* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 24, 2010

ကံတရားဆိုတာ ဘယ္မွာရွိပါသလဲ။

မြန်မာလူမျိုး (ဗုဒ္ဓဘာသာဝင်) ဆိုတာ ရတနာသုံးတန်နှင့် ကံ၊ ကံရဲ့အကျိုးတရားကို သက်ဝင် ယုံကြည် ကြပါတယ်။ ဘယ်လောက်ထိ ကံကို ယုံကြည်သလဲဆိုရင် ဘာပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် “ကံအတိုင်းပါပဲ”လို့ ပြောကြတဲ့ အထိပါ။ ဒီလောက်အရေးပါတဲ့ ကံအကြောင်းကို အနည်းဆုံး အတော်အသင့်တော့ နားလည်ထားသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ ကံနှင့် ပတ်သက်တာတွေကို ဒီဘလော့ဂ်မှာ တင်ထားဖို့ စိတ်ကူးရလာခဲ့ပါတယ်။ ဒါနဲ့ ဆရာတော်ကြီး ဦးသေဋ္ဌိလရဲ့ “The Essential Themes of Buddhist Lectures” ထဲက ကံနှင့်သက်ဆိုင်တဲ့ “ကံဟူသည်၊ နိယာမ၊ ကံအမျိုးမျိုး၊ ကိုယ့်သဘောနှင့်ကိုယ်၊ ကံတရားပေးတဲ့ သင်္ခန်းစာတွေ” ဆိုတဲ့ ခေါင်းစီးတွေကို ဘာသာပြန်တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်မင်းသား ဂျက်လီရဲ့ ကိုယ်ရေးအကျဉ်းနှင့် သူ့အမြင် ဖြစ်တဲ့ “Our Actions Determine Our Destiny” ကိုပါ ဘာသာပြန်တင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်း မကောင်း စသည့် စာဖတ်ပရိတ်သတ်ရဲ့ အမြင်ကိုတော့ များများ သိခွင့်မရပါ။ ဘယ်လိုပဲ ဖြစ်ပါစေ၊ သိချင်နေကြသူတွေအတွက် ကံအကြောင်းပို့စ်လေးတွေရဲ့ အဆက်အဖြစ် A Manual of Buddhism စာအုပ်မှ Where is Kamma ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်။

“အရှင်ဘုရား၊ ကံတရားဆိုတာ ဘယ်မှာ ရှိပါသလဲဘုရား” မိလိန္ဒမင်းက ရှင်နာဂသေန (ရှင်နာဂသိန်) အား မေးလျှောက်တော်မူသည်။

ရှင်နာဂသိန်က ဖြေကြားတော်မူသည်မှာ “အို မင်းတရားကြီး၊ ကံတရားကို ဤတဒင်္ဂသာဖြစ်သည့် ဝိညာဏ် (စိတ်) ၌သော်လည်းကောင်း၊ ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းတစ်ခုခု၌သော်လည်း သိုမှီး သိမ်းဆည်းထားသည် မဟုတ်ပေ။ သို့သော်လည်း ရုပ်နှင့်နာမ်တို့အပေါ်တည်မှီပေ၏။ ၎င်းသည် အခွင့် ရသည့် အခိုက်အတန့်၌ ဖြစ်ပေါ်၏။ သရက်သီးသည် သရက်ပင်၏ တစ်နေရာရာ၌ သိုမှီးထားသည်ဟု မဆိုရပဲ သရက်ပင်ကို တည်မှီလျှက် သင့်လျှော်သောရာသီ၌ ပေါ်ထွက်လာသကဲ့သို့ ဖြစ်ပေ၏။

လေ သို့မဟုတ် မီးကို တစ်စုံတစ်ခုသော သီးသန့်နေရာ၌ သိုမှီးသိမ်းဆည်း မထားသကဲ့သို့ ထို့အတူပင်လျှင် ကံတရားကို ခန္ဓာကိုယ်၏ အတွင်း သို့မဟုတ် အပြင်၌ သိုမှီးသိမ်းဆည်း မထားပေ။ ကံတရားဟူသည် တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းပေးသည့် သီးခြားစွမ်းအင်တစ်ခုသာလျှင် ဖြစ်ပေ၏။”

Narada Thera, “Where is Kamma, A Manual of Buddhism”, Publication of the Buddhist Soceity, Malaysia, 1995 ကို ဘာသာပြန်ပါသည်။


ဘုန်းဉာဏ်
(ခေတ္တ) ဆမ်ဘားဝမ်၊ စင်္ကာပူ
၂၃၊၀၄၊၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP