* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 4, 2010

ကုသိုလ်အမှု ရအောင်ပြု

+ ကုသိုလ်အမှု တစ်ခုခုကို
ရ,အောင်ပြုသူ အာဂလူ။

+ ရှင်တော်ဘုရား၊ ဟောတရားကို
သိတိုင်းမှတ်သား၊ ကျင့်ဆောင်ငြားက
ချီးမွမ်းထိုက်သူ အာဂလူ။

+ ခုခါကာလ၊ လူ့လောကဝယ်
လောဘ ဒေါသာ၊ မိုက်မောဟာနှင့်
မာနဣဿာ၊ မစ္ဆေရာတို့
နေ့တိုင်းညတိုင်း၊ ခါ မဆိုင်းဘဲ
အမြဲတောက်လျှောက်၊ မီးလျှံတောက်၏။

+ အမိုက်မှောင်ကြီး၊ ဖိကာစီးလည်း
အလင်းရောင်ကို၊ မရှာလိုဘူး
မှောင်မိုက်ကိုသာ၊ နှစ်သက်စွာဖြင့်
ခုထက်ပိုကဲ၊ အတင့်ရဲ၏။

+ ခုခါကာလ၊ လူ့လောကဝယ်
ကုသိုလ်အမှု၊ တစ်ခုခုကို
ရ,အောင်ပြုသူ အာဂလူ။

ဦးဝိမလ
လောကချမ်းသာ စနေနေ့တရားပွဲ
၃-ဧပြီ-၂၀၁၀
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP