*ဘ၀အတွက် အရေးကြီးဆုံး*
0 အကြံပြုပါသည်။ Posted in: အထွေထွေစာစုလေးများ
ဘ၀မှာအရေးကြီးဆုံးကတော့စိတ်ကောင်းရှိပြီး၊ စိတ်စည်းကမ်းရှိဖို့ဘဲဖြစ်ပါတယ်။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက မိမိကျောင်းမှာရှိတဲ့ စာသင်သားများကို လိုက်နာဖို့ စည်းမျဉ်း (၁၀) ချက်သတ်မှတ်ခဲ့ပါတယ်။ အဲဒီစည်းမျဉ်း (၁၀)ချက်ကို ဆရာတော်ကြီးရဲ့ ဘ၀နေနည်း (၁၀) ချက်လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဆရာတော်ကြီးရဲ့ စည်းမျဉ်း (၁၀) ချက်ကတော့-
၁။ စိတ်ကောင်းရှိဖို့က ပထမ
၂။ ၀ိနည်းလေးစားဖို့က ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၎။ သန့်ရှင်းဖို့ စတုတ္တ
၅။ အ၀တ်အစားဝတ်တတ်ဖို့က ပဉ္စမ
၆။ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
၇။ အသွားအလာတတ်ဖို့က သတ္တမ
၈။ အပြောအဆိုတတ်ဖို့က အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က န၀မ
၁၀။ စာတတ်ဖို့က ဒသမ ဖြစ်ပါတယ်။
စည်းကမ်းရှိမှ တိုးတက်မည်ဆိုတဲ့ဆောင်ပုဒ်လေးတောင် ရှိပါတယ်။ ပညာတွေ ဘယ်လောက်တတ်တတ် အပြော အဆို အနေအထိုင် ဘယ်လောက်တတ်နေပါစေ စိတ်စည်းကမ်းမရှိရင်တော့ ကျီးအားသီးလိုလူမျိုး ဖြစ်နေမှာဘဲဖြစ်ပါတယ်။
လောကီနယ်ပယ်မှာ နေထိုင်နေသမျှ ကာလပတ်လုံး ဘ၀လက်တွဲဖော် ရွေးချယ်ကြတဲ့အခါမှာလည်း မိမိ ကိုယ်တိုင်က စိတ်စည်းကမ်းမရှိဘဲ မိမိနဲ့လက်တွဲမည့်သူက စိတ်စည်းကမ်း ရှိနေရင်ဖြစ်စေ၊ မိမိလက်တွဲ ဖော်က အ၀တ်အစား အသွားအလာ အနေအထိုင် စည်းကမ်းမရှိဘဲ မိမိကိုယ်တိုင်က အ၀တ်အစား အသွား အလာ အနေအထိုင် စည်းကမ်းရှိနေရင်ဖြစ်စေ ပြသာနာတစ်ခုဘဲဖြစ်ပါတယ်။ ဒါကြောင့် အိမ်ရာတည် ထောင်လူဘောင်တွင် နေထိုင်နေသမျှ ကာလပတ်လုံး မိမိရဲ့ဘ၀လက်တွဲဖော်ကို ရွေးချယ်မည်ဆိုလျှင်ဖြင့် မိမိနဲ့စိတ်သဘောထားတိုက်ဆိုင်ပြီး စိတ်ထားကောင်းမွန်သူကိုသာ ရွေးချယ်သင့်ပါတယ်။ ကျွန်တော်ကတော့ ဘ၀မှာ ပစ္စည်းဥစ္စာ ပညာတွေထက် စိတ်ထားကောင်းမွန်ပြီး မွန်မြတ်သန့်စင်တဲ့ စိတ် စည်းကမ်းရှိသူကို ပိုပြီးလေးစားတန်ဖိုးထားပါတယ်။အထက်ဖော်ပြပါ ဆရာတော်ကြီးရဲ့ စည်းမျဉ်း (၁၀)ချက် စလုံးနဲ့ ကိုက်ညီအောင်နေနိုင်တဲ့သူကတော့ဖြင့် ဘ၀မှာအတော်ဆုံးနဲ့ နေနည်းအမှန်ဆုံးသူဘဲ ဖြစ်ပါတယ်။

0 comments:
Post a Comment