* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 4, 2010

အဆူဆူဗုဒၶအဆံုးအမ

အေမး။ ။အရှင်ဘုရား…တပည့်တော်တို့ ရဟန်းတွေမှာ အခုအခါ သံဃဥပုသ်ပြုတဲ့အခါ ဘိက္ခုပါတိမောက်ပြရပါတယ်ဘုရား။ ဘုရားရှင်လက် ထက်တော်က ဥပုသ်ပြုတဲ့အခါ ဘုရားရှင်ကိုယ်တော်တိုင် သြ၀ါဒပါတိမောက်ဖြင့် သြ၀ါဒပေးတော်မူပြီး ဥပုသ်ပြုတော်မူကြတယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက အဆူဆူဘုရားရှင်များ သြ၀ါဒပေးတော်မူခဲ့တဲ့ သြ၀ါဒပါတိမောက်ကို မြန်မာလို အဓိပ္ပါယ် ရှင်းရှင်းလင်းလင်း သိချင်ပါတယ်၊ အားလုံးလိုက်နာကျင့်သုံးနိုင်အောင် ဖြေကြားပေးတော်မူပါဘုရား။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။သြ၀ါဒပါတိမောက်မှာ ဖတ်ကြည့်တဲ့အခါ သြ၀ါဒပါတိမောက်က (၁၃)ပါးရှိပါတယ်။
(၁) သည်းခံတာဟာ မြတ်တဲ့အကျင့်ဖြစ်ပါတယ်။
(၂) အမြတ်ဆုံးတရားတွေထဲမှာ နိဗ္ဗာန်က အမြတ်ဆုံးဖြစ်တယ်။
(၃) ပဗ္ဗဇ္ဇိတ ရဟန်းကောင်းတို့ရဲ့အကျင့်က သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်တာဖြစ်တယ်။
(၄) သမဏ ရဟန်းကောင်းတို့ရဲ့အကျင့်က သူတစ်ပါးကို မညှဉ်းဆဲတာဖြစ်တယ်။
(၅) မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ရမယ်။
(၆) ကုသိုလ်ကောင်းမှုမှန်သမျှ ပြုလုပ်ရမယ်။
(၇) မိမိစိတ်ကို အကုသိုလ်အညစ်အကြေးမရှိအောင် ဖြူစင်သန့်ရှင်းစေရမယ်။
(၈) နှုတ်နဲ့သူတစ်ပါးကို မစွပ်စွဲပါနဲ့ (မဟုတ်မမှန်လုပ်ကြံပြီး အပြစ်မဖို့ပါနဲ့)။
(၉) သူတစ်ပါးအား ကိုယ်ထိလက်ရောက် မညှဉ်းဆဲ မသတ်ဖြတ်ရဘူး။
(၁၀) ရဟန်းရဲ့ဝိနည်းသိက္ခာ၊ လူရဲ့ ငါးပါးသီလ၊ အာဇီဝဋ္ဌမကသီလ ကိုယ်ဆိုင်ရာဆိုင်ရာ ကို စောင့်ထိန်းရမယ်။
(၁၁) အစာအာဟာရစားတဲ့အခါ အတိုင်းအရှည်(သင့်မသင့်)ကို ချင့်ချိန်ရမယ်။
(၁၂) ဆိတ်ငြိမ်တဲ့အရပ်မှာ နေရမယ်။
(၁၃) ဈာန်မဂ်ဖိုလ်ဆိုတဲ့ စိတ်ထူးစိတ်မြတ်အတွက် ဦးစောက်ချ အားထုတ်ရမယ် တို့ ဖြစ်ကြပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP