ဖရဲသီးရောင်းနေခဲ့ရ အကောင်းသား
တစ်နှစ်တစ်တန်း
နှစ်နှစ်တစ်တန်း
စသဖြင့်ဖြတ်သန်းရင်း
အထက်တန်းကျောင်းကိုရောက်ခဲ့ပေါ့ ။
ဘွဲ့ကောင်းရင် အလုပ်ကောင်းသတဲ့
အလုပ်ကောင်းရင် ဝင်ငွေကောင်းသတဲ့
ဝင်ငွေကောင်းရင် ကောင်းသတဲ့
ကောင်းသတဲ့ ကောင်းသတဲ့
ဘွဲ့ကောင်းရရင် အေးပြီပေါ့ ။
တက္ကသိုလ်ကြီးကို အပြုံးနဲ့ပေါက်
ဘွဲ့လက်မှတ်လေးကို အသာကောက်
နိုင်ငံခြားထိ ထွက်ပြီးရောက်
အလုပ်ကောင်းကောင်း ရွေးပြီးလျှောက်
တပ်ခေါက်ပြန်ခဲ့ရတာလည်းအခါခါ
ရင်းထားရတာလည်း မနည်းမနောပါ ။
တစ်ခါတစ်ခါလည်း တစ်ထိတ်ထိတ်
ဖရဲသီးရောင်းတဲ့သူလောက်မှမနိပ်
ဝယ်သူမရှိရင် အသာလေးစိပ်
ကိုယ့်ဘာသာကိုယ် စားပြီးအိပ်
ကဲ- မနိပ်ပေဘူးလား ။
ခုတော့ဖြင့် မထူးတော့ပါ
ဖရဲသီးရောင်းဖို့လည်း စိတ်မကူးသာ
သတင်းစာတွေသာ ဝယ်ဝယ်ဖတ်
အလုပ်လျှေက်လွှာတွေ ဟိုသည်ထပ်
ဂါထာတော်တွေ နာနာရွတ်
မိဘ ကျေးဇူးဆပ်ရလို ။
ဟော- အလုပ်ရပါပြီ
အေးပြီလို့ ထင်ခဲ့သမျှ
မှားလေစွ မှားလေစွ
pressure တွေကများမှများ
နားရချိန်ကလည်းရှားမှရှား
မခံသာနိုင်တော့ ဒေါသပွါး
ဖရဲသီးဆီရောက်ရောက်သွား
စာတွေသင်ခဲ့မိတာ မှားမှမှား
ဖရဲသီးရောင်းနေခဲ့ရ အကောင်းသား ။
နှစ်နှစ်တစ်တန်း
စသဖြင့်ဖြတ်သန်းရင်း
အထက်တန်းကျောင်းကိုရောက်ခဲ့ပေါ့ ။
ဘွဲ့ကောင်းရင် အလုပ်ကောင်းသတဲ့
အလုပ်ကောင်းရင် ဝင်ငွေကောင်းသတဲ့
ဝင်ငွေကောင်းရင် ကောင်းသတဲ့
ကောင်းသတဲ့ ကောင်းသတဲ့
ဘွဲ့ကောင်းရရင် အေးပြီပေါ့ ။
တက္ကသိုလ်ကြီးကို အပြုံးနဲ့ပေါက်
ဘွဲ့လက်မှတ်လေးကို အသာကောက်
နိုင်ငံခြားထိ ထွက်ပြီးရောက်
အလုပ်ကောင်းကောင်း ရွေးပြီးလျှောက်
တပ်ခေါက်ပြန်ခဲ့ရတာလည်းအခါခါ
ရင်းထားရတာလည်း မနည်းမနောပါ ။
တစ်ခါတစ်ခါလည်း တစ်ထိတ်ထိတ်
ဖရဲသီးရောင်းတဲ့သူလောက်မှမနိပ်
ဝယ်သူမရှိရင် အသာလေးစိပ်
ကိုယ့်ဘာသာကိုယ် စားပြီးအိပ်
ကဲ- မနိပ်ပေဘူးလား ။
ခုတော့ဖြင့် မထူးတော့ပါ
ဖရဲသီးရောင်းဖို့လည်း စိတ်မကူးသာ
သတင်းစာတွေသာ ဝယ်ဝယ်ဖတ်
အလုပ်လျှေက်လွှာတွေ ဟိုသည်ထပ်
ဂါထာတော်တွေ နာနာရွတ်
မိဘ ကျေးဇူးဆပ်ရလို ။
ဟော- အလုပ်ရပါပြီ
အေးပြီလို့ ထင်ခဲ့သမျှ
မှားလေစွ မှားလေစွ
pressure တွေကများမှများ
နားရချိန်ကလည်းရှားမှရှား
မခံသာနိုင်တော့ ဒေါသပွါး
ဖရဲသီးဆီရောက်ရောက်သွား
စာတွေသင်ခဲ့မိတာ မှားမှမှား
ဖရဲသီးရောင်းနေခဲ့ရ အကောင်းသား ။
ဘဝအမောကို ဟာသနှော၍ ရင်းနှီးစွာ ပြောပြခဲ့သူသို့ ရည်ညွှန်းပါသည်။
ရေမြေမရွေး၊ ရာသီချိန်ခါမရွေး ၊ ပေါက်ရောက်နိုင်သော သဘာဝပေါက်ပင်၏
အမည်မှာ "ဒုက္ခပင်" မဟုတ်ပါလော။
မသိလို့လိုချင် ၊ လိုချင်တော့ ပြုလုပ်၊ ပြုလုပ်တော့ရရှိ၊ ရလာသည့်အရာအာလုံး
ဒုက္ခသနပ်ခါးတုံးတွေပါပဲ။
ဖရဲသီးသည်ကအစ သမ္မတရာထူးအဆုံး အဲဒီဒုက္ခသနပ်ခါးတုံးနဲ့
ကင်းနိုင်တဲ့သူ ဘယ်သူရှိမှာတဲ့လဲ။
စားနေဝတ် ချွေးနံ့နံနေသမျှတော့ လိမ်းနေကြရဦးမှာပဲပေါ့.။
( တေသံ ဝူပသမော သုခေါ )




0 comments:
Post a Comment