* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 24, 2010

“ကဗျာတို ပေစများ(၁)”

Posted 7:41 AM by ကိုနော in Labels:

မှတ်စုစာအုပ်ထဲရှိနေတဲ့ အတိုအစများကို မျှဝေလိုက်ပါတယ်…..ကဗျာဆရာများကိုတော့ အလွန်အကျွံအား
နာမိပါသည်။
ဤစာသားများကို ဘယ်ဆရာရေးသော,ဘယ်ကဗျာထဲက မှန်းမသိတော့ချေ…ဗာရာဏသီ ကိုနောက
တော့ တင်ပြလိုက်ချေပြီတည့်…။ကဗျာဆရာနဲ့ မူရင်းကဗျာများကို တင်ပြပေးကြပါက အလွန်အကျွံနှစ်ပြန်
ကျေးဇူးတင်ပါမည်..။

တစ်ပုဒ်နဲ့တစ်ပုဒ် ဘာမှမဆိုင်ဘူးနော်….။လှလွန်းလို့ပါ…။
(၁)
တောအုပ်ဖြစ်ခွင့် မပေးချင်နေ,
ရှင်သန်ကြီးထွားခွင့်သာ
ညီညီမျှမျှ ရွာချစေချင်တယ်….။

(၂)
ဘ၀နာပေမယ့်
လသာတဲ့ညမို့ ရင်ခုန်တယ်…။

(၃)
ကြယ်တွေ မရိုးမရွ
ကောင်းကင်ကျိုးကျတော့မယ်
မြေကြီးကို ရွှေ့ထားရင် ကောင်းမလား…?
(၄)
တွေ့ဆုံချိန် ကာလနည်းပေမယ့်
အပြစ်ရှာစရာ အနာက မရှိလေတော့
ချစ်လာတာ ကိုယ့်အပြစ်လားကွယ်….(ဟီ..ဟီ)
(၅)
ချစ်မိသူတိုင်း အစပိုင်းမှာ လူမသိ သူမသိရူးကြတယ်…
အဆုံးမှာတော့ လူသိ သူသိ ရူးကြတယ်…။(အမွန်)

(၆)
အလွမ်းချစ် ပန်းအဖြစ် ပွင့်ခဲ့ရင်တောင် မနမ်းဝံ့ပါဘူး…။

(အဟက်..အဟက်..အက်အက်...အက်...တစ်မျိုးတော့ မထင်ကြေးနော်...)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP