွတ်ရပြီး ဖြစ်သောကြောင့်လည်းကောင်း၊
မင်္ဂလာ တရား စီဒီများ ရှိပြီး ဖြစ်သော ကြောင့်လည်းကောင်း အထူး ရှင်းလင်းကာ
မရေးတော့ပြီ။

မြတ်ရောင်နီ
မြန်မာ နှစ်သစ် မင်္ဂလာ
( ၁၇၊၀၄၊၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP