* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 18, 2010

သင်္ကြန်ပွဲတော်



မလေးရှာနိုင်ငံ၊ ပန်းတိုင်းရမစ်ရှိ ဇေယျဝတီမြန်မာဗုဒ္ဓဘာသာကျောင်းတွင် ၁၅၊ ၄၊ ၂၀၁၀ ရက်နေ့တွင် နှစ်သစ်အတာသင်္ကြန် ရှင်ပြုရဟန်းခံပွဲ၊ စတုဒိသာအလှူပွဲနှင့် တရားပွဲတော်တို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာများဖြစ်သည့်အားလျှော်စွာ မြန်မာ့နှစ်သစ်ကူး သင်္ကြန်သို့ ရောက်သောအခါ မြန်မာလူမျိုးတိုင်း ရင်ခုန်တတ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ့်လူမျိုး၏ နှစ်သစ်ကူးဖြစ်သောကြောင့်ပင်ဖြစ်၏။ ထိုနေ့ပွဲတွင် အနီးအနားဝန်ကျင်ရှိ မြန်မာလူမျိုးများသည် ကျောင်းသို့ရောက်လာကြပြီ စတုဒိသာကျွေးမွေးဧည့်ခံခြင်း၊ တရားတော်နာယူခြင်း၊ တရားပွဲပြီးဆုံးသောအခါ ရေပက်စကားကြခြင်းများ ပြုလုပ်ကြ၏။ လူတိုင်း၏မျက်နှာကို ကြည့်လိုက်သောအခါ ကြည်နူးရိပ်များသန်းနေကြ၏၊ ပျော်ရွှင်နေကြ၏။ မြန်မာလူမျိုးများတွင်သာမက အနီးအနားဝန်ကျင်ရှိ တရုတ်တို့ကလည်း ကျောင်းသို့ရောက်လာပြီး မြန်မာတို့နည်းတူ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ စတုဒိသာကျွေးမွေးဧည့်ခံခြင်း၊ ပျော်ရွှင်စွာစားသောက်ခြင်းနှင့် ရေပက်စကားခြင်းများပြုလုပ်ကြ၏။ မြန်မာလူမျိုးများ ကြည်နူးနေကြသကဲ့သို့ သူတို့သည်လည်း ကြည်နူးနေကြ၏။
ထို့ကြောင့် ထိုသို့အခြင်းအရာများကို ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ရပါသည်။ အားလုံးသောသတ္တ၀ါများနှင့် အထူးအားဖြင့် မြန်မာလူမျိုးများ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ………..။









0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP