ရောင်ခြည်တော်
ဦးခေါင်းတော်မှထွက်၍အထက်ဦးထိပ်၌အစုဖြစ်၍ထင်းရှားသောအရောင်တော်အစုသည်ကေတုမာလာမည်
၏ဟုဆိုကြ၏။ထိုကိုပုံသဏ္ဌာန်ပေါ်အောင်ယခုခေတ်ဆင်းတုတော်များ၏ဦးထိပ်တော်၌စုနေသောအရောင်ပုံ
ကိုထုလုပ်ကြ၏။သို့သော်ထိုအရောင်ပုံသည်များသောအားဖြင့်ဆံပင်တော်အရောင်ကဲ့သို့ညိုမှောင်နေရကား
တချို့က`ယောင်ပုံ=ယောင်ထုံးပုံ´ဟုထင်မှားကြလေသည်။ထိုသို့မထင်မှားရလေအောင်ဦးထိပ်တော်၌
အရောင်အ၀ါစုနေပုံကိုပြလျှင်သာ၍သဘာဝကျပေလိမ့်မည်။(ပါရာဇိကဏ်ဘာသာဋီကာ-၁-၂၂၁)
ကိုနော
၇.၄.၂၀၁၀


0 comments:
Post a Comment