* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 24, 2010

နားလည်ပေးပါ ကလေးရယ်

လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာရတဲ့ အကြောင်းရင်းရည်ရွယ်ချက် သုံးချက် ရှိပါတယ်။ ဘာတွေလဲဆိုရင် သံသရာမှာ နစ်မွန်းနေကြတဲ့ သတ္တဝါတွေအားလုံး လောကီ၊ လောကုတ္တရာနှစ်ဖြာမှာ အစီးအပွါးတွေဖြစ်စေဖို့ ၊ လောကီ၊ လောကုတ္တရာနှစ်ဖြာ ချမ်းသာခြင်းတွေ ရရှိစေဖို့ ရယ်နဲ့ သနားကရုဏာတော်ကြီးမားစွာ သတ္တဝါတွေကို စောင့်ရှောက် လမ်းညွန်ပြသပေးဖို့ ဆိုပြီးတော့ သုံးချက်ပါ။

လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း မြင့်မြတ်လှတဲ့ ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့ပုံ၊ ဘုရားဖြစ်လာတဲ့အခါမှာလည်း နေ့မအား၊ ညမအား သတ္တ္တဝါတွေကို တရားဓမ္မများ လမ်းညွန်ပြသပေးပြီး ချမ်းသားခြင်းအစစ်သို့ရောက်အောင် ပြုလုပ်ပေးခဲ့ပုံစတဲ့ သာဓကတွေကို သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ဘုရားရှင်ရဲ့ ရည်ရွယ်ချက်တွေဟာ သိသိသာသာပဲ ပေါ်လွင်၊ ထင်ရှားလာမှာ ဖြစ်ပါတယ်။

ဘုရားရှင်ဟာ ဒီလိုအကောင်းဆုံး၊ အမြင့်မြတ်ဆုံး ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတာတောင်မှ ဘုရားရှင်နဲ့ ခေတ်ပြိုင်ဆန့်ကျင်ဘက်ဝါဒပြုလုပ်သူတွေဟာ ပုံစံအမျိုးမျိုးနဲ့  ရှိလို့နေခဲ့ပါတယ်။ သူတို့ တွေဟာ ဘုရားရှင် သက်တော်ထင်ရှား ရှိနေဆဲ ကာလနဲ့ မရှိစဉ်ကာလမှာရော ဘုရားရှင်နဲ့ ၊ ဘုရားရှင်လမ်းညွှန်ထားတဲ့ ချမ်းသာကြောင်းတရားတွေကို အမျိုးမျိုးတိုက်ခိုက် စော်ကားနေတာ တော်တော်များများ တွေ့ရပါတယ်။

အဲဒီလိုပုဂ္ဂိုလ်တွေဟာ ချမ်းသာခြင်းအစစ်တွေကို မရလိုသူ၊ ငြိမ်းအေးခြင်းအစစ်တွေကို မမြတ်နိုးသူ၊ နစ်မွန်းနေဆဲ သံသရာဝဲဂယက်ထဲမှာပဲ ဆက်လက်ပြီးတော့ နေချင်နေသူ၊ အစစ်မှန်တရားတွေကို နားလည်ပြီး၊ ပိုင်ဆိုင်ထားတဲ့သူတွေကို သူတို့ အတွက် မယ်မယ်ရရ အကျိုးမရှိဘဲနဲ့  သက်သက်မနာလို ဖျက်စီးလိုသူ၊ ဘုရားရှင်ရဲ့ နည်းလမ်းကောင်းတွေကိုလည်း ကျင့်ဖူးဖို့ နေနေသာသာ၊ သိအောင်ပင်မလုပ်ဖူးသူများသာ ဖြစ်တယ်လို့ ဘ၀ကို အေးအေးချမ်းချမ်း ပိုင်ဆိုင်ချင်ကြသူများအနေနဲ့  ယူဆမိမှာ သေချာပါတယ်။

ကိုယ်ကျိုးအတ္တသဘောများ ရှေ့တန်းတင်၊ ပူလောင်မှုများစွာ ခံစားပြီးတော့ ဒီလိုလုပ်ရပ်များကို အချိန်ကုန်ခံ လိုက်လုပ်မနေသင့်ပါဘူး။ တကယ်ဆိုရင် မိမိရော၊ တပါးသူပါ ငြိမ်းအေးစေနိုင်တဲ့ အလောဘတရားတွေ၊

ကိုယ်ဒေါသဖြစ်နေတဲ့သူကို အသာထားလိုက်ပါဦး၊ အရင်ဆုံး ကိုယ့်ရဲ့စိတ်သန္တန်ကို ပူလောင်စေနိုင်တဲ့ ဒေါသတရားတွေကို ရှောင်ကြဉ်ပြီး၊ မေတ္တာတရားတွေ သက်ဝင်နေတဲ့ အဒေါသတရားတွေ။

ပြီးတော့ မသိမိုက်မဲခြင်း၊ တွေဝေခြင်းတွေဖြစ်စေတဲ့ မောဟတရားတွေကို နည်းနိုင်သမျှ နည်းအောင်လုပ်ပြီး အရာရာမှာ သံသယကင်းစွာ သိစေနိုင်မယ့် အမောဟတရားတွေကိုသာ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာ ဘာသာဆိုင်းဘုတ်များ အသာချကာ လူတိုင်းလူတိုင်း ကြိုးစားလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒီလိုမှသာ ကိုယ်စီကိုယ်စီ ဆင်းရဲခြင်းတွေကင်းဝေးပြီးတော့ ချမ်းသာမှုအပေါင်း သရဖူဆောင်းကြရမှာ အသေချာပါပဲ။
(မီးပျက်သွားပါတယ်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP