* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 24, 2010

ဗောဓိလမ်း

No Comments

အ၀ိဇ္ဇာက

ဘ၀ကို ဆေးခြယ်

လက်သည်ဖော်မရအောင်

စစ်မှန်မှုတရားတွေကို သော့ခတ်

ဘ၀ဇာတ်ဆရာဗျာများရလေအောင်

လမင်းကို အမှောင်ထဲမှာနှစ်

ညစ်ပတ်မှုမာယာတွေနဲ့

အရာအားလုံးကို လှည့်ဖြား

အမှားကို အမှန်ထင်ရလေအောင်

ဘောင်ခတ်ကာ နယ်ရုပ်လိုကစား

ဒီတော့ ဘ၀ဟာ

တပ်မက်မှုသံစဉ်တွေနဲ့ ကခဲ့ပေါ့။

တဏှာက

ဘ၀ကို ချပ်ရပ်လှပစွာ ၀တ်ပြ

တသသဖြစ်နေတဲ့ ဘ၀ကို

အလွမ်းဆေးတွေ တိုက်ကျွေး

ဆွေးမြေ့နေတဲ့တပ်မက်မှုတွေကို

ဥပါဒါန်ရေတွေနဲ့ သောက်ချ

ဘယ်အခါမှ မပြီးခဲ့တဲ့ ဇာတ်ညွှန်းကိုရေး

တစ်မှေးအိပ်စက်ဖို့

မေ့နေတဲ့ ဘ၀ဟာ

အ၀ိဇ္ဇာသံစဉ်အောက်

တဏှာကကြိုးတွေနဲ့ မှောက်ပေါ့။

နောက်ဆုံးတော့

ဘ၀ဟာ အ၀ိဇ္ဇာကို ဒူးထောက်

တဏှာကို အရှင်သခင်တင်

ဝန်ခံမှုကို ဖြောင့်ချက်ပေး

ရင်အေးမဲ့ ဆေးတစ်ပြားရဖို့

ဘ၀များစွာကို အရည်ဖျော်

ရွှေပြည်တော် မျှော်လေတိုင်း ဝေးဆိုသလို

တွေးကြည့်ရင်

ဘ၀ဟာ

သူတို့ပြုသမျှ နုခဲ့ရပေါ့။

ဒါပေမယ့်လေ

ဒီတစ်ခါတော့

ဘ၀များစွာထဲက

တစ်မိပေါက်တစ်ယောက်ထွန်းဆိုသလို

အလောင်းတော်သိဒ္ဓတ္ထကို မွေးဖွား

များသတ္တ၀ါချမ်းသာစေဖို့

ဘ၀တွေကို အရင်းတည်

အသွေးတော်ကို

သမုဒ္ဒရာမှာထည့်

အသားတော်တောင်လိုပုံ

ခိုင်လုံတဲ့ ပါရမီတော်ကို မွေး

နောက်ဆုံးအ၀ိဇ္ဖာအမှောင်ကို ဖြတ်

တဏှာလက်သမားကို သတ်ပြီးတော့

သန္တိသုခပလ္လင်ထက်

သတ္တ၀ါကောင်းကျိုးအတွက်

မိန့်မြွက်ခဲ့ တရားဘာဝနာ

အဲ့ဒါ

ဗောဓိလမ်းစဉ်ပေါ့။

မဂဓ ဓမ္မ

(အဖွဲ့ပဉ္စမနှစ်ပတ်လည်စာစောင်မှ ပြန်လည်ဖော်ပြပါသည်။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP