ဇာတ်ကောင်နဲ့ ကလောင်
အထင်မကြီးပါနဲ့
ကားဝယ်စီးနိုင်ဖို့နေနေသာသာ
ခြေဗလာမဖြစ်စေဖို့
သဲကြိုးရယ် မပြတ်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။
အထင်မကြီးလိုက်ပါနဲ့
တိုက်တာနဲ့နေနိုင်ဖို့နေနေသာသာ
အမိုးအကာ ဒေါင်းချာစိုင်းမသွားစေဖို့
မုန်တိုင်းရယ်မလာပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။
အထင်မကြီးပါနဲ့
ဟိုတယ်စာလှမ်းနိုင်ဖို့နေနေသာသာ
ဗိုက်ဗလာမဖြစ်စေဖို့
ကန်စွန်းရယ် ဈေးမတက်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။
အထင်မကြီးပါနဲ့
ကွန်ပျူတာသုံးနိုင်ဖို့နေနေသာသာ
စာကဗျာပြတ်တောက်မသွားစေဖို့
ဘောပင်ရယ်မှင်မကုန်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။
အထင်မကြီးပါနဲ့
overseas သွားနိုင်ဖို့နေနေသာသာ
မြို့ထဲကိုတစ်လတစ်ခါလောက်ထွက်နိုင်အောင်
လိုင်းကားရယ်ဈေးမတက်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။
ငါ့ကဗျာနဲ့ ငါ့စာမှာ
ကားတွေအကြောင်းပါခဲ့ရင်
တိုက်တွေအကြောင်းပါခဲ့ရင်
ဟိုတယ်စာနဲ့ ကွန်ပျူတာ
overseas အကြောင်းဖတ်မိရင်
အဲဒါ ငါ့ကိုယ်တွေ့လို့ မထင်မှတ်လိုက်ပါနဲ့ ။
ဇာတ်ကောင်ဟာ ဇာတ်ကောင်
ကလောင်ဟာ ကလောင်
တူသယောင်နဲ့ကွဲ
ဖြူမယောင်နဲ့ မဲနေကြတာတွေ
လောကမှာ အပုံကြီးရှိတယ် ။
ကားဝယ်စီးနိုင်ဖို့နေနေသာသာ
ခြေဗလာမဖြစ်စေဖို့
သဲကြိုးရယ် မပြတ်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။
အထင်မကြီးလိုက်ပါနဲ့
တိုက်တာနဲ့နေနိုင်ဖို့နေနေသာသာ
အမိုးအကာ ဒေါင်းချာစိုင်းမသွားစေဖို့
မုန်တိုင်းရယ်မလာပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။
အထင်မကြီးပါနဲ့
ဟိုတယ်စာလှမ်းနိုင်ဖို့နေနေသာသာ
ဗိုက်ဗလာမဖြစ်စေဖို့
ကန်စွန်းရယ် ဈေးမတက်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။
အထင်မကြီးပါနဲ့
ကွန်ပျူတာသုံးနိုင်ဖို့နေနေသာသာ
စာကဗျာပြတ်တောက်မသွားစေဖို့
ဘောပင်ရယ်မှင်မကုန်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။
အထင်မကြီးပါနဲ့
overseas သွားနိုင်ဖို့နေနေသာသာ
မြို့ထဲကိုတစ်လတစ်ခါလောက်ထွက်နိုင်အောင်
လိုင်းကားရယ်ဈေးမတက်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။
ငါ့ကဗျာနဲ့ ငါ့စာမှာ
ကားတွေအကြောင်းပါခဲ့ရင်
တိုက်တွေအကြောင်းပါခဲ့ရင်
ဟိုတယ်စာနဲ့ ကွန်ပျူတာ
overseas အကြောင်းဖတ်မိရင်
အဲဒါ ငါ့ကိုယ်တွေ့လို့ မထင်မှတ်လိုက်ပါနဲ့ ။
ဇာတ်ကောင်ဟာ ဇာတ်ကောင်
ကလောင်ဟာ ကလောင်
တူသယောင်နဲ့ကွဲ
ဖြူမယောင်နဲ့ မဲနေကြတာတွေ
လောကမှာ အပုံကြီးရှိတယ် ။
( သူငယ်ချင်းများနှင့်စကားဝိုင်းသို့ အမှတ်တရ )



0 comments:
Post a Comment