စုံစီနဖာ သတင်းထုတ်ပြန်ခြင်း။
စိတ်ရဲ့အီနီးရှား ကို
စိတ်နှစ်ထားခိုက်မှာ
အဝေးက
ခန္တီစ၊ တပေါစ ဆိုတဲ့
မနိုင်လို့ သည်းခံခြင်းနဲ့
မရှိလို့ ခြိုးခြံခြင်းများ
နားထဲ တိုးဝင်လာဆဲခဏ။
အချိန်လေးရလို့
အချိန်လေးရလို့
သမိုင်း ကြောင်းထဲ
လျှောက်လှမ်းနေစဉ် ။
အနားကပ်ပြီး
လာပြောသွားတာက
မယား(၇)မျိုး မှာ
ကျွန်မျိုးဖြစ်တဲ့ မယားကိုယူတဲ့
ဒါလည်း မသဲမကွဲ။
သာဓုခေါ်ဖို့
တယောက်တည်း ခပ်ပြင်းပြင်းတီးနေပေါ့။
ပြီးတော့မလားဆိုပြီး
စောင့်နေခိုက်
မထိတထိ ကလိ ကလိ။
ဒီလိုနဲ့ ငါ
ခြေထောက်သန်တဲ့နေရာလေး မှာပဲ
ကျိန်စာသင့်ခဲ့ပေါ့။
နောက်ဆုံးတော့
နားအေးပါးအေး
နားအေးပါးအေး
တကယ့်ကို
မသိချင်တော့ဘူး။

0 comments:
Post a Comment