သင်္ကြန်ပွဲ
ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ခင်ဗျာ....
ကျွန်တော်များ ကပုန်းဘုန်းတော်ကြီးကျောင်းတွင်
နှစ်စဉ်ကျင်းပမြဲဖြစ်သော
မြန်မာနှစ်ကူးအတာရေသဘင်ပွဲတော်
ဒုလ္လဘရဟန်းခံပွဲ နှင့်
စတုဒိသာကျွေးမွေးပွဲများကို
တစ်ဖက်ပါအစီအစဉ်အတိုင်း
ဆင်ယင်ကျင်းပမည်ဖြစ်ပါသောကြောင့်
စေတနာရှင် မြန်မာဗုဒ္ဓဘာသာသူတော်စင်များ
လာရောက်ကြည်ညိုသဒ္ဓါပွါးများနိုင်ရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။
နေရာ
ကပုန်းကျောင်း
No. 19, Jalan 38
Desa Jaya, Kepong 52100, KL
ဖုန်း - ၀၁၇ ၂၇၄၃၆၆၅
အစီအစဉ်
၁၃၊ ၄၊ ၂၀၁၀ (အင်္ဂါနေ့) ညနေ ငါးနာရီ ဒုလ္လဘရဟန်းလောင်းဆံချပွဲ
၁၄၊ ၄၊ ၂၀၁၀ (ဗုဒ္ဓဟူး)
နံနက် ၁၀ နာရီ ဒုလ္လဘရဟန်းသိမ်ဆင်း
နံနက် ၁၀း၃၀ နာရီ ပရိသတ်များဆွမ်းထမင်းဖြင့်ဧည့်ခံ
အလှူရှင်များ
၁၃၊ ၄၊ ၂၀၁၀ (အင်္ဂါနေ့) နေ့ ၁ နာရီ တရားဟော
SINH LIN မှ မြန်မာလူငယ်များ
၁၄၊ ၄၊ ၂၀၁၀ (ဗုဒ္ဓဟူးနေ့) နေ့ ၁ နာရီ တရားဟော
ကိုဝင်းရွှေနှင့် သူငယ်ချင်းများ
၁၅၊ ၄၊ ၂၀၁၀ (ကြာသပတေးနေ့) နေ့ ၁ နာရီ တရားဟော
အရုဏ်ဆွမ်း ကိုဇေယျာ
နေ့ဆွမ်း - ကိုဇော်လင်းထက် (မိုးယံ ကာရာအိုကေနှင့် စားသောက်ဆိုင်) ညီမ ဇင်မေလွင်
၁၆၊ ၄၊ ၂၀၁၀ (သောကြာနေ့) နေ့ ၁ နာရီ တရားဟော
အရုဏ်ဆွမ်း ကိုမောင်
နေ့ဆွမ်း - Sri Ehsan, Kepong လူငယ်များ
၁၇၊ ၄၊ ၂၀၁၀ (စနေနေ့) နေ့ ၁ နာရီ တရားဟော
တစ်နေ့တာအလှူရှင်
ဒေါ်ပြုံးပြုံးရီ (ရွှေမင်းသမီးစားသောက်ဆိုင်၊ (Shah Alam)
၁၈၊ ၄၊ ၂၀၁၀ (တနင်္ဂနွေနေ့) နေ့ ၁ နာရီ တရားဟော
အရုဏ် - Mr.Yap၊ မကြာအိ မိသားစု
နေ့ဆွမ်း - ဦးသက်ဆွေ၊ ဒေါက်တာစီလေး မိသားစု
ကြွရောက်လာကြကုန်သောဧည့်ပရိသတ်အပေါင်းတို့အား
မုန့်ဟင်းခါး၊ မုန့်လုံးရေပေါ်၊ ကြာဇံဟင်းခါး၊ ဆွမ်းထမင်းတို့ဖြင့်
တည်ခင်းဧည့်ခံကျွေးမွေါးမည်။

0 comments:
Post a Comment