* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 4, 2010

ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ အပိုင်း (၂)



သံဃာ့တာဝန်လွန်ကျေပွန်

ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့စည်းကြီး ပေါ်ပေါက်လာရာတွင် ဆရာတော်သံဃာများက ပေးအပ်သော တာဝန်များကို အောက်ပါအတိုင်း တာဝန်ယူ ထမ်းဆောင်ခဲ့ပါသည်။
  • ပထမအကြိမ် သမ္မုတိရနှင့် တိုင်းသံဃာဝန်ဆောင်
  • ဒုတိယအကြိမ် သမ္မုတိရနှင့် တိုင်းသံဃာဝန်ဆောင်
  • တတိယအကြိမ် သမ္မုတိရနှင့် မြို့နယ်ဩဝါဒါစရိယ
  • စတုတ္ထအကြိမ် သမ္မုတိရနှင့် မြို့နယ်ဩဝါဒါစရိယ
  • ပဉ္စအကြိမ် ဗဟိုသမ္မုတိရ
သာသနာ့ဝန်ထမ်းဘဝ
အောက်ပါ တာဝန်များကိုလည်း တာဝန်ယူ ဆောင်ရွက်တော်မူခဲ့ပါသည်။
  • နာယက၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သော သံယုတ်စာမေးပွဲ ဖြစ်မြောက်ရေး မြို့နယ်အာဒိကနိကဩဝါဒစရိယ။
  • ဩဝါဒစရိယ၊ ဝိနယာဓိက ပရိယတ္တိစာမေးပွဲ၊ ပဲခူးမြို့။
  • မဟာနာယက၊ သုဓမ္မာပဝါရဏာဂိုဏ်း၊ သနပ်ပင်မြို့။
  • ဩဝါဒစရိယ၊ မြို့နယ်လုံးဆိုင်ရာသာသနာပါဒက စာတော်ပြန်ပွဲ၊ သနပ်ပင်မြို့။
  • ဩဝါဒစရိယ၊ အောင်ချမ်းသာဘုရားကြီး၊ သနပ်ပင်မြို့။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ပြန့်ပွါးရေးဦးစီးရေးဌာနသည် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ကို သံဃာများ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော် ဆက်ကပ် လျှက်ရှိရာ ၁၃၅၆-ခုနှစ်၊ ၁၉၉၄-ခုနှစ်အတွက် သာသနာတော်အား ချီးမြှောက်သောအားဖြင့် ဘွဲ့တံဆိပ်ဆက်ကပ်ရာ၌ ပဲခူးမြို့၊ အောင်မင်းခေါင် ကုန်းမြေ ကသစ်ဝိုင် ဓမ္မရိပ်သာကြီး၏ ပဓာနဩဝါဒ ကမ္မဌာနာစရိယ ဆရာတော်ဘဒ္ဒန္တပဒုမ အရှင်မြတ်သည် တစ်ပါး အပါအဝင် ဖြစ်ခဲ့ပါသည်။ ဝိနည်းကို အထူးလေးစားသူဖြစ်ကာ ဆရာတော်၏ အပင်ပန်းခံနိုင်မှု၊ စည်းကမ်းရှိမှု၊ ရောင့်ရဲ နိုင်မှု၊ စေတနာအားကောင်းမှု၊ တပည့် သံဃာများအပေါ် အလွန်ပင် သာသနာ့အမွေ ပေးချင်သူ၊ တရားဟောစွမ်းရည်မြင့်မားသူစသော ဆရာတော်၏ ဂုဏ်သတင်းတို့သည် ပြောမကုန်နိုင်အောင်ပင် ဖြစ်ပါသည်။ ထိုကြောင့်ပင် ဆရာတော်၏သီလ၊ သမာဓိ၊ ပညာ ဂုဏ်တို့ဖြင့် ပြည့်စုံသော သာသနာဘွဲ့ဖြစ်သော “အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ” ဘွဲ့ကို ထိုက်တန်စွာ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

ကသစ်ဝိုင် သာသနာ့အာဇာနည်
မြန်မာနိုင်ငံတော်သည် ထေရဝါရသာသနာထွန်းကားမှုကြောင့် နိုင်ငံရပ်ခြားတိုင်းတပါးတို့မှလည်း မြန်မာ နိုင်ငံသို့ တဖွဲဖွဲ လာရောက်ဆည်းပူး လေ့လာအားထုတ်ကြသည့် ရိပ်သာများမှာ မဟာစည်၊ ဝေဘူ၊ မိုးကုတ်၊ စွန်းလွန်း စသည်ဖြင့် ရှိကြရာ ကသစ်ဝိုင်သာသနာသည်လည်း ဖေါ်ပြပါ သာသနာများနှင့် မရှေးမနှောင်း ပွင့်လန်းပေါ်ပေါက်လာခဲ့သော သာသနာ တစ်ရပ်ဖြစ်ခဲ့ပါသည်။ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ကြီးအားထုတ်ခဲ့သော ကသစ်ဝိုင်ဝိပဿနာသည် ကမ္မဋ္ဌာန်း လုပ်ငန်း တရားစခန်းများ၊ ဓမ္မရိပ်သာများဖြင့် ဖွင့်လှစ်၍ သာသနာပြုခဲ့ပါသည်။ ကသစ်ဝိုင်သာသနာ့သမိုင်းတွင် မြင့်မားသော သာသနာ့ဘွဲ့တံဆိပ် ယခင်က ရရှိခဲ့ခြင်းမရှိသေးပေ။
ဆရာတော်ဦးပဒုမသည် ကမ္မဋ္ဌာနတရားစခန်းများ၊ ဓမ္မရိပ်သာတို့၌ ကျေးဇူးရှင် (မူလ)ကသစ်ဝိုင် ဆရာတော် ဘုရားကြီး၏ ဥပနိသျနှင့်အညီ၊ ဆရာတော်ကြီး၏ စည်းကမ်းများ၊ ဩဝါဒများအတိုင်း တသွေမတိမ်း လိုက်နာလျက် သာသနာပြုခဲ့ခြင်း ဖြစ်ပါသည်။ ကျေးဇူးရှင်ဆရာတော်ကြီး၏ သာသနာ့အမွေခံ အာဇာနည်တစ်ပါး “အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ” အဖြစ် ကသစ်ဝိုင်သာသနာတွင် ပထမ ဦးစွာပေါ်ထွန်းလာခဲ့ပြီ ဖြစ်ပါသည်။ ဆရာတော်ဦးပဒုမသည် သာသနာရေးနှင့်ဆိုင်သော သာသနာလုပ်ငန်း တာဝန်များအား မမှိတ်မသုန် ထမ်းဆောင်ခြင်းဖြင့်၎င်း၊ ကသစ်ဝိုင်သာသနာကို အစွန်းအပဲ့မခံ အလွဲအမှားမရှိ ပကတိသဘော တရားအတိုင်း ကျေးဇူးရှင်မူလကသစ်ဝိုင်ဆရာတော်ကြီး၏ အရိပ်ကိုခိုကာ သာသနာပြုခဲ့ခြင်းကြောင့် ဤဘွဲ့ထူးကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါသည်။

ဘွဲ့ထူးထိုက်လှ ဘဒ္ဒန္တပဒုမ
ယခုအချိန်အထိ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့ထူးသည် တစ်နိုင်ငံလုံးတွင် (၉)ပါးသာ ချီးမြှင့်ခြင်း နိုင်ခဲ့ရပါသည်။ မြန်မာနိုင်ငံ တွင် သံဃာပေါင်းသိန်းဂဏန်းရှိပြီး ကမ္မဋ္ဌာန်းဌာနများစွာရှိနေခဲ့ရာ (၉)ပါးမျှ ဖြစ်တောင့် ဖြစ်ခဲရတောင့်ရခဲအသွင်ကို ဆောင်နေပါသည်။ သာသနာ့တာဝန်ထမ်း ရဟန်းဘဝတစ်လျှောက်တွင် သာသနာနှင့်စပ်လျဉ်း၍ အငြိအစွန်းမရှိ၊ ဝိနည်းသိက္ခာဆောင်ကာ သံဃာအကျိုးသည်ပိုးလျက် ကမ္မဋ္ဌာနာ စရိယလုပ်ငန်းများ အပေါ်အခြေခံပြီး၊ “အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ” ဘွဲ့ထူးကို ချီးမြှောက်ခြင်း ဖြစ်ပါသည်။ ကသစ်ဝိုင်သာသနာကို အလင်းဆောင်သည့် ဘဒ္ဒန္တပဒုမသည် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့ထူးနှင့် ထိုက်တန်သောကြောင့် ချီးမြှင့်ခံရမှုအတွက် ကသစ်ဝိုင် သာသနာ့ ဝန်ထမ်းများနှင့် သာသနာပြုအဖွဲ့အသီးသီးမှ အထူး လေးစားကြည်ညိုမှုဖြင့် ဘွဲ့ထူးခံဆရာတော်ဖြစ်ခဲ့ပါသည်။
ပဲခူးတိုင်း၊ ပဲခူးမြို့ အောင်မင်းခေါင်ကုန်းမြေ ကသစ်ဝိုင်ဝိပဿနာဓမ္မရိပ်သာကြီးနှင့် သနပ်ပင်မြို့ မန်းကျောင်းတိုက် ကသစ်ဝိုင် ဓမ္မရိပ်သာကြီးတို့အပြင် နယ်အသီးသီးမှ ကသစ်ဝိုင်ဓမ္မရိပ်သာကြီးများ၏ ပဓာနနာယကဖြစ်တော်မူသော ဆရာတော်သည် ပရိယတ္တိဝိသာရဒဂုဏ်၊ ကမ္မဋ္ဌာနနယဒဿဂုဏ်၊ ဝိပဿနာဓူရာဝဟဂုဏ်၊ သီလ၊ သမာဓိ၊ ပညာ စသည့် ဂုဏ်တို့နှင့်၎င်း ပြည့်စုံတော်မူသောကြောင့် ရဟန်းရှင်လူပြည်သူအများ၏ အထူးကြည်ညို လေးစားကြခြင်းဖြစ်ပါသည်။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP