* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 7, 2010

ပိတောက်ရင်ဖွင့်လွှာအမှတ် ၁/၁၃၇၁

တစ်နှစ်မှာမှ ၊ တစ်ကြိမ်ကျ ၊ ပွင့်ခွင့်ငါတို့ရကြတယ် ။
ပိတောက်သစ္စံ ၊ အချိန်မှန် ၊ သြဘာသံလည်းရခဲ့တယ် ။
ငါတို့ကလည်း ၊ ချိန်မှန်မြဲ ၊ မလွဲရအောင်ပွင့်ခဲ့တယ် ။
ခုတော့ဖောက်ပြန် ၊ ရက်မမှန် ၊ ဝေဖန်သံတို့ရခဲ့တယ် ။

ပွင့်ရက်မှန်ရေး ၊ ဒို့အရေး ၊ မတွေးဘယ်မှာရှိပါမယ် ။
တွေးသာတွေးလျက် ၊ အပွင့်ခက် ၊ ပွင့်ရက်မမှန်ဖြစ်ရတယ် ။
ဒီလိုဖြစ်ရ ၊ တို့ဘဝ ၊ သင်တို့သိအောင်ပြောပြမယ် ။

သင်တို့လူသား ၊ လောဘပွါး ၊ ကမ္ဘာ့ဓာတ်များကုန်တော့မယ် ။
ရေနံဓာတ်ငွေ့ ၊ ရသရွေ့ ၊ နေ့နေ့ညညတူးကြတယ် ။
သစ်တောသစ်ပင် ၊ မလန်းရွှင် ၊ နေ့စဉ်အမျှခုတ်ကြတယ် ။

မြစ်ကိုပိတ်ဆို့ ၊ ချောင်းကိုဆို့ ၊ သင်တို့ထင်တိုင်းကြဲကြတယ် ။
စက်ရုံမျိုးစုံ ၊ မီးခိုးပုံ ၊ အာရုံနောက်ဖို့ကောင်းလှတယ် ။
ကြီးငယ်လက်နက် ၊ ဖောက်ခွဲချက် ၊ သွေးပျက်စရာကောင်းတော့တယ် ။

ဒီလိုနဲ့ပဲ ၊ ဓာတ်ဖောက်လွှဲ ၊ ရေခဲအရည်ပျော်တော့တယ် ။
အိုဇုန်းလွှာလဲ ၊ ခံနိုင်ပဲ ၊ ပေါက်ပြဲလာခဲ့ရတော့တယ် ။
မိုးလေမမှန် ၊ ဥတုဒဏ် ၊ အံကြိတ်ခံကြတော့တယ် ။

ဆူနာမီဘေး ၊ နာဂစ်ဘေး ၊ ဘေးဆိုးကြီးတွေကြုံတော့တယ် ။
မြစ်ရေကြီးခြင်း ၊ မြေပြိုခြင်း ၊ သတင်းဆိုးတွေပုံတော့တယ် ။
လောဘဒေါသ ၊ အာဃာတ ၊ မုချအကျိုးဖြစ်တော့တယ် ။
ငါတို့အတွက် ၊ အပွင့်ခက် ၊ ချိန်းရက်မမှန်ဖြစ်တော့တယ် ။

အိုအိုလူများ ၊ သတိထား ၊ တောင်းပန်စကားဆိုပါ့မယ် ။
လောဘဒေါသ ၊ လျှော့ပါမှ ၊ သဘာဝကြီးညီညွတ်မယ် ။
သင်တို့လူသား ၊ မေတ္တာများ ၊ အားလုံးပုံမှန်ဖြစ်လိမ့်မယ် ။

တစ်နှစ်မှာမှ ၊ တစ်ကြိမ်ကျ ၊ ပွင့်ခွင့်ငါတို့ရကြတယ် ။
ပိတောက်သစ္စံ ၊ အချိန်မှန် ၊ ပန်ဆင်နိုင်ခွင့်ပေးချင်တယ် ။
အိုအိုလူများ ၊ သတိထား ၊ တောင်းပန်စကားဆိုရတယ်။

လူ့လောဘဒေါသမှ အရင်းတည်လာသော သဘာဝဘေးဆိုးများကို
ပိတောက်တို့တစ်တွေလည်း ခံစားနေကြရပါ၏ဟူလို။
ပိတောက်မှန်မှန်ပွင့်ပါစေခလို ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP