* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 7, 2010

ကော်ဖီတစ်ခွက်၊ မေးခွန်းတခုနဲ့ ဘလော့ဘ်ဂါသုံးဦး တွေ့ဆုံခြင်း

ပုံသေမဟုတ်သော်လည်း လာနေကျအတိုင်း အတက်အကျမူမမှန်မှုတွေနဲ့ ပူတဲ့ရာသီကတော့ ခန္ဓာကိုယ်ကို နှိပ် စက်ဖို့ ရောက်လာခဲ့ပြီ။ အပူဒဏ်ကို အန်တုရင်း မီးလာတဲ့အချိန်လေးမှာ အလောတကြီးတင်လို့ရတဲ့ ပို့စ်တွေ များရာကနေ တဖြည်းဖြည်း နည်းနည်းလို့ ဖြစ်လာရပြီ။ အိမ်နီးချင်နိုင်ငံဖြစ်နေလို့လား မသိဘူး။ မီးကလဲ ထုံးစံအတိုင်း လာချင်လာမယ် မလာချင် မလာဘူး မှန်ချင်မှ မှန်မယ်ဆိုတဲ့ အစားထဲကပဲ။

စိတ်ကူးတဲ့လို့ ဂုရုကြီး ကိုနောတို့ ဂုရုဂျီး ဓမ္မဂင်္ဂါတို့ (ကိုယ့်ကိုယ်ကို ပြန်ချီးမြှင့်ထားတဲ့ဘွဲ့ထူးတွေနဲ့ ခံ့ခံ့ညားညား ဖြစ်နေသူတို့) ပို့စ် အသစ်မတင်တဲ့အချိန်လေးမှာ လာဖတ်သူများအဆင်ပြေအောင် တရက်ကို ၂ ပုဒ် ၃ပုဒ် ပို့စ် တင်နိုင်အောင် အတွေးတွေကို ဖြစ်ညှစ်လို့ တင်ဖြစ်ပါတယ်။

တစ်ရက်တော့ ဂငယ်သုံးလုံးက စကားပြောရအောင် လာခဲ့ပါဆိုတာနဲ့ သူ့တောရသို့ ရောက်ဖြစ်ပါတယ်။ ဟိုရောက်တော့ (ဂရဂ)ဂိုဏ်းဝင် ကိုနောကလည်း အဆင်သင့်တွေ့ရလို့ အင်း ဒီနေ့တော့ ကော်ဖီတခွက် တိုက်ပြီး (သူတို့ကိုယ်တိုင်ဖျော်တဲ့ ကော်ဖီတော့မဟုတ်) လေမျောရမယ့်သူ ငါကိုယ်တိုင်ဖြစ်တော့မယ် လို့ တွေးမိလေရဲ့။ တပည့်မွေးရတာကြာလို့ထင်ပ ဆရာမွေး တော်တဲ့ ကိုရီဝေတို့ ကိုရှမ်းလေးတို့က အဆင်သင့် တွေ့လိုက်ရတယ်။

နမတ်စတေး နမတ်စကား အပြန်အလှန်နှုတ်ဆက်ကြရင်း ဧည့်သည်လာရင် ဧည့်ဝတ် ကျေပွန်လွန်းတဲ့ တောရဆိုတော့ ကိုယ်ထိုင်မယ့် ထိုင်ခုံ ကိုယ့်ကိုယ်ကို ဆွဲယူထိုင်လိုက်ရတယ်။ တောရဆိုတော့ တောရအင်္ဂါနဲ့ ညီညွတ်လေတော့ နေချင်စရာ သဘောကျစရာလေးပါ။

အိန္ဒိယထုံးစံကတော့ ကျရေဆိုင်သွားရင် အသင့်ဖျော်ထားတဲ့ လဘက်ရည်ကို မြေခွက်နဲ့လာပေးသလို တောရရောက်တော့ ကော်ဖီဖျော်လိုက်မယ်တဲ့။ မြန်မာပြည်မှာကတော့ ကော်ဖီလား တီးလား စသည်ဖြင့် နောက်ဆက်တွဲ အခေါ်အဝေါ် အကြိုက်အလိုက်တွေလောက် ဒီမှာက မရှိဘူး။

ကော်ဖီသောက်လို့ တ၀က်ကျိုးတော့ မေးမယ်နော်တဲ့ ကိုနောက။ ဘာမေးမှာတုန်းဆိုတော့ တနေ့ကို နှစ်ပုဒ် သုံးပုဒ်ရေးနေတာ ဘယ်ကအတွေးက ဘယ်လိုပေါ်လာလို့ တနေ့ တနေ့ အများကြီးထွက်နေတာတုန်းတဲ့။ ဘလော့ဘ်ရေးနေတာ ရှဲဒိုးရေးနေတာလားပေါ့။ ဂုရုဂျီးတို့ စာတွေစောင့်ဖတ်ရတာကလည်း တနေ၀င်အောင် စောင့်နေရတော့ စိတ်က မရှည်ချင်ဘူး။ ဒါတောင် ရက်ကျော်တာတွေလည်း ရှိသေးတယ်။ ဒါတွေအားမရတာ ရယ် လာဖတ်သူတွေလည်း ကောင်းမကောင်း ကြိုက် မကြိုက် ဆိုတာထက် လာရင် ဖတ်စရာအသစ်တစ်ခု လောက် ရှိစေချင်တာနဲ့ အတွေးသစ်ကလေးတွေ တွေးဖြစ်ရင် ရေးမှတ်ထားတာတွေကို ပြန်ဆက်စပ်ပြီး ပို့စ်အသစ်တင်ဖြစ်တာပါလို့ ပြန်ဖြေဖြစ်တယ်။

အဲ့ဒီလို အမေးခံပြီး နောက်ပိုင်း အတွေးတွေ အ သွားသလားမသိဘူး။ ရေးစရာကို ထွက်မလာတော့ဘူး။ ခုတော့လည်း ကိုနောရဲ့စာတွေလည်း ဖတ်နေရပြီ။ ဂင်္ဂါကြီးရဲ့စာတွေလည်း ဖတ်နေရပြီ။ ၀မ်းသာစရာပေါ့။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP